Entertainment

Social Punishment စာရင်းမှာ အနုပညာရှင်နဲ့ Influencer အချို့ ပါဝင်

Want create site? Find Free WordPress Themes and plugins.

စစ်ကောင်စီရဲ့ မျိုးဆက် သားသမီးများထဲမှ အနုပညာရှင်များ၊ ဆက်စပ် ပတ်သက်နေတဲ့ စီးပွားရေး လုပ်ငန်းများ၊ လက်တွဲ လုပ်ကိုင်ကြသူများ၊ ဆိုရှယ်မီဒီယာမှာ လူအများအား သတင်းအမှား ပေးနေကြတဲ့ Influencer များကို ပြည်သူလူထုက Boycott (သပိတ်မှောက်) လုပ်ခြင်း ၊ Social Punishment (လူမှုရေးပြစ်ဒဏ်) လုပ်ခြင်းများကို ပြုလုပ်လာကြပါတယ်။

လတ်တလောမှာတော့ Social Punishment လုပ်မယ့် စာရင်းထဲမှာ ပါဝင်နေတဲ့ အနုပညာရှင်များ၊ Influencer များ စာရင်းကိုလည်း ပြုလုပ်ထားတာ တွေ့ရပါတယ်။

စစ်အာဏာရှင်ရဲ့ လုပ်ရပ်ကို အားပေးအားမြှောက် ပြုလုပ်သောသူများ၊ လက်ရှိ အခြေအနေအပေါ် နှုတ်ဆိတ်နေကြသူများကို အဆိုပါ စာရင်းထဲ ထည့်ထားပြီး ပြည်သူများက ဝက်ဘ်ဆိုက်တခု ပြုလုပ်ကာ စုစည်းထားတာ တွေ့ရပါတယ်။

အဆိုပါ ဝက်ဘ်ဆိုက်ကတော့ www.socialpunishment.com ဖြစ်ပြီး ဒီထဲမှာ နာမည်များနဲ့တကွ သူတို့ရဲ့ အချက်အလက်များကို ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

Beauty Blogger နေခြည်ဦး

လက်ရှိ စာရင်းများအရ Beauty Blogger နေခြည်ဦး၊ အလှမယ် ရွှေအိမ်စည်၊ ရွှေရူပါဦး၊ ယွန်းဝင့်လွှာအောင်၊ စုလင်းရှိန်၊ လှနုထွန်း၊ အဆိုတော် ယုန်လေး၊ Y3llO၊ ကိုဗစ်ကာလအစမှာ ပညာပေး ဗီဒီယိုအတို ရိုက်ကူးရင်း လူသိများလာသူ Dr.Laurel (ခိုင်စံပယ်သန်း)၊ Social Influencer ခိုင်ငွေနှင်းဇော် အစရှိသူတို့ ပါရှိပါတယ်။

ဒီလို Social Punishment (လူမှုရေးပြစ်ဒဏ်) လုပ်ခြင်းကို အားပေး ထောက်ခံကြတဲ့ အနုပညာရှင်များစွာလည်း ရှိပြီး၊ သူတို့ကိုယ်တိုင်လည်း စစ်တပ်နဲ့ ဆက်စပ်တဲ့ လုပ်ငန်းများကို ကြော်ငြာပေးခြင်းနဲ့ ရိုက်ကူးပေးခြင်းများ မပြုလုပ်တော့ဘူးလို့ အသိပေးထားကြပါတယ်။

အကယ်ဒမီ လွင်မိုးရဲ့ သမီးဖြစ်သူ ယွန်းဝတီလွင်မိုး ကိုယ်တိုင်လည်း Social Punishment လုပ်ဖို့အတွက် ပြောထားခဲ့ပါတယ်။ ယွန်းဝတီလွင်မိုးဟာဆိုရင် ဆိုရှယ်မီဒီယာမှာတင်မက အပြင်လောကမှာပါ အဆိုပါ အသိုင်းအဝိုင်းနဲ့ နီးစပ်သူတယောက် ဖြစ်ပါတယ်။

“မြန်မာပြည်ကြီး ဒီမိုကရေစီ ရပြီးတဲ့နောက် တိုက်ပွဲကြီး နိုင်ပြီးရင်တောင် ဒီမှာတင် မရပ်ပါဘူး။ Social Punishment ဆက်လုပ်မယ်။ ဒီတသက်တော့ ကိုယ့်နိုင်ငံကို ပြန်ကယ်တင်ဖို့ အမေ မွေးလာတာလို့ မှတ်လိုက်ပါပြီ” လို့ ယွန်းဝတီလွင်မိုးက ပြောထားပါတယ်။

Social Punishment အစီအစဉ်ထဲမှာ အဆိုတော် စိုင်းစိုင်းခမ်းလှိုင်ကို ထည့်သွင်းပေးဖို့အတွက် တောင်းဆိုကြသူများနဲ့ ငြင်းပယ်ကြသူများကြား အငြင်းပွားမှုတခုလည်း ဖြစ်လို့ နေပါတယ်။

You may also like these stories:

“ပြည်သူ့အာဏာ ပြန်မရမချင်း CDM လုပ်ရမယ်”လို့ သည်ခေတ်နေ ပြော

မြန်မာဘောလုံး ပရိသတ်တွေအတွက် အားပေးစကား ပြောလိုက်တဲ့ မော်ရင်ဟို

နေခြည်ဦးနဲ့ လက်တွဲ လုပ်ဆောင်ခဲ့တဲ့ စီးပွားရေးလုပ်ငန်းများ လက်တွဲဖြုတ်

Did you find apk for android? You can find new Free Android Games and apps.
Loading