စစ်အာဏာသိမ်းမှုကို ဖီဆန်ရာတွင် ပါဝင်နေကြသော အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်၊ ရုပ်ရှင်နှင့် ပြဇာတ်ဌာန (ရန်ကုန်၊ မန္တလေး) တို့မှာရှိတဲ့ ဆရာ၊ ဆရာမများအနေနဲ့ အလုပ်ထုတ်ခံရခြင်း ၊ တာဝန်မှ ရပ်ဆိုင်းခံရခြင်းများဖြစ်ခဲ့ပါက အတူလက်တွဲ လုပ်ကိုင်သွားဖို့အတွက် ဒါရိုက်တာ ဏကြီးက ဖိတ်ခေါ်ထားပါတယ်။
“အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်၊ ရုပ်ရှင်နှင့် ပြဇာတ်ဌာန (ရန်ကုန်/မန္တလေး) တို့မှ ဆရာ၊ ဆရာမများအနေဖြင့် Civil Disobedience ပြုလုပ်၍ အလုပ်ထုတ်ခံရခြင်း၊ တာဝန်မှ ရပ်ဆိုင်းခံရခြင်းများ ဖြစ်ခဲ့သည်ရှိသော် ကျနော်နဲ့ အတူတကွ လက်တွဲလုပ်ကိုင်ရန်အတွက် ဖိတ်ခေါ်ပါတယ်” လို့ ဒါရိုက်တာ ဏကြီးက ပြောပါတယ်။
ကိုယ်တိုင် ငွေကြေးအင်အား တောင့်တင်းတဲ့သူ မဟုတ်ပေမယ့် ရုပ်ရှင်ထုတ်လုပ်ရေး လုပ်ငန်းတခုတည်ထောင်ပြီး တနိုင်တပိုင် ရုပ်ရှင်ကားများကို စီစဉ် ရိုက်ကူးလျက်ရှိသူ တယောက် ဖြစ်ပါတယ်။
“ကျနော်သည် ငွေကြေးအင်အား တောင့်တင်းသူ မဟုတ်ပါ။ ရုပ်ရှင်ရိုက်ကူးသူ တဦးသာဖြစ်ပြီး ရုပ်ရှင်ထုတ်လုပ်ရေး လုပ်ငန်းတခု တည်ထောင်၍ တနိုင်တပိုင် ရုပ်ရှင်ကားများကို စီစဉ်ရိုက်ကူးလျက် ရှိပါတယ်” လို့ ဒါရိုက်တာ ဏကြီးက ပြောပါတယ်။
ရုပ်ရှင်ထုတ်လုပ်ရေးလုပ်ငန်း လုပ်ကိုင်တဲ့သူများကိုလည်း ဆရာ၊ ဆရာမများ၊ ရုပ်သံလိုင်း ဝန်ထမ်းများအတွက် တတ်နိုင်သလောက် ပါဝင်ကူညီကြဖို့အတွက် အကြံပြုထားပါတယ်။
“အခြားသော ရုပ်ရှင်ထုတ်လုပ်ရေးလုပ်ငန်း လုပ်ကိုင်သည့် မိတ်ဆွေများကိုလည်း ဆရာ၊ ဆရာမများ၊ ရုပ်သံလိုင်း ဝန်ထမ်းများအတွက် တတ်နိုင်သလောက် ပါဝင်ကူညီကြရန် အကြံပြုလိုပါတယ်။ ပုဂ္ဂလိကလုပ်ငန်းရှင်များ အနေဖြင့်လည်း မိမိတို့သက်ဆိုင်ရာ ကဏ္ဍမှ ဝန်ထမ်းများအတွက် အလုပ်အကိုင်အခွင့်အလမ်း အာမခံချက် ပေးနိုင်မှသာ Civil Disobedience က အောင်မြင်နိုင်မယ်လို့ ယူဆပါတယ်ခင်ဗျာ” လို့ ဒါရိုက်တာ ဏကြီးက ပြောပါတယ်။
အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး) ဆရာများသမဂ္ဂမှ ဖေဖော်ဝါရီလ ၃ ရက်နေ့က စစ်အာဏာရှင်များ၏ အာဏာသိမ်းမှုအပေါ် ပြင်းထန်စွာ ကန့်ကွက် ရှုတ်ချကြောင်း၊ စစ်တပ်၏ လုပ်ဆောင်သော မည်သည့်ကိစ္စကိုမဆို ပူးပေါင်းမည် မဟုတ်ကြောင်း သဘောထား ထုတ်ပြန်ခဲ့ပါတယ်။
You may also like these stories:
“အာဏာသိမ်းတာ နောင်လာမယ့် မျိုးဆက်ကို အများကြီး ရိုက်ခတ်နိုင်တယ်”
“မျိုးဆက်သစ်အတွက် ကျနော်တို့ လုပ်ရပ်တွေက တန်ဖိုးရှိပါတယ်”လို့ ဒေါင်း ဆို
မြန်မာနိုင်ငံတွင် ဝန်ဆောင်မှုများ ပိတ်ပင်ခံထားရကြောင်း Facebook အတည်ပြု