• English
Monday, June 23, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

“အာဏာသိမ်းမှုကြောင့် ကျနော်တို့ခေတ်မှာ အနာဂတ် မဲ့ပြီးပြီ”

by ချစ်ပိုး
12 February 2021
in Entertainment
A A
သရုပ်ဆောင် ဇင်ဝိုင်း  / နေပိုင် / ဧရာဝတီ

သရုပ်ဆောင် ဇင်ဝိုင်း / နေပိုင် / ဧရာဝတီ

5.2k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်တပ်မှ အာဏာသိမ်းပြီးနောက် နိုင်ငံတဝှမ်း ပြည်သူများက အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲများ ပြုလုပ်နေပြီး၊ ပြည်သူတွေနဲ့အတူ အနုပညာရှင်များကလည်း အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ တတပ်တအား ပါဝင်လာကြပါတယ်။

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ အနုပညာရှင်များစွာလည်း ဆန္ဒပြပွဲတွေမှာ ပါဝင်လာပြီး ယမန်နေ့က မြန်မာပလာဇာရှေ့မှာ အထိုင်သပိတ် ဆန္ဒပြခဲ့ကြတဲ့ အနုပညာရှင်တွေထဲက သရုပ်ဆောင် ဇင်ဝိုင်း အဖမ်းခံရတယ်ဆိုတဲ့ သတင်းဟာ မဟုတ်မှန်ကြောင်း ဇင်ဝိုင်းက ဧရာဝတီကို ပြောပါတယ်။

RelatedPosts

ဟင်္သာတမြို့

ဟင်္သာတမြို့

22 June 2025
583
နတ်ဆား၏ အိပ်မပျော်သောည

နတ်ဆား၏ အိပ်မပျော်သောည

21 June 2025
486
တရုတ်ပြည်က ရှမ်းတို့ရဲ့ စစ်ဆောင်ပန္နား

တရုတ်ပြည်က ရှမ်းတို့ရဲ့ စစ်ဆောင်ပန္နား

16 June 2025
991

“အခု ဖမ်းတယ်ဆိုတဲ့ သတင်းက မဟုတ်ပါဘူး။ မဟုတ်တဲ့ သတင်းတွေ ပြန့်နေတာပါ။ အခုတော့ မဖမ်းသေးပါဘူး။ နောက်ပိုင်းတော့ ဖမ်းပါလိမ့်မယ်။ သူတို့ ဖမ်းမယ်ဆိုလည်း သူတို့ သဘောပါပဲ။ ကျနော်တို့ကတော့ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်တာပါ။ ဒီနေ့လည်း ဆန္ဒထုတ်ဖော်ဖို့ ရှိပါတယ်။ ဘရူနိုင်းသံရုံး၊ တရုတ်သံရုံးတွေဘက် သွားပါမယ်”လို့ ဇင်ဝိုင်းက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ၁၉၈၈ ခုနှစ်က အာဏာသိမ်းလိုက်တာကြောင့် အဲဒီခေတ်က လူငယ်တွေ အနာဂတ် မဲ့ခဲ့ရပြီး အခု ထပ်သိမ်းခံရရင် နောက်မျိုးဆက်တွေ အနာဂတ် ပျောက်မယ်လို့ ဆိုပါတယ်။

မြန်မာပလာဇာရှေ့မှာ ဆန္ဒပြခဲ့ကြတဲ့ အနုပညာရှင်များ (ဓာတ်ပုံ – နေပိုင်/ဧရာဝတီ)

“ကျနော်တို့ အနာဂတ်မဲ့ပြီးပါပြီ။ ၁၉၅၉ ခုနှစ် ၆၀ မှာ မွေးပါတယ်။ ၆၂ မှာ တပ်မတော်က အာဏာသိမ်းတယ်။ ၈၈ မှာ တခါ အာဏာသိမ်းပါတယ်။ ကျနော်တို့ မျိုးဆက်က အစတေးခံခဲ့ရပါတယ်။ အဲ့ထဲမှာ ၁ ရာခိုင်နှုန်း၊ ၂ ရာခိုင်နှုန်းက ဖောက်ထွက်သွားပြီး နိုင်ငံတကာရောက်လို့ ထွန်းထွန်းပေါက်ပေါက် ရှိတာလည်း ရှိပါတယ်။ အခုထပ်ပြီး ဖြစ်ရင် ကျနော်တို့ မျိုးဆက်တွေ အနာဂတ်ပျောက်ပါလိမ့်မယ်”လို့ ဇင်ဝိုင်းက ပြောပါတယ်။

အခု ဆန္ဒပြပွဲတွေမှာတော့ လူငယ်တွေ အများဆုံး ပါဝင်လာကြပြီး အဲဒီအပေါ်ကိုလည်း ဇင်ဝိုင်းက သူတို့ခေတ်ကထက် လူငယ်တွေ အများကြီး ပိုတော်ကြတယ်လို့ ပြောပါတယ်။

ဆန္ဒပြပွဲမှာ ပါဝင်လာကြတဲ့ ရွှေကြိုမောင်မယ်များ (ဓာတ်ပုံ – နေပိုင်/ဧရာဝတီ)

“အခု ဆန္ဒဖော်ထုတ်တဲ့ နေရာမှာ လူငယ်တွေ ပိုပါဝင်လာတယ်။ ကျနော်တို့တုန်းကတော့ တကြောင်းသွားပေါ့။ ကျနော်တို့က အရမ်းပြင်းထန်ချင်တဲ့အခါ ပြင်းထန်လိုက်မယ်။ စိတ်ဓာတ်ကျရင် အရမ်းကျမယ်။ ထိပ်တိုက်တွေ့ရင် ဘာဖြစ်ဖြစ် ထိပ်တိုက်တွေ့မယ်ဆိုတဲ့ စိတ်မျိုးနဲ့ ကျနော်တို့ လုပ်ခဲ့ဖူးတယ်”

“အခုကလေးတွေက အဲ့လိုမျိုးမဟုတ်ဘူး။ ပျော့ပျော့ပျောင်းပျောင်းနဲ့ ဒီနည်းနဲ့ မရရင် နောက် တနည်းစဉ်းစားတယ်။ ဒီလမ်းသွားမရရင် နောက်လမ်းသွားတယ်။ ကျနော်တို့ထက် အများကြီးတော်ပါတယ်”လို့ ဇင်ဝိုင်းက ပြောပါတယ်။

အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ လူထုဆန္ဒပြမှုများ ရှိသလို အနုပညာရှင်များ ဆန္ဒဖော်ထုတ်ခြင်းနဲ့ ပတ်သက်ပြီး ဇင်ဝိုင်းက အခုလိုပဲ ဆိုပါတယ်။

“အခု ကျနော်တို့ ပြည်သူပြည်သားတွေက စိတ်မချမ်းမြေ့စရာ မကောင်းတဲ့အချိန်ကို ပြည်သူပြည်သားတွေ အကုန်လုံး ဖြတ်သန်းနေရတာ ဖြစ်ပါတယ်။ ကျနော်တို့ အနုပညာရှင်များ စုပေါင်း ဆန္ဒပြရခြင်းက ကျနော်တို့ နိုင်ငံမှာရှိနေတဲ့ ၂၀၀၈ ခုနှစ် အခြေခံဥပဒေ ဆိုသည်မှာ ကျနော်တို့ကြိုက်ကြိုက်၊ မကြိုက်ကြိုက်၊ လက်ခံချင်၊ လက်မခံချင် လက်ရှိ တည်ဆဲဥပဒေ ဖြစ်ပါတယ်”

“ဒီအတွက် ကျနော်တို့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ တရားဝင် တင်မြှောက်ထားတဲ့ နိုင်ငံတော် သမ္မတကြီးနှင့်တကွ နိုင်ငံတော်အစိုးရဝင်များကို ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဆန့်ကျင်ပြီး အာဏာရှင်တစုက လက်နက် အားကိုးနဲ့ ဖယ်ရှား၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ပြဋ္ဌာန်းခြင်းမရှိတဲ့ သမ္မတကို ဖယ်ရှားပြီး ဒုသမ္မတကို ယာယီသမ္မတ ခန့်၊ ယာယီ သမ္မတကနေ တပ်မတော်ကို အာဏာလွှဲပြောင်းပေးတယ်ဆိုတာ ဥပဒေကြောင်းအရ တရားဝင်ခြင်း မရှိလို့ ဥပဒေကို လိုက်နာတဲ့ အနုပညာသမားများ ပြည်သူများက အခုလို ဆန့်ကျင်နေရခြင်း ဖြစ်ပါတယ်”လို့ ပြောပါတယ်။

ခေတ်အဆက်ဆက်လည်း ပစ်မိန့်ပေးခဲ့ကြတာကြောင့် အခု မဖြစ်စေချင်တော့ဘူးလို့ ဇင်ဝိုင်းက ဆိုပါတယ်။

“ခေတ်အဆက်ဆက်လည်း ပစ်မိန့်ပေးခဲ့ကြတယ်။ ပစ်ခဲ့ကြတယ်။ လမ်းပေါ်မှာ သွေးမြေကျရတယ်။ ပြည်သူ့ရင်သွေးတွေ အသက်ဆုံးရှုံးကြရတယ်။ ဒီတခေါက်တော့ ထပ်မဖြစ်စေချင်တော့ပါဘူး။ ကျနော်တို့ ထွက်တယ်ဆိုတာလည်း ဘယ်ပါတီ ဆိုပြီး ပါတီစွဲ မဟုတ်ပါဘူး။ ကျနော်တို့ သွားချင်တဲ့ ဒီမိုကရေစီ လမ်းကြောင်းကြီး မတိမ်းစောင်းသွားအောင်၊ နောက်ပြန်မရွေ့သွားအောင် ကျနော်တို့ တတ်နိုင်တဲ့နည်းနဲ့ ဝိုင်းဝန်းတာပါ။ တတ်နိုင်သမျှ ညှိနှိုင်းဆွေးနွေးခြင်း လုပ်ပေးကြပါ”လို့ ဇင်ဝိုင်းက ပြောပါတယ်။

You may also like these stories:

“သေနတ် ပစ်ခံရတဲ့ မိန်းကလေးကို သားသမီးချင်း ကိုယ်ချင်းစာတယ်”လို့ သန္တာလှိုင် ဆို

“အာဏာရှင်စနစ်က ကျနော်တို့ခေတ်မှာ နောက်ဆုံး ဖြစ်ပါစေ”

Civil Disobedience Movement ကို အားပေးခဲ့ကြတဲ့ အနုပညာရှင်များ

Your Thoughts …
Tags: သရုပ်ဆောင် ဇင်ဝိုင်းအနုပညာရှင်အာဏာရှင် ဆန့်ကျင်ရေး
ချစ်ပိုး

ချစ်ပိုး

ဧရာဝတီ

Similar Picks:

ရှမ်းမြောက်သို့သွားရောက် ဖျော်ဖြေရန် ဖိတ်ခေါ်မှု အနုပညာရှင်များ နှုတ်ဆိတ်နေ

ရှမ်းမြောက်သို့သွားရောက် ဖျော်ဖြေရန် ဖိတ်ခေါ်မှု အနုပညာရှင်များ နှုတ်ဆိတ်နေ

by ဧရာဝတီ
10 November 2023
17.9k

တိုက်ပွဲဝင်နေကြသည့် စစ်သားများအား ဖျော်ဖြေပေးရန် စစ်ကောင်စီ၏ ပြန်ကြား ရေးဝန်ကြီး ဦးမောင်မောင်အုန်းက တိုက်တွန်းပြောဆိုမှုအပေါ် အနုပညာရှင်အများစုမှာ နှုတ်ဆိတ်လျက်

BC မသိလို့ Boycott လုပ်ခံရတော့မယ့် အဆိုတော်လေးဖြူ

BC မသိလို့ Boycott လုပ်ခံရတော့မယ့် အဆိုတော်လေးဖြူ

by ဧရာဝတီ
5 July 2024
7.2k

ဇူလိုင်လ ၂ ရက်က နေပြည်တော်ရှိ စစ်တပ်အသိုင်းအဝန်းနှင့် ဆက်နွယ်နေသော VIP စားသောက်ဆိုင်တွင် လေးဖြူက သွားရောက် ဖျော်ဖြေရင်း ၎င်းကို သပိတ်မှောက်မည့် BC ဆိုသော စကားလုံးကို နားမလည်ကြောင်း၊ A to Z...

လိပ်ပြာလုံချင်သူ ခါရာနှင့် တွေ့ဆုံခြင်း

လိပ်ပြာလုံချင်သူ ခါရာနှင့် တွေ့ဆုံခြင်း

by ဧရာဝတီ
5 January 2025
1.6k

အဲဒီလိုမျိုး ရက်ရက်စက်စက် သတ်ဖြတ်နေတာကို သူတို့ ကြည့်ရက်နိုင်တယ်ဆိုရင် ဒါက ပြည်သူတွေ အပေါ်မှာ စေတနာရှိတာ မဟုတ်ဘူး။ သူတို့ပြောနေတဲ့စကား ပြည်သူတွေက ထမင်းရှင်တွေ ဘာတွေဆိုတာ အလကားပဲ အဓိပ္ပာယ် မရှိဘူး

ထာဝရ ရှင်သန်နေမယ့် ဝိညာဉ်များ

ထာဝရ ရှင်သန်နေမယ့် ဝိညာဉ်များ

by ကျော်စွာမိုး
2 November 2024
1.5k

အဲဒီ ဝိညာဉ်တွေဟာ နိုင်ငံရေးအရ အနားမရနိုင်တဲ့ ဝိညာဉ်တွေ ဖြစ်နိုင်ပါတယ်။

မူဆယ် နမ့်ခမ်း လမ်းကို သီချင်းနဲ့ ပြင်ခဲ့သူ (သို့) စိုင်းဆိုင်မောဝ် (ရုပ်/သံ)

မူဆယ် နမ့်ခမ်း လမ်းကို သီချင်းနဲ့ ပြင်ခဲ့သူ (သို့) စိုင်းဆိုင်မောဝ် (ရုပ်/သံ)

by ဧရာဝတီ
18 July 2024
1.2k

ရှမ်းတိုင်းရင်းသား အဆိုတော် စိုင်းဆိုင်မောဝ်ဟာ ၂၀၂၄ ခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့က ရန်ကုန်မြို့ အင်းစိန်မြို့နယ်က သူ့ရဲ့နေအိမ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။ ကွယ်လွန်ချိန်မှာ အသက် ၇၆ နှစ် ရှိပါပြီ။

စာပေ၊ ဂီတ အနုပညာရှင်များ

ကြွေလွင့်သွားတဲ့ အနုပညာငွေကြယ်ပွင့်များ

by ဧရာဝတီ
17 August 2021
31.8k

၁၉၈၈ အရေးအခင်းမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမဆုံး မိန့်ခွန်းပြောနေတဲ့ ဓာတ်ပုံကို ရိုက်ကူး မှတ်တမ်းတင်ခဲ့သူ ဖြစ် ပြီး အရေးအခင်း လှုပ်ရှားမှုတွေကို ရုပ်သံရိုက်ကူးကာ အမေရိကန် သံရုံးမှတဆင့် ကမ္ဘာကို ချပြခဲ့သူ တယောက်လည်း ဖြစ်ပါတယ်။

Next Post
၂၀၂၁ ဖေဖေါ်ဝါရီ ၁၁ရက်နေ့ ရန်ကုန်မြို့ရှိ မြန်မာ့မီးရထားဌာနမှ ဝန်ထမ်းများ ဆန္ဒဖော်ထုတ် ကာ CDM လှုပ်ရှားမှုတွင် ပါဝင်လာစဉ် / ဧရာဝတီ

ဆန္ဒဖော်ထုတ်သည့် အလုပ်သမားများကို မခြိမ်းခြောက်ဖို့ ILO ပြော

အလှမယ် ထက်ထက်ထွန်း  / နေပိုင်/ဧရာဝတီ

“အဓမ္မ အာဏာသိမ်းတာကို မကြိုက်လို့ ဆန္ဒပြတာပါ”လို့ ထက်ထက်ထွန်း ဆို

No Result
View All Result

Recommended

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

3 days ago
4.5k
ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခအကြောင်း သိကောင်းစရာများ

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခအကြောင်း သိကောင်းစရာများ

4 days ago
3.2k

Most Read

  • အီရန်အစိုးရအပြောင်းအလဲက ဒီမိုကရေစီကို မသယ်ဆောင်လာနိုင်

    အီရန်အစိုးရအပြောင်းအလဲက ဒီမိုကရေစီကို မသယ်ဆောင်လာနိုင်

    shares
    Share 0 Tweet 0
  • အသက် ၈၀ ပြည့် ဒေါ်အောင်ဆန်းစုကြည် လျှောက်သောလမ်း

    shares
    Share 0 Tweet 0
  • ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

    shares
    Share 0 Tweet 0
  • အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

    shares
    Share 0 Tweet 0
  • စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate