ဖေဖော်ဝါရီလ ၂၈ ရက်နေ့က အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲအတွင်း ရဲတပ်ဖွဲ့နဲ့ စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် ကွယ်လွန်သွားခဲ့တဲ့ မောင်ညီညီအောင်ထက်နိုင်ရဲ့ နာရေးအိမ်သို့ အဆိုတော် ပိုပို ယမန့်နေ့က သွားရောက်ကာ မိသားစုဝင်များကို စိတ်ခွန်အားပေးခဲ့ပြီး၊ သင်္ကန်းနဲ့ နာရေးအကူငွေ စုပေါင်း လှူဒါန်းခဲ့ပါတယ်။
“မောင်လေး ညီညီအတွက် ပိုက သင်္ကန်းနဲ့ သူငယ်ချင်းများ စုပြီး ငွေလှူဒါန်းခဲ့ပါတယ်။ မိစန္ဒီ ၁ သိန်း လှူပါတယ်။ ပိုပိုနဲ့ ချစ်ညီမ ချယ်ရီသင်း၊ မိဖူးကတော့ အဓိက နာရေး သွားမေးပြီး စိတ်ခွန်အားပေးခဲ့ပါတယ်။ မမ ဒီးဒီလည်း စေတနာ ထက်သန်စွာ လှူပါတယ်”လို့ ပိုပိုက ဆိုပါတယ်။
ယနေ့မှာလည်း ပိုပိုက ဆန္ဒပြပွဲအတွင်း သေနတ်ထိမှန်ကာ ကွယ်လွန်သွားခဲ့သူ ကိုဟိန်းထွဋ်အောင်ရဲ့ ဈာပနသို့ လိုက်လံ ပို့ဆောင်ပေးခဲ့ပြီး သင်္ကန်းနဲ့ ကူငွေ စုပေါင်း လှူဒါန်းခဲ့ပါတယ်။
“မောင်လေး ဟိန်းထွဋ်အောင် ဈာပန၊ ကောင်းရာ သုဂတိလားပါစေ မောင်လေးရေ။ ဂုဏ်ယူလျက်ပါ။ စစ်အာဏာရှင် ကျဆုံးပါစေ။ ပိုပိုက သင်္ကန်း တစုံနဲ့ စန္ဒီမြင့်လွင်၊ မိစန္ဒီ၊ ဟိဏ်းသစ်၊ ကိုရဲ၊ ဟိဏ်းသစ်နဲ့ သူငယ်ချင်းများ၊ မမိုးငယ်နဲ့ သူငယ်ချင်းများ ကူငွေ ၃ သိန်းခွဲ သွားကူညီခဲ့ပါတယ်”လို့ အဆိုတော် ပိုပိုက ပြောထားပါတယ်။
အဆိုတော် ပိုပိုကတော့ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာလည်း တတပ်တအား ပါဝင်နေပြီး၊ ဆန္ဒပြပွဲအတွင်း သေနတ် ထိမှန်ကာ ကွယ်လွန်သွားသူများအတွက် တတ်နိုင်သလောက် ပါဝင် လှူဒါန်းပေးနေတာ ဖြစ်ပါတယ်။
You may also like these stories:
ဆန္ဒပြပွဲအတွင်း ကွယ်လွန်သွားသူတွေအတွက် စုပေါင်း လှူဒါန်းပေးတဲ့ ချယ်ရီသင်း
CDM မှာ ပူးပေါင်းကြဖို့ မေတ္တာရပ်ခံလိုက်တဲ့ မင်းမော်ကွန်း
“CDM ကို သတ္တိရှိရှိ လုပ်ကြရအောင်”လို့ အဆိုတော် မီးနို ပြော