Entertainment

CDM မှာ ပူးပေါင်းကြဖို့ မေတ္တာရပ်ခံလိုက်တဲ့ မင်းမော်ကွန်း

Want create site? Find Free WordPress Themes and plugins.

စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့အနေနဲ့ လုပ်ဆောင်ကြတဲ့ CDM – Civil Disobedience Movement (အာဏာဖီဆန်ရေး လှုပ်ရှားမှု) မှာ ပါဝင်ပေးကြတဲ့ ဝန်ထမ်းများကို လေးစားပြီး၊ မပါဝင်သေးသူများကို ပါဝင်ပေးကြဖို့ သရုပ်ဆောင် မင်းမော်ကွန်းက အခုလိုပဲ ဆိုပါတယ်။

“CDM မှာ ပါဝင်ပေးသော ဝန်ထမ်းများကို လေးစားပါတယ်။ ဒါပေမဲ့ မပါသေးတဲ့သူတွေကို ရင်နာနာနဲ့ မေးပါရစေ။ လမ်းမပေါ်မှာ အသက်ပေးသွားကြတဲ့ ပြည်သူပြည်သားတွေကို အစ်ကိုတို့ အစ်မတို့ ဒီအတိုင်း ကြည့်နေရက်သလားဗျာ။ ပြည်သူ့အခွန်တွေ စားပြီး ပြည်သူကို ဒုက္ခပေါင်းစုံ ပေးနေကြတဲ့စစ်တပ်တွေ ရဲတွေနဲ့ တဘက်တည်း ရပ်တည်နေနိုင်ကြသလား”လို့ မင်းမော်ကွန်းက ပြောပါတယ်။

ဆက်လက်ပြီး “နောက်ထပ် ဘယ်လောက် ထပ်စတေးရဦးမှာလဲ။ ဘယ်လောက် ထပ်ပြီး အသက်တွေ၊ ဘဝတွေ ပေးဆပ်ရဦးမှာလဲ။ လမ်းပေါ်မှာ သေကြတဲ့ ပြည်သူတွေကို တစက်လေးတောင် မငဲ့ကြတော့ဘူးလား။ စဉ်းစားပါဗျာ”လို့ မင်းမော်ကွန်းက မေးခွန်းထုတ်ထားပါတယ်။

CDM (အာဏာဖီဆန်ရေး လှုပ်ရှားမှု) မှာ ပါဝင်ပေးကြဖို့ အားလုံးက တောင်းဆိုနေကြချိန်မှာ၊ ဆန္ဒပြပွဲတွေအတွင်း ရဲတပ်ဖွဲ့နဲ့ စစ်တပ်ရဲ့ အကြမ်းဖက် ဖြိုခွင်းမှုတွေကြောင့် ပြည်သူတွေရဲ့ အသက်တွေ၊ ဘဝတွေ ပေးဆပ်နေရတာကို ငဲ့မကြည့်တော့ဘူးလားလို့ မင်းမော်ကွန်းက ဆိုပါတယ်။

“ကျနော်တို့၊ ခင်ဗျားတို့ စစ်အုပ်ချုပ်ရေးက ပေးတဲ့ ဒုက္ခပေါင်းစုံကို ခံခဲ့ရပြီးပါပြီ။ ကျနော်တို့၊ ခင်ဗျားတို့ မျိုးဆက်တွေကို ဒီအတိုင်းဆက်ပြီး အကြောက်တရားနဲ့ ဆယ်အိမ်ခေါင်းလောက်ကအစ အောက်ကျို့နေရတဲ့ ခေတ်ကို ပြန်သွားချင်တာလား။ စဉ်းစားကြပါ။ နောက်မကျသေးပါဘူး။ ပုံမှန်ဘဝထဲက ရုန်းထွက်ခဲ့ပါ။ ပြည်သူအားလုံး ကြိုဆိုနေမှာပါ”လို့ မင်းမော်ကွန်းက ပြောပါတယ်။

သရုပ်ဆောင် မင်းမော်ကွန်းဟာ ဖေဖော်ဝါရီလ ၆ ရက်နေ့ကတည်းက လမ်းပေါ်ထွက်ကာ ဆန္ဒပြခဲ့တာဖြစ်ပြီး အနုပညာရှင်၊ ပြည်သူတဦး အနေနဲ့ CDM လှုပ်ရှားမှုများ ပြည်သူ့ဝန်ထမ်းများ ပါဝင်လာဖို့ လှုံ့ဆော်ပေးနေသူလည်း ဖြစ်ပါတယ်။

သရုပ်ဆောင် မင်းမော်ကွန်း (ဓာတ်ပုံ – Kyaw Kyaw Htay Lwin’s Facebook)

“တိုင်းပြည် အနာဂတ်ကောင်းကျိုး သယ်ပိုးကြသူများအဖြစ် ကိုယ့်လိပ်ပြာကိုယ် သန့်အောင်၊ နေ့တိုင်း စားနေတဲ့ ထမင်းတွေ သန့်ရှင်းစင်ကြယ်အောင် CDM မှာ ပူးပေါင်းကြဖို့ အနူးအညွတ် မေတ္တာရပ်ခံ တောင်းပန်ပါတယ်ခင်ဗျာ”လို့ မင်းမော်ကွန်းက ဆိုပါတယ်။

ဒီအကြောင်းအရာတွေကို မင်းမော်ကွန်းက သူ့ရဲ့ လူမှုကွန်ရက် အကောင့်ကနေ မေတ္တာရပ်ခံ ရေးသားထားတာ ဖြစ်ပြီး၊ CDM လှုပ်ရှားမှုမှာ ပြည်သူ့ဝန်ထမ်းများ ပါဝင်လာအောင် လှုံ့ဆော်မှုကြောင့် ဖမ်းဆီးခံထားရတဲ့ သရုပ်ဆောင် လူမင်းကိုလည်း အခုလိုပဲ ဆုတောင်းပေးထားပါတယ်။

“သတိရနေတယ် အန်ကယ်လေးရေ။ ရဲဘော်ရဲဘက်စိတ် အပြည့်ရှိတဲ့၊ စေတနာကောင်းတွေနဲ့ အနစ်နာခံမှုတွေကြောင့် မိသားစုနဲ့ အမြန်ဆုံး ဆုံတွေ့ရပြီး ကျန်းမာချမ်းသာစွာ ရှိပါစေခင်ဗျာ”လို့ မင်းမော်ကွန်းက ဆုတောင်းထားပါတယ်။

သရုပ်ဆောင် မင်းမော်ကွန်းကတော့ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ အားတက်သရော ပါဝင် ဆန္ဒပြနေသူဖြစ်ပြီး၊ အနုပညာရှင်များအဖွဲ့၊ ဂီတအဖွဲ့များနဲ့အတူ ဆန္ဒဖော်ထုတ်ပွဲတွေမှာ ပါဝင်ခဲ့သူ ဖြစ်ပါတယ်။

You may also like these stories:

“CDM ကို သတ္တိရှိရှိ လုပ်ကြရအောင်”လို့ အဆိုတော် မီးနို ပြော

ဆေးကျောင်းသူ အလှမယ် ထွန်းပုလဲရတနာ ပြန်လည် လွတ်မြောက်

“ပြည်သူတွေရဲ့ အသက်ကို တန်ဖိုးထားစေချင်တယ်”လို့ အနုပညာရှင်များ ဆို

Did you find apk for android? You can find new Free Android Games and apps.
Loading