• English
Monday, June 16, 2025
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

“ဒီမိုကရေစီ မရမချင်း ဆန္ဒပြမှု အရေးမှာ ပါဝင်သွားမယ်”လို့ ဥက္ကာမင်းမောင် ဆို

by ချစ်ပိုး
3 February 2021
in Entertainment
A A
သရုပ်ဆောင် ဥက္ကာမင်းမောင် / Okkar Min Maung's Facebook

သရုပ်ဆောင် ဥက္ကာမင်းမောင် / Okkar Min Maung's Facebook

36.2k
VIEWS
Share on FacebookShare on Twitter

၂၀၂၁ မှာ ဒီမိုကရေစီ ရဖို့ ၈၈ အရေးအခင်းလို ပြည်သူတွေရဲ့ အသက်တွေ၊ သွေးတွေရင်းပြီး တိုက်စရာ မလိုဘူးလို့ သရုပ်ဆောင် ဥက္ကာမင်းမောင်က သူ့ရဲ့ Facebook စာမျက်နှာမှာ ရေးသားထားပါတယ်။

“၂၀၂၁ မှာ ဒီမိုကရေစီ ရဖို့ ၈၈ အရေးအခင်းလို ပြည်သူတွေရဲ့ အသက်တွေ၊ သွေးတွေ ရင်းပြီး တိုက်စရာ မလိုဘူး။ တပ်မတော်ဆိုတာ တပ်မတော် နေရာမှာ နေတာပဲ ကောင်းတယ်။ တပ်မတော်သည် နိုင်ငံနဲ့ ပြည်သူကို ကာကွယ်ဖို့။ လက်နက်အားကိုးနဲ့ ပြည်သူတွေကို ဖိစီး နှိပ်စက်ဖို့ မဟုတ်။ ဒီနိုင်ငံ (အမေရိကန်) မှာ စစ်တပ်နဲ့ စစ်သားတွေကိုဆို လူတွေ တန်ဖိုးထားကြတာ”

RelatedPosts

တနင်္သာရီမြို့

တနင်္သာရီမြို့

15 June 2025
255
သာလိကာ သမ္မတ

သာလိကာ သမ္မတ

14 June 2025
333
စစ်ထောက်လှမ်းရေး ဝါဒဖြန့် မြရာပင် မှ မြန်မာတိုင်းမ် ဆီသို့

စစ်ထောက်လှမ်းရေး ဝါဒဖြန့် မြရာပင် မှ မြန်မာတိုင်းမ် ဆီသို့

9 June 2025
5.9k

“အာဏာရှင်စနစ် ကြီးစိုးရင် မြန်မာပြည်မှာ နှစ်တွေကြာလာရင် စစ်တပ်နဲ့ ပက်သက် ဆက်နွယ်သော မိသားစုကလွဲလို့ တခြားပြင်ပကလူတွေ တပ်မတော်ဆို ရွံရှာ မုန်းတီးမှာတောင် စိုးရတယ်။ ပြည်သူတွေ ဆင်းရဲသထက် ဆင်းရဲလာပြီး လူတစုနဲ့ သူတို့ သားစဉ်မြေးဆက်ပဲ ပိုပို ချမ်းသာလာမယ်။ သူတို့အတွက်ပဲ ဘဝတက်လမ်း အခွင့်အလမ်းတွေ ရှိပြီး သန်းပေါင်းများစွာသော ပြည်သူတွေ မျှော်လင့်ချက်ပျောက်၊ အနာဂတ် မဲ့မယ်။ အဲ့ဒီအတွက် ကျနော်တို့အားလုံး သွေးစည်းစွာ လုပ်ဆောင်ရမယ်”လို့ ဥက္ကာမင်းမောင်က ပြောပါတယ်။

ဒီမိုကရေစီ ပြန်မရမချင်း ဒီအရေးမှာ ပါဝင်သွားမယ်လို့ ဥက္ကာမင်းမောင်က ဆိုပါတယ်။

သရုပ်ဆောင် ဥက္ကာမင်းမောင် (ဓာတ်ပုံ – Okkar Min Maung’s Facebook)

“အခုခေတ်မှာ ဒီမိုကရေစီ ပြန်ရဖို့ ဘယ်သူ့ မိသားစုမှလည်း ပြိုကွဲစရာ မလိုဘူး။ ဒီနေ့ဟာ မတရားမှုကို မခံနိုင်တဲ့ အဝေးရောက် မြန်မာတွေရဲ့ သွေးစည်း ညီညွတ်မှုကို ပြသခြင်းပဲ။ လူတွေရဲ့ အမုန်းတရားတွေ၊ မကျေနပ်ခြင်းတွေ၊ ဒေါသတွေ၊ ကိုယ်လုပ်ချင်တာ ကိုယ်လုပ်လို့ရတယ်ဆိုတဲ့ အာဏာအလွဲသုံးစားလုပ်မှုတွေကို ငြိမ်ခံ မနေနိုင်တဲ့ ပြည်သူတွေရဲ့ စိတ်ခံစားချက်တွေကို တကမ္ဘာလုံးမှာရှိတဲ့ လူသန်းပေါင်းများစွာ အကုန်မြင်ပါစေ။ မတရားခံရမှုတွေ အကုန်မြင်ပါစေ။ ဒါဟာ အစပဲရှိသေးတယ်”

“နောက်လည်း ငြိမ်းချမ်းစွာ ဆန္ဒသွားပြနေဦးမှာပဲ။ ကိုယ်ဘယ်အပိုင်းကပဲ ပါဝင်ရ ပါဝင်ရ၊ ဒီမိုကရေစီ ပြန်မရမချင်း ဒီအရေးမှာ ပါဝင်မယ်။ ကျနော် အသက်ကြီးသွားလို့ အတိတ်ကို ပြန်လှည့်ကြည့်တိုင်း ဒီအရေးမှာ ငါချစ်တဲ့ တိုင်းပြည်နဲ့ လူမျိုးအတွက် မတရားတာကို ငြိမ်ခံနေပြီး ကိုယ်နဲ့ မဆိုင်သလို ဖာသိဖာသာ နေခဲ့တယ်ဆိုပြီး နောင်တ မရချင်ဘူး။ ငါသည် အုတ်တချပ် သဲတပွင့်၊ အသံတသံ၊ အင်အားတခု အနေနဲ့ ကိုယ်တတ်စွမ်းနိုင်တဲ့ဘက်က ပါဝင်ခဲ့တယ်ဆိုပြီး ဂုဏ်ယူနေချင်တယ်”လို့ဥက္ကာမင်းမောင်က ပြောပါတယ်။

အပေါ်ယံလေး လုပ်ပြီး ဖော်လံဖား သွေးကြောင် ကြောက်လန့်နေမယ့် အထဲမှာ မပါဝင်ဘူးလို့ ဥက္ကာမင်းမောင်က ဆိုပါတယ်။

“တချို့လူတွေ ရေးကြသလို မင်းလို အခြောက်က မိန်းမလို မိန်းမရနဲ့ အေးချမ်း ဘေးထွက်နေစမ်းပါကွာ ဆိုတိုင်း သွေးကြောင် ကြောက်လန့်နေမယ့်အထဲ ကျနော်မပါဘူး။ မကြောက်တတ်လို့ ကိုယ့် တရားဝင် အကောင့်မှာ ကိုယ်တိုင်ရေးပြီး ပေါ်တင် တင်တယ်။ ဘာကြောင့်လဲဆို နောက် မျိုးဆက် အဆက်ဆက် စစ်အာဏာရှင် လက်ထက်မှာ မကြီးပြင်းဖို့၊ Freedom ဆိုတာ လူသားတိုင်း ရရှိ ပိုင်ဆိုင်သင့်တဲ့ အခွင့်အရေး ဖြစ်တဲ့အတွက် ကျနော် သတ္တိရှိစွာပဲ ပေါ်တင် ဆန္ဒဖော်ထုတ်နေမှာပါ”

“ကျီးလန့်စာ စားတဲ့နေ့တွေ ကုန်ခဲ့ပြီ။ အနုပညာရှင်တယောက်အနေနဲ့ ဒီလို ကိစ္စတွေ ပါဝင်တာ Risk များမှန်းသိပေမယ့် ဂရုမစိုက်ဘူး။ မတရားတာကို လက်ပိုက် ကြည့်မနေနိုင်လို့ နောက်လည်း သွားဦးမှာပဲ။ အပေါ်ယံလေး လုပ်ပြီး ဖော်လံဖား နေမယ့်ထဲမှာလည်း ကျနော် မပါဘူး။ ဒေါသထွက်လွန်းလို့ မျက်ရည်ကျရတယ်”လို့ ဥက္ကာမင်းမောင်က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ ဖမ်းဆီးခံရသူများအားလုံး ကျန်းမာ ဘေးကင်းဖို့ ဥက္ကာမင်းမောင်က ဆုတောင်းပေးထားပါတယ်။

နယူးယောက်မှာ ဆန္ဒပြခဲ့တဲ့ ဥက္ကာမင်းမောင် (ဓာတ်ပုံ – Okkar Min Maung’s Facebook)

“ဒီကနေ့ နယူးယောက်မြို့က UN Headquarter ရှေ့မှာ သွေးချင်း ညီအစ်ကို မောင်နှမများနဲ့အတူ ပါဝင် ဆန္ဒပြခဲ့တဲ့ အမှတ်တရပုံလေးတွေ၊ တနေ့တော့ အမေစုနဲ့ တခါလောက်တော့ ဆုံဖူးချင်သား။ တခါမှ အပြင်မှာ မတွေ့ ဖူးဘူး။ စစ်အာဏာရှင်စနစ် ကျဆုံးပါစေ။ အမေစုနှင့်တကွ ဖမ်းဆီးခံရသူများအားလုံး မြန်မာပြည်မှ ၇ ရက် သားသမီးများအားလုံး ကျန်းမာဘေးကင်းပါစေ”လို့ သရုပ်ဆောင် ဥက္ကာမင်းမောင်က ဆိုပါတယ်။

You may also like these stories:

“စစ်အာဏာရှင်စနစ်ကို လုံးဝ ဆန့်ကျင် ရှုတ်ချပါတယ်”လို့ ဥက္ကာမင်းမောင် ပြော

အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း ဖော်ပြခဲ့ကြတဲ့ အနုပညာရှင်များ

“အာဏာသိမ်းမှုကို လက်မခံဘူး”ဆိုတဲ့ အဆိုတော် ချမ်းချမ်းနှင့် အင်တာဗျူး

Your Thoughts …
Tags: စစ်တပ်ဒီမိုကရေစီဒေါ်အောင်ဆန်းစုကြည်အာဏာရှင်စနစ်ဥက္ကာမင်းမောင်
ချစ်ပိုး

ချစ်ပိုး

ဧရာဝတီ

Similar Picks:

ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်ဝင်းထဲသို့ ရွှေ့

ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်ဝင်းထဲသို့ ရွှေ့

by ဧရာဝတီ
15 May 2024
31.2k

ဒေါ်အောင်ဆန်းစုကြည်အား အကျဉ်းထောင်မှ နေပြည်တော်တိုင်း စစ်ဌာနချုပ်လက်အောက်ခံ အမှတ် (၆) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၆) ဝင်းအတွင်းရှိ အဆောက်အဦသို့ မကြာသေးမီရက်ပိုင်းက ပြောင်းရွှေ့လိုက်ကြောင်း သိရသည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.3k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

by ဝေမင်းထွန်း
28 February 2024
27.4k

မြန်မာစစ်တပ်၏ "ခေါင်း"ကို မုချပြောင်းရမည် ဖြစ်၏။ မည်သို့အစားထိုးမည်နည်း။

အတွက်မှားခဲ့ကြတဲ့ အာဏာသိမ်း စစ်ဗိုလ်ချုပ်များ

အတွက်မှားခဲ့ကြတဲ့ အာဏာသိမ်း စစ်ဗိုလ်ချုပ်များ

by ဥသြ
1 February 2025
26.6k

စစ်အာဏာသိမ်းတာကို ပါဝင်အကောင်အထည်ဖော် ဦးဆောင်ခဲ့ကြတဲ့ အရာရှိ ၂၀ လောက်မှာ ခြောက်ဦးသာ နေရာမြဲခဲ့ပါတယ်။

နွေဦးတော်လှန်ရေး လုံးပါးပါးသွားနိုင်သည့် အန္တရာယ် ရှိသည်

နွေဦးတော်လှန်ရေး လုံးပါးပါးသွားနိုင်သည့် အန္တရာယ် ရှိသည်

by ဇုန်းရိန်
27 July 2023
22.8k

စစ်ကောင်စီတွင် နွေဦးတော်လှန်ရေးကို အင်အားချိနဲ့သွားစေနိုင်လောက်သော လှည့်ကွက်ဗျူဟာ ရှိနေသည်ကို သတိထားသင့်ပါသည်။

ရွှေဘုန်းပွင့်၊ ခရိုနီ ဂိုဏ်းချုပ် နဲ့ အာဏာသိမ်း စစ်ခေါင်းဆောင်

ရွှေဘုန်းပွင့်၊ ခရိုနီ ဂိုဏ်းချုပ် နဲ့ အာဏာသိမ်း စစ်ခေါင်းဆောင်

by စိုင်းခမ်းယွမ်း
26 May 2025
20.4k

အခု လက်ရှိ လက်နက်ကိုင် စစ်ကောင်စီ တပ်နဲ့ သေအတူ ရှင်မကွဲ ဆက်ပြီး ပေါင်းနေတဲ့ ခရိုနီ ကြီးငယ်လတ်တွေ ထဲမှာတော့ ခရိုနီ ဂိုဏ်းချုပ်ကြီးလို့ အခေါ်ခံရတဲ့ ဦးအောင်ကိုဝင်းပဲ ဖြစ်ပါတယ်။

Next Post
ဈေးကွက်အတွင်း ဒေါ်လာလဲလှယ်နေမှု / ဧရာဝတီ

မြန်မာကျပ်ငွေတန်ဖိုး ဆက်တိုက် ကျဆင်း

ဂီတအစည်းအရုံးအား ကန့်ကွက်ကြတဲ့ အနုပညာရှင်များ

မြန်မာနိုင်ငံ ဂီတအစည်းအရုံးအား ဂီတအသိုင်းအဝိုင်းမှ ကန့်ကွက်မှု ပြုလုပ်

No Result
View All Result

Recommended

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

5 days ago
5.7k
တော်လှန်ရေးတပ်ဖွဲ့တွေ ၈၀ ရာခိုင်နှုန်း နယ်မြေပိုင်စိုးသတဲ့လား

တော်လှန်ရေးတပ်ဖွဲ့တွေ ၈၀ ရာခိုင်နှုန်း နယ်မြေပိုင်စိုးသတဲ့လား

4 days ago
4.9k

Most Read

  • မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

    မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

    shares
    Share 0 Tweet 0
  • တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    shares
    Share 0 Tweet 0
  • အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

    shares
    Share 0 Tweet 0
  • တက်စ်လာ အင်ဂျင်နီယာဟောင်း တဦး လျှို့ဝှက် အချက်အလက် ခိုးယူမှု နဲ့ တရားစွဲ ခံရ

    shares
    Share 0 Tweet 0
  • မြောက်ပိုင်းလမ်း ပြန်ပွင့်မှာလား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate