• English
Tuesday, May 20, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

နိုင်ငံရေးဖြစ်စဉ်အပေါ် စစ်တပ်အသိုင်းအဝိုင်းမှာ ကြီးပြင်းခဲ့သူ နေခြည်ဦး ရေးတဲ့စာ

by ယုဖြူဟန်
3 February 2021
in Entertainment
A A
Beauty Blogger နေခြည်ဦး   / Nay Chi Oo's Facebook

Beauty Blogger နေခြည်ဦး / Nay Chi Oo's Facebook

26.1k
VIEWS
Share on FacebookShare on Twitter

လတ်တလော လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ဝေဖန်မှုများစွာ ခံနေရတဲ့ Beauty Blogger နေခြည်ဦးကတော့ လက်ရှိ နိုင်ငံရေးဖြစ်စဉ်အပေါ် စစ်တပ် မိသားစုမှာ ကြီးပြင်းလာရသူ တယောက်အနေနဲ့ သူ့ရဲ့ခံယူချက်ကို ပြောပြခဲ့ပါတယ်။

“ကျမသည် စစ်တပ် မိသားစု Background မှ ကြီးပြင်းလာသူ ဖြစ်ပါသည်။ သို့ရာတွင် ယခု ပြည်သူ့ဆန္ဒကို မျက်ကွယ်ပြုသည့် နိုင်ငံတော် ပုန်ကန်မှုတွင် ပါဝင် ပတ်သတ် ထောက်ခံမှုပြုသော မည်သူတဦးတယောက်ကိုမဆို ဆန့်ကျင် ရှုတ်ချပါသည်” လို့ နေခြည်ဦးက ပြောပါတယ်။

RelatedPosts

မဟာ အလက်ဇန္ဒား

မဟာ အလက်ဇန္ဒား

18 May 2025
761
အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

17 May 2025
1.4k
ဂုန်းနိုင်ငံရေး

ဂုန်းနိုင်ငံရေး

17 May 2025
518

ဆက်လက်ပြီး “ကျမသည် နိုင်ငံသားတဦး၏ ရပိုင်ခွင့်ဖြင့် မဲပေးထားသော ၂၀၂၀ ရွေးကောက်ပွဲတွင် မျှမျှတတဖြင့် အနိုင်ရရှိခဲ့သော မိမိတို့ ခေါင်းဆောင်နှင့် အစိုးရအဖွဲ့ကိုသာ လက်ခံပါမည်။ ကျမသည် အစိုးရဝန်ထမ်းတဦး မဟုတ်သော်လည်း Civil Disobedience ပြုလုပ်၍ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ကြသော ပြည်သူ့ဝန်ထမ်း အင်ဂျင်နီယာများ၊ ပြည်သူ့ဝန်ထမ်း ဆရာဝန်များ၊ ပြည်သူ့ဝန်ထမ်း ဆရာ/ဆရာမများနှင့် အနယ်နယ် အရပ်ရပ်မှ အခြား‌သောဌာနဆိုင်ရာ ပြည်သူ့ဝန်ထမ်းများနှင့် အတူတကွ ရပ်တည်သွားပါမည်” လို့ ပြောပါတယ်။

အဆိုပါ စာများကိုတော့ “Lets Pray for Myanmar”, “I Support Civil Disobedience Movement” စာသားများပါရှိတဲ့ အနီရောင် Logo ပုံနဲ့ တင်ထားတာ ဖြစ်ပါတယ်။

ဒီပို့စ်ရဲ့အောက်မှာတော့ နေခြည်ဦးက သူ့အဖေကိုလည်း အခုလို ပြောခဲ့ပါသေးတယ်။

Beauty Blogger နေခြည်ဦး (ဓာတ်ပုံ – Nay Chi Oo’s Facebook)

“ဖေဖေ၊ သမီး ဖေဖေ့ကို အရမ်းချစ်တယ်။ စစ်သား သားသမီး၊ ဖေဖေ့သမီး ဖြစ်ရတာာလည်း သမီးဘယ်တော့မှ မသိမ်ငယ်ခဲ့ရဘူး။ အခုလည်း သမီး မသိမ်ငယ်ဘူး ဖေဖေ။ မိသားစုအပေါ် ဖခင်ကောင်းတယောက်အဖြစ် ပေးဆပ်ခဲ့တာတွေ၊ ရပ်တည်ပေးခဲ့တာတွေ၊ သမီး ကျေးဇူးပြန်ဆပ်လို့ မကုန်ပါဘူး။ မဲပေးကတည်းက သမီး ကိုယ်ပိုင်လွတ်လပ်ခွင့်နဲ့ ပေးပါလို့ ပြောခဲ့တဲ့ ဖေဖေ့ကို သမီးက လေးစားပြီးသားပါ”

“သမီး စစ်တပ်ကိုလည်း မမုန်းဘူး။ စစ်သားတွေကိုလည်း မမုန်းဘူး ဖေကြီး။ အမှန်တရားနဲ့ တရားမျှတမှုကို အမြန်ဆုံး ပေါ်ပေါက်စေချင်လို့၊ အနိုင်ကျင့်ခံတာတွေ၊ Bully လုပ်တာ ခံနေရတာတွေကို သမီး ကိုယ်ချင်းစာလွန်းလို့ သမီးရဲ့စကား၊ သမီးရဲ့အသံကို သမီး သတ္တိရှိရှိနဲ့ ဖော်ပြလိုက်တာပါ။ သမီးကို နားလည်ပေးပါ ဖေကြီး” လို့ နေခြည်ဦးက ပြောထားပါတယ်။

နေခြည်ဦးရဲ့ အခုလို ရပ်တည်မှုအတွက် Makeup Artist မေဦး၊ မော်ဒယ် ပိုင်တံခွန်နဲ့ သရုပ်ဆောင် ဥက္ကာမင်းမောင်တို့ကလည်း အားပေးခဲ့ကြပါတယ်။

နေခြည်ဦးရဲ့ Facebook အကောင့်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ပြီး Follower အရေအတွက် ၁၄ သိန်းကျော်ကနေ တရိပ်ရိပ် ကျဆင်းခဲ့ကာ အခုဆို Follower ၁၃ သိန်းကျော်ပဲ တွေ့ရပါတော့တယ်။

You may also like these stories:

လက်ရှိအခြေအနေနဲ့ ပတ်သက်ပြီး Myanmar Media 7 မှ ကိုဝေမင်းမောင်ရဲ့ ပြောစကား

မြန်မာနိုင်ငံ ဂီတအစည်းအရုံးအား ဂီတအသိုင်းအဝိုင်းမှ ကန့်ကွက်မှု ပြုလုပ်

“ဒီမိုကရေစီ မရမချင်း ဆန္ဒပြမှု အရေးမှာ ပါဝင်သွားမယ်”လို့ ဥက္ကာမင်းမောင် ဆို

Your Thoughts …
Tags: Beauty Bloggerစစ်တပ်နေခြည်ဦး
ယုဖြူဟန်

ယုဖြူဟန်

ဧရာဝတီ

Similar Picks:

ရှောင်လင်ခရိုနီ သူဋ္ဌေးကြီးရဲ့ ညစာ

ရှောင်လင်ခရိုနီ သူဋ္ဌေးကြီးရဲ့ ညစာ

by ကြာဖက်နှင်း
7 April 2024
14.7k

စစ်တပ်က ကြီးကြီးမာစတာဟု ခေါ်သော ဗိုလ်ချုပ် အထက်တွေ အားလုံး သူ့ရဲ့ အိတ်ကပ်ထဲမှာ။ ညနေခင်း ဆိုလျှင် ဂေါက်ရိုက်နေကြ။ ပြီးလျှင် ဈေးကြီးကြီး ဝီစကီ ပုလင်းတွေ ထောင်ကြ။ Louis 13 ဆိုလား။

ဆိုရှယ် မီဒီယာမှာ ပြန်ပေါ်လာသည့် ခရိုနီ ဂုရုကြီး ဆရာကျောင်း

ဆိုရှယ် မီဒီယာမှာ ပြန်ပေါ်လာသည့် ခရိုနီ ဂုရုကြီး ဆရာကျောင်း

by ဧရာဝတီ
19 May 2024
11.5k

ဘီလီယံနာ အငြိမ်းစား တယောက် ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ဂေါက်သွား ရိုက်တာ မဆန်း။ အဲဒီထဲမှာ မြန်မာပြည်က သူဌေးကြီး ဦးအောင်ကိုဝင်းလည်း ပါသည်။

စစ်တပ်လိုလားသူ အမာခံများ တရုတ်ခရီးစဉ်မှာ ပါ

စစ်တပ်လိုလားသူ အမာခံများ တရုတ်ခရီးစဉ်မှာ ပါ

by မောင်ကဝိ
24 July 2024
10.6k

USDP ကိုယ်စားလှယ်တွေမှာ စစ်ကောင်စီအမာခံ သဘောထားတင်းမာသူတွေလို့ ထင်ရှားသူတွေ ပါဝင်ပါတယ်။

နိုင်ငံတော် သံဃနာယကအဖွဲ့ဝင် ဆရာတော် ပစ်ခတ်ခံရ၍ ပျံလွန်တော်မူ

နိုင်ငံတော် သံဃနာယကအဖွဲ့ဝင် ဆရာတော် ပစ်ခတ်ခံရ၍ ပျံလွန်တော်မူ

by ဧရာဝတီ
19 June 2024
10.5k

ဆရာတော်ကြီး၏ ရုပ်ကလပ်ကို ပဲခူးမြို့သို့ ပြန်လည် သယ်ဆောင်ရန် တာဝန်ရှိသူများက ခွင့်မပြု၍ ဆရာတော် တချို့နှင့် အချေအတင် ဖြစ်ခဲ့သော်လည်း နောက်ပိုင်းတွင် စစ်ကောင်စီက ပဲခူးမြို့သို့ ပြန်လည် သယ်ယူခွင့်ပြုလိုက်ကြောင်း သိရသည်။

ဒုချုပ် မုံရွာခရီးစဉ်အပြီး ဘုတလင်ဒေသခံတို့ ရက်စက်စွာ အသတ်ခံရ

ဒုချုပ် မုံရွာခရီးစဉ်အပြီး ဘုတလင်ဒေသခံတို့ ရက်စက်စွာ အသတ်ခံရ

by ဧရာဝတီ
21 October 2024
9.6k

မကြာသေးမီ အောက်တိုဘာ ၁၄ ရက်က စစ်ကိုင်းတိုင်း မုံရွာမြို့ရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) သို့ အာဏာသိမ်း ဒုစစ်ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း လာရောက်ခဲ့သည့် ခရီးအစဉ်အပြီး အောက်တိုဘာ ၁၇ ရက် (သီတင်းကျွတ်လပြည့်နေ့)...

လူမဆန်တဲ့ လက်ထုတ္တောရွာ လူသတ်ပွဲ

လူမဆန်တဲ့ လက်ထုတ္တောရွာ လူသတ်ပွဲ

by ဧရာဝတီ
23 May 2024
9.1k

ဒီလို အဖြစ်ဆိုးကြီးနဲ့ ကြုံရတဲ့ လက်ထုတ္တောရွာခံတွေအဖို့ အရာရာကို မျက်စေ့သူငယ် နားသူငယ်နဲ့ ကြောက်ရွံနေပြီး အမြဲတမ်းစိုးရိမ်ပူပန်မှုကြီးတခု သူတို့ ရင်ထဲမှာ စွဲကပ်နေသလို ခံစားနေရပါတယ်။

Next Post
အဖမ်းဆီးခံ သမ္ဓတ ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည် / ဧရာဝတီ

ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့် တို့ကို အမှုဖွင့် တရားစွဲထား

တပ်မတော်မှ အာဏာသိမ်းပြီး ၃ရက်ကြာ မန္တလေးမြို့တွင်း သံချပ်ကာကားများဖြင့် အင်အားပြ လှည့်လည်နေစဉ် / ဇော်ဇော် / ဧရာဝတီ

အာဏာသိမ်းအစိုးရနှင့် အလုပ်သမားကိစ္စများ ညှိနှိုင်းမှုပြုလုပ်မည် မဟုတ်ဟု CTUM ကြေညာ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

1 week ago
7.4k
မျက်ရည်ကျရုံကလွဲလို့  ဘာမှမတတ်နိုင်ဘူး

မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

6 days ago
2.4k

Most Read

  • အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    shares
    Share 0 Tweet 0
  • အာဏာသိမ်းစစ်တပ်၏ ဗြောင်လိမ်ဗြောင်ညာ ဝါဒဖြန့်သူများ

    shares
    Share 0 Tweet 0
  • ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

    shares
    Share 0 Tweet 0
  • တရုတ်သမ္မတ ရှီနဲ့ မော်စကိုမှာတွေ့ပြီး မင်းအောင်လှိုင် သံတမန်ရေး အသာစီးရ

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate