• English
Tuesday, May 13, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

မြန်မာပြည်သူတွေဘက်ကနေ ထောက်ခံလိုက်တဲ့ မင်းသမီး Michelle Yeoh

by မစ်ကီ
8 February 2021
in Entertainment
A A
မလေးရှား မင်းသမီး Michelle Yeoh

မလေးရှား မင်းသမီး Michelle Yeoh

9k
VIEWS
Share on FacebookShare on Twitter

လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ နိုင်ငံတကာမှာ နာမည်ကျော်ကြားသူတွေဟာ ဒီမိုကရေစီကို လိုလားတောင့်တာနဲ့ မြန်မာပြည်သူတွေနဲ့ တသားတည်းရှိကြောင်း ထုတ်ဖော်ပြသနေကြပြီး အဲ့ဒီလို ထုတ်ဖော်ခဲ့ကြသူတွေထဲမှာ မလေးရှားမင်းသမီး Michelle Yeoh လည်း ပါဝင်လာတာ တွေ့ရပါတယ်။

“Star Trek Discovery”, “Crazy Rich Asians”, “Crouching Tiger Hidden Dragon”, “Memoirs of A Geisha”, “James Bond Tomorrow Never Dies” စတဲ့ကမ္ဘာကျော် ရုပ်ရှင်တွေနဲ့ လူသိများတဲ့ မင်းသမီး Michelle က သူ့ရဲ့ ကိုယ်ပိုင် Instagram အကောင့်ကနေတဆင့် မြန်မာပြည်သူတွေကို ထောက်ခံ အားပေးကြောင်း ဖော်ပြခဲ့တာလည်း ဖြစ်ပါတယ်။

RelatedPosts

မြိတ်မြို့

မြိတ်မြို့

11 May 2025
490
ပုဂံ့ကျက်သရေ

ပုဂံ့ကျက်သရေ

10 May 2025
215
ငလျင်ကြောင့် ရာစုနှစ်ချီ သမိုင်းနှင့် ယဉ်ကျေးမှုအမွေအနှစ်များ အုတ်ပုံဖြစ်သွား

ငလျင်ကြောင့် ရာစုနှစ်ချီ သမိုင်းနှင့် ယဉ်ကျေးမှုအမွေအနှစ်များ အုတ်ပုံဖြစ်သွား

7 May 2025
759

ဖေဖော်ဝါရီလ ၇ ရက်၊ ညပိုင်းမှာ မင်းသမီးက လက်သုံးချောင်းထောင် သင်္ကေတနဲ့ ရိုက်ကူးထားတဲ့ ဓာတ်ပုံ တပုံကို သူ့ရဲ့ Instagram အကောင့်မှာ တင်ခဲ့ပါတယ်။ အဲ့ဒီဓာတ်ပုံရဲ့ ပုံစာမှာတော့ “ဒီမိုကရေစီနဲ့ မြန်မာပြည်သူတွေကို ကျမ အမြဲချစ်ပါတယ်” လို့ ရေးသားထားတာကို တွေ့ရပါတယ်။

Follower အရေအတွက် ၅ သိန်းကျော်ရှိတဲ့ သူ့ရဲ့ Instagram အကောင့်ကနေ တင်ခဲ့တဲ့ ဓာတ်ပုံမှာ မြန်မာနိုင်ငံသားတွေရော၊ တခြားနိုင်ငံက မင်းသမီးရဲ့ ပရိသတ်တွေကပါ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအရေး ထောက်ခံအားပေးမှုအတွက် ချီးကျူးကျေးဇူးတင်ကြောင်း ပြောဆိုထားတာကြတာကို တွေ့ရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့တုန်းက မြန်မာနိုင်ငံမှာဖြစ်ခဲ့တဲ့ အာဏာသိမ်းဖြစ်စဉ်တွေကြောင့် မြန်မာနိုင်ငံအပေါ် နိုင်ငံတကာမှ ပြည်သူတွေရဲ့ အာရုံစိုက်မှုကို ခံထားရပါတယ်။ အဲဒီ တချိန်တည်းမှာပဲ မင်းသမီး Michelle က ဒေါ်အောင်ဆန်းစုကြည်အဖြစ် သရုပ်ဆောင်ထားတဲ့ “The Lady” ရုပ်ရှင်ထဲက ကမ္ဘာကျော် ဇာတ်ဝင်ခန်းဓာတ်ပုံ တချို့ဟာ ဆိုရှယ်မီဒီယာတွေပေါ်မှာ တဖန် ပျံ့နှံ့လာခဲ့ပါတယ်။

ထိုင်းနိုင်ငံသားတွေ အသုံးပြုတဲ့ ဆိုရှယ်မီဒီယာ အကောင့်တွေမှာ ၂၀၁၁ ခုနှစ်တုန်းက အဲ့ဒီရုပ်ရှင်ထဲက ဇာတ်ဝင်ခန်းတခုရဲ့ ဓာတ်ပုံကို အသုံးပြုပြီး “မြန်မာနိုင်ငံမှ စစ်အာဏာသိမ်းမှုပုံစံ အားလုံးကို ရှုတ်ချပါကြောင်း၊ ဒီမိုကရေစီမှာ နယ်စည်း မရှိကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ကယ်တင်ပေးရန်” တောင်းဆိုကြတဲ့ ပို့စ်တွေ တရှိန်ထိုး ပျံ့နှံ့ခဲ့ပါတယ်။

ရုပ်ရှင်ထဲက ဇာတ်ကောင် ဒေါ်အောင်ဆန်းစုကြည်ကို စစ်သားတွေက သေနတ်တွေနဲ့ ချိတ်ထားတဲ့ ဓာတ်ပုံကို ပြင်သစ်နဲ့ ဗီယက်နမ်သတင်းစာတွေက မြန်မာနိုင်ငံက အာဏာသိမ်းမှုအကြောင်း ဖော်ပြရာမှာ အသုံးပြုခဲ့ကြပြီး Twitter မှာ ပျံ့နှံ့သွားခဲ့ပါတယ်။

မင်းသမီးရဲ့ အနုပညာသက်တမ်း တလျှောက်လုံးမှာ မှတ်တိုင်တခုအဖြစ် သတ်မှတ်ခံထားရတဲ့ အဲ့ဒီ “The Lady” ရုပ်ရှင်ကတော့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီလှုပ်ရှားမှုမှာ အခရာဖြစ်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့အကြောင်းနဲ့ ခင်ပွန်း စာရေးဆရာ မိုက်ကယ်အဲရစ်တို့ကြားက ဆက်ဆံရေးအကြောင်း မီးမောင်းထိုး ဖော်ပြထားပါတယ်။

မြန်မာ့တပ်မတော်က နိုင်ငံတော်ရဲ့ အာဏာအရပ်ရပ်ကို လွှဲပြောင်းရယူခဲ့တာ အခုအချိန်ဆိုရင် သီတင်းတပတ်ကျော်လာပြီဖြစ်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ကို အခုအထိ ထိန်းသိမ်းထားဆဲ ဖြစ်ပါတယ်။

စစ်တပ်ရဲ့အုပ်ချုပ်မှုအောက် ရောက်နေတဲ့ လက်ရှိ မြန်မာနိုင်ငံတဝန်းမှာတော့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုတွေ ဖြစ်ပေါ်နေပြီး ညစဉ်ညတိုင်းမှာလည်း မြန်မာ့ဓလေ့ သံပုံးတီး တောထုတ်တဲ့ အပြုအမူနဲ့ ပြည်သူတွေဟာ စစ်အာဏာသိမ်းမှုကို အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်နေကြပါတယ်။

Ref: AFP

Your Thoughts …
Tags: Michelle Yeohစစ်အာဏာသိမ်းမှုမလေးရှား မင်းသမီး
မစ်ကီ

မစ်ကီ

Contributor

Similar Picks:

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
89.1k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
61.5k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
55.2k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
44.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

by အုန်းညို
25 September 2023
43.1k

စစ်ခေါင်းဆောင်ရဲ့ အာဏာ အင်ပါယာနဲ့ ယခင်စစ်ခေါင်းဆောင်ရဲ့ လျာထားခံ စစ်ဗိုလ်ချုပ်ကြီးတွေကြား အာဏာချိန်ခွင်လျှာ အားပြိုင်ပွဲပါ။

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

by ဧရာဝတီ
14 December 2023
40.8k

မြန်မာစစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကန်ထရိုက်ပေး ပြုစုသည့် အကြမ်းဖက်အစီရင်ခံစာတွင် ထည့်သွင်းထားသည်။

Next Post
လမ်းမတွေပေါ် ထွက်ပြီး အာဏာသိမ်းမှုကို ဆန့်ကျင်နေကြတဲ့ ပြည်သူများ/ဧရာဝတီ

အာဏာသိမ်းမှုကို အာခံကြတဲ့ ပြည်သူတွေရဲ့ တိုက်ပွဲ

NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးအောင်ကြည်ညွန့် 

ပြည်သူ့အုပ်ချုပ်မှုစနစ်ကို အမြန်ဆုံးပြန်လည်ရနိုင်မယ့် အနေအထားရှိပါတယ်

No Result
View All Result

Recommended

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

6 days ago
5.4k
တရုတ်ဖိအားကို တန်ပြန်ပြီး စစ်ကောင်စီ ဗုံးအကြဲခံသည့် TNLA ၏ ရပ်တည်ချက်

တရုတ်ဖိအားကို တန်ပြန်ပြီး စစ်ကောင်စီ ဗုံးအကြဲခံသည့် TNLA ၏ ရပ်တည်ချက်

1 week ago
7.3k

Most Read

  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0
  • အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

    shares
    Share 0 Tweet 0
  • တလကျော်သည့်တိုင် နေပြည်တော်ဝန်ထမ်းတို့ နာလန်မထူနိုင်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate