အာဏာသိမ်းတာဟာ တရားမျှတမှု မရှိတာကြောင့် စစ်မှန်တဲ့ ဒီမိုကရေစီ ရဖို့ ပြည်သူနဲ့အတူ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်နေတယ်လို့ သရုပ်ဆောင် နေမျိုးအောင်က ပြောပါတယ်။
“ကျနော်တို့ ငြိမ်းချမ်းစွာ ဆန္ဒပြနေတယ်ဆိုတာကလည်း ပြည်သူတွေ တောင်းဆိုနေတဲ့ စစ်မှန်တဲ့ ဒီမိုကရေစီ ရဖို့။ အခု အာဏာသိမ်းတယ် ဆိုတာကလည်း တရားမျှတမှု မရှိတာကြောင့် ကျနော်တို့ အနုပညာရှင်တွေ ပြည်သူနဲ့ အတူတူ ဆန္ဒပြနေကြတယ်။ မှန်မှန်ကန်ကန်နဲ့ ဆန္ဒပြနေချိန် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ စည်းကမ်းရှိစွာ ဆန္ဒပြကြပါ”လို့ နေမျိုးအောင်က ပြောပါတယ်။
Civil Disobedience Movement (အာဏာဖီဆန်ရေး လှုပ်ရှားမှု) မှာ မပါဝင်ရသေးသူတွေ ပါဝင်ပေးကြပါလို့ နေမျိုးအောင်က ဆိုပါတယ်။
“CDM မှာ မပါဝင်ရသေးသူတွေလည်း CDM မှာ ပါဝင်ပေးကြပါ။ စစ်မှန်တဲ့ ဒီမိုကရေစီ ရဖို့အတွက် ကျနော်တို့ မြန်မာနိုင်ငံ တဝှမ်းလုံးမှာရှိတဲ့ ပြည်သူပြည်သားတွေ ညီညီညွတ်ညွတ်နဲ့ တိုက်ပွဲ ဝင်နေချိန်မှာ ဝန်ထမ်းတွေလည်း တိုက်ပွဲဝင်ပေးကြပါ”လို့ နေမျိုးအောင်က ပြောပါတယ်။
တညီတညွတ်တည်း ဆန္ဒပြနေချိန် ပြည်သူတွေ ပစ်ခတ်ခံရတာ ဝမ်းနည်းဖို့ ကောင်းတယ်လို့ နေမျိုးအောင်က ဆိုပါတယ်။
“တရားမျှတမှု မရှိဘူး။ လက်နက်ကိုင်ပြီး ဖြေရှင်းလို့ရတယ် ဆိုပြီးတော့ သူတို့ ခေါင်းထဲ ဝင်နေကြတာကိုး။ ကျနော်တို့ ဆန္ဒပြတယ်ဆိုတာ စစ်မှန်တဲ့ ဒီမိုကရေစီ ရဖို့အတွက် မှန်မှန်ကန်ကန် ဆန္ဒပြတယ်။ ငြိမ်းချမ်းစွာ ဆန္ဒပြတယ်။ ပြည်သူပြည်သားတွေ တညီတညွတ်တည်း ဆန္ဒပြနေချိန် ပစ်ခတ်ခံရတာ ဝမ်းနည်းဖို့ ကောင်းတယ်”လို့ နေမျိုးအောင်က ပြောပါတယ်။
သရုပ်ဆောင် နေမျိုးအောင်ကတော့ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ အနုပညာရှင်၊ ပြည်သူတဦးအနေနဲ့ တတပ်တအား ပါဝင်နေသူ ဖြစ်ပါတယ်။
You may also like these stories:
“CDM Heroes တွေရဲ့ ကျေးဇူးကြွေးတွေ တင်နေပါပြီ”လို့ ပိုင်ဖြိုးသု ပြော
“ကျမတို့က မျိုးမပွားနိုင်ပေမယ့် နောက်မျိုးဆက်တွေအတွက် လမ်းပေါ်ထွက်ရတာပါ”
“ပြန်ကြားရေးရုပ်သံပိုင်းမှာ လုပ်နေသူတွေ CDM မှာ ပါဝင်ပေးကြပါ”လို့ လိမ္မော်သီး ပြော