Entertainment

ဆန္ဒပြပွဲအတွင်း ကွယ်လွန်သွားသူတွေအတွက် စုပေါင်း လှူဒါန်းပေးတဲ့ ချယ်ရီသင်း

Want create site? Find Free WordPress Themes and plugins.

အဆိုတော် ချယ်ရီသင်းကတော့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့က အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲအတွင်း ရဲတပ်ဖွဲ့နဲ့ စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် ကွယ်လွန်သွားခဲ့တဲ့ မောင်ဇင်လင်းထက်၊ မောင်ညီညီအောင်ထက်နိုင်နဲ့ ကိုဟိန်းထွဋ်အောင်တို့အတွက် နာရေးအကူငွေများကို ကိုယ်တိုင်ပါဝင် ဦးဆောင်ကာ စုပေါင်း လှူဒါန်းပေးလျက် ရှိပါတယ်။

အခု လက်ရှိမှာ အလှူငွေ စုစုပေါင်း သိန်း ၄၀ ခန့် လက်ခံ ရရှိထားပြီး၊ မောင်ညီညီအောင်ထက်နိုင်နဲ့ ကိုဟိန်းထွဋ်အောင်တို့အတွက် စုစုပေါင်း အကူငွေ ၁၅ သိန်း လှူဒါန်းပေးခဲ့ပြီးနောက် ကျန်ရှိငွေများကို ဆက်လက် လှူဒါန်းသွားမယ်လို့ ချယ်ရီသင်းက ဆိုပါတယ်။

“အခု လက်ရှိ အလှူငွေ စုစုပေါင်းက သိန်း ၄၀ လောက်ရပြီ ထင်ပါတယ်။ အဲ့ထဲကနေမှ ဒီနေ့ မောင်လေး ညီညီရဲ့ နာရေးကို သွားပြီး ကူညီထားတဲ့ ငွေထဲက ၅ သိန်း လှူဒါန်းခဲ့ပါတယ်။ ပြီးတော့ တောင်ဒဂုံမှာ ဆုံးသွားတဲ့ မောင်လေး ဟိန်းထွဋ်အောင်အတွက် ၁၀ သိန်း လှူခဲ့ပါတယ်”

နာရေးအကူငွေများ လှူဒါန်းခဲ့တဲ့ ချယ်ရီသင်း (ဓာတ်ပုံ – Cherry Thin’s Facebook)

“ကျန်တဲ့ငွေတွေကိုလည်း မျက်လုံးထိသွားတဲ့ မောင်လေး ဇင်လင်းထက်၊ ပြီးတော့ ကိုယ်ဝန်နဲ့ ဆုံးသွားတဲ့ ဆရာမအတွက်၊ ပခုက္ကူက ဆုံးသွားတဲ့သူတွေအတွက် ချယ်ရီ နိုင်သလောက်လေး အလှူငွေ များလာရင် များလာသလို ခွဲပြီးတော့ ပို့ပေးမယ်လို့ ဆုံးဖြတ်ထားပါတယ်”လို့ ချယ်ရီသင်းက ပြောပါတယ်။

အလှူငွေများကို နိုင်သလောက် လက်ခံနေပြီး၊ အလှူငွေ များလာရင် များလာသလို ခွဲပြီးတော့ အဆင်ပြေအောင် လှူဒါန်းပေးမယ်လို့ ဆိုပါတယ်။

“ဖေဖော်ဝါရီ၂၈ ရက်နေ့မှာ ဆုံးပါးသွားသူတွေအတွက် အားလုံးရဲ့ အလှူနဲ့ နိုင်သလောက်အားနဲ့ ခွဲပြီး လှူဒါန်းပေးသွားမှာပါ။ အားလုံးလည်း သဘောတူညီမယ်လို့ ယုံကြည်ပါတယ်။ အဲဒါကို ချယ် အသိပေးတာပါ။ တချို့က မသိသေးမှာစိုးလို့ပါ။ ကျန်တဲ့ ပိုက်ဆံတွေကိုလည်း ကျန်ရစ်သူ မိသားစုတွေကို လှူဒါန်းပေးသွားမှာပါ”လို့ ချယ်ရီသင်းက ပြောပါတယ်။

အဆိုတော် ချယ်ရီသင်းကတော့ အနုပညာသမား တဦးအနေနဲ့ ဒီအချိန်မှာ တတ်နိုင်တဲ့ဘက်ကနေ ပါဝင် ရပ်တည်ပေးတာဖြစ်ပြီး လှူဒါန်းပေးကြသူတွေကိုလည်း ကျေးဇူးတင်တယ်လို့ ဆိုပါတယ်။

အဆိုတော် ချယ်ရီသင်း (ဓာတ်ပုံ – Cherry Thin’s Facebook)

“ချယ်ရီ့ဘက်ကလည်း အနုပညာသမား တယောက်အနေနဲ့ ဒီအချိန်မှာ နိုင်သလောက် တတ်နိုင်တဲ့ဘက်ကနေ ရပ်တည် ပါဝင်ပေးသွားမှာပါ။ တတပ်တအား ပါဝင်ပြီး လှူဒါန်းပေးကြသူတွေကိုလည်း ကျေးဇူးတင်ပါတယ်”

“ဒီလောက် ပါဝင်ပေးမယ်လို့ ထင်မထားပါဘူး။ အခုချိန်မှာ အားလုံးက ခက်ခဲနေကြချိန်မှာ ဒီလိုမျိုး လှူတယ်ဆိုတာ တကယ့်ကို စေတနာ ထက်သန်တယ်၊ စည်းလုံးတယ်ဆိုတာကို ပြတာပါ။ ဆုံးပါးသွားတဲ့ မိသားစုဝင်တွေအတွက် တထောင့်တနေရာက အသုံးဝင်မှာပါ”လို့ ချယ်ရီသင်းက ပြောပါတယ်။

အဆိုတော် ချယ်ရီသင်းကတော့ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာလည်း တတပ်တအား ပါဝင်ခဲ့ပြီး၊ ဆန္ဒပြပွဲအတွင်း သေနတ်ထိမှန်ကာ ကွယ်လွန်သွားခဲ့သူတွေအတွက် ကမကထ ပြုကာ တတ်နိုင်သလောက် လှူဒါန်းပေးနေတာ ဖြစ်ပါတယ်။

You may also like these stories:

CDM မှာ ပူးပေါင်းကြဖို့ မေတ္တာရပ်ခံလိုက်တဲ့ မင်းမော်ကွန်း

“ပြည်သူတွေရဲ့ အသက်ကို တန်ဖိုးထားစေချင်တယ်”လို့ အနုပညာရှင်များ ဆို

ဆေးကျောင်းသူ အလှမယ် ထွန်းပုလဲရတနာ ပြန်လည် လွတ်မြောက်

Did you find apk for android? You can find new Free Android Games and apps.
Loading