စစ်အာဏာရှင်စနစ်အား ဆန့်ကျင် ဆန္ဒပြမှုဟာ ရန်ကုန်မြို့မှာ ယနေ့ဆိုရင် ၃ ရက်မြောက်နေ့ ရှိလာပါပြီ။ အဖွဲ့အစည်းအသီးသီးမှ အထွေထွေ သပိတ်အနေနဲ့ လှုပ်ရှားမှုမှာတော့ ယနေ့၊ ဖေဖော်ဝါရီလ ၈ ရက်နေ့မှာ အနုပညာရှင်များစွာက လမ်းပေါ်ထွက်ကာ ပြည်သူများနဲ့အတူ ဆန္ဒပြမှုမှာ ပူးပေါင်း ပါဝင်လာကြပါတယ်။
စစ်တပ်မှ အာဏာသိမ်းခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့မှ စတင်ပြီး ဆိုရှယ်မီဒီယာ ကမ်ပိန်းများမှာ ပါဝင်ခဲ့တဲ့ အနုပညာရှင်များကတော့ ဖေဖော်ဝါရီ ၇ ရက်နေ့မှစတင်ပြီး ပြည်သူများနဲ့အတူ ပူးပေါင်းကာ ဆန္ဒပြပွဲများမှာ ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။
ဖေဖော်ဝါရီ ၇ ရက်နေ့ ရန်ကုန်မြို့တော် ခန်းမရှေ့မှာ ပြုလုပ်တဲ့ ဆန္ဒပြပွဲမှာတော့ ပြည်သူများနဲ့အတူ ဒါရိုက်တာ ဏကြီး၊ ခါရာ၊ အောက်ရဲထိုက်၊ မျိုးသန္တာထွန်း၊ အောင်မြင့်မြတ်၊ အိမီမီကို အစရှိသူများနဲ့ ဆူးလေဘုရားလမ်းမှာတော့ အလင်းရောင်၊ ဒေးဗစ်လိုင်၊ မေ၊ သူဇာဝင့်လွင်၊ မြတ်နိုးအေး၊ ဆုအိမ့်စံ၊ ခင်ဝင့်ဝါ၊ ဝင့်ယမုံနိုင်၊ ဒါရိုက်တာ ဝိုင်း၊ ဒါရိုက်တာ သည်ခေတ်နေ၊ ဇော်ဇော်အောင်၊ ဟိန်းမင်းသူ၊ လင်းအောင်ခေတ် အစရှိသူများက ပါဝင်ခဲ့ကြပါတယ်။
ဒီကနေ့ ဖေဖော်ဝါရီ ၈ ရက်နေ့မှာတော့ ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းမှာရှိတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်အရှေ့ကနေ ရန်ကုန်မြို့ လှည်းတန်းစင်တာရှေ့မှာ ဒါရိုက်တာ ဏကြီး၊ သရုပ်ဆောင် ပိုင်ဖြိုးသု၊ အောင်မြင့်မြတ်၊ ခါရာ၊ အိမိမိကို၊ အဆိုတော် ရန်ရန်ချမ်း၊ ဇေယျာသော်၊ ကိကိ၊ နိုဗန်ထူး၊ ချမ်းအေးဝင်း အစရှိသူတွေက ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
လှည်းတန်းစင်တာရှေ့မှာတော့ သရုပ်ဆောင် ဖွေးဖွေး ၊ အလင်းရောင်၊ ဆွေဇင်ထိုက်၊ ဇင်ဝိုင်း၊ မင်းမော်ကွန်း၊ ကျော်ထက်အောင်၊ နီနီခင်ဇော်၊ မိစန္ဒီ၊ ဒါရိုက်တာ ဝိုင်း၊ ခင်ဝင့်ဝါ၊ ချာလီ၊ ဒီး၊ ဘမ်ဂျမင်ဆုန်း၊ ခါရာ၊ မျိုးသန္တာထွန်း၊ ညိမ်းသော်၊ မေတိုးခိုင်၊ ဝင့်ယမုံနိုင်၊ မြနှင်းရည်လွင်၊ မြတ်နိုးအေး၊ အောင်မြင့်မြတ်၊ အိန်ဂျယ်လမုန်၊ Makeup Artist များ ဖြစ်ကြတဲ့ ခင်စန်းဝင်း၊ ညီညီမောင် (စမ်းချောင်း)၊ မထက်၊ မေဦး အစရှိသူများက ပါဝင်ခဲ့ကြပါတယ်။
“ဒီနေ့၊ ဖေဖော်ဝါရီလ ၈ ရက်နေ့၊ တနင်္လာနေ့၊ ရုံးမတက် အလုပ်မသွားဘဲ Civil Disobedience Movement (CDM) မှာ ပါဝင်ပေးတဲ့ ပြည့်သူ့ဝန်ထမ်းများ၊ တသားတည်း ရှိသော ပြည်သူပြည်သားများ အားလုံးကို လေးစားပါတယ်။ အမေစုနှင့် သမ္မတကြီး ဦးဝင်းမြင့်တို့ အားလုံး ပြန်မလွတ်မချင်း ရုံးမတက်ကြပါနဲ့နော်။ မတရား စစ်အာဏာသိမ်းမှုကို ကျနော်/ကျမတို့ အားလုံး ဆန့်ကျင်ပါတယ်”လို့ ဖွေးဖွေးက ပြောပါတယ်။
ဆက်လက်ပြီးတော့လည်း အနုပညာရှင်များနဲ့အဖွဲ့ဟာ လှည်းတန်းစင်တာရှေ့မှာ ထိုင်သပိတ် ပြုလုပ်သွားမယ်လို့လည်း သိရပါတယ်။
You may also like these stories:
“အာဏာသိမ်းမှုအပေါ် အမှောင်ခေတ်ကို ပြန်မသွားလိုဘူး”လို့ မိတ်ကပ် မေဦးမောင် ဆို
မြန်မာပြည်သူတွေဘက်ကနေ ထောက်ခံလိုက်တဲ့ မင်းသမီး Michelle Yeoh
အာဏာရှင်ကို ဆန့်ကျင်ကြောင်း သီချင်းတပုဒ်နဲ့ ဖော်ထုတ်လိုက်တဲ့ ရဲရင့်အောင်