Entertainment

“အသက်ပေးလိုက်ရတဲ့ အာဇာနည်တွေအတွက် ဂုဏ်ယူတယ်”လို့ ဟဲလေး ပြော

Want create site? Find Free WordPress Themes and plugins.

အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲအတွင်း ရဲတပ်ဖွဲ့နဲ့ စစ်တပ်ရဲ့ပစ်ခတ်မှုကြောင့် အသက်ပေးလိုက်ရတဲ့ လူငယ်တွေအတွက် စိတ်မကောင်းဖြစ်ရသလို၊ ဂုဏ်ယူမိတယ်လို့ အဆိုတော် ဟဲလေးက ဆိုပါတယ်။

“ပစ်ခတ်ခံရလို့ ထိသွားတဲ့သူတွေက တကယ့် ကလေးတွေ၊ အရမ်းစိတ်မကောင်းပါဘူး။ ကျနော်ဆိုလည်း မိဘနေရာ ရောက်လာပြီဆိုတော့ ကိုယ့်သားသမီးတွေ ဖြစ်ခဲ့မယ်ဆိုတဲ့ စိတ်နဲ့ တော်တော် စိတ်မကောင်းစရာပါ။ အခု အသက်ပေးလိုက်ရတဲ့ အာဇာနည် သူရဲကောင်းတွေအတွက် ဂုဏ်လည်း ယူပါတယ်။ ကျနော် အများကြီးလည်း စိတ်မကောင်းဖြစ်ရပါတယ်”

“ကလေးတွေက ကျနော့် တူသားအရွယ်ပါ။ အရမ်းအံ့အားသင့်ရသလို အရမ်းလေးစားရပါတယ်။ ကျနော်တို့ နိုင်ငံအတွက် တကယ့်ကို အားကောင်းတဲ့ Generation တွေ ရှိနေတာကို မြင်လိုက်ရတဲ့အတွက် အရမ်းကြည်နူးရပါတယ်”လို့ အဆိုတော် ဟဲလေးက ပြောပါတယ်။

အနုပညာရှင်တွေ၊ ပြည်သူတွေကို ဖမ်းဆီးတာမျိုး မလုပ်စေချင်ဘဲ အေးအေးချမ်းချမ်းပဲ ဖြစ်စေချင်တယ်လို့ ဟဲလေးက ဆိုပါတယ်။

အဆိုတော် ဟဲလေး (ဓာတ်ပုံ – ဧရာဝတီ)

“ကျနော်တို့လည်း မိသားစုတွေ ရှိတဲ့အခါကျတော့ မိသားစုချင်း ကိုယ်ချင်းစာပါတယ်။ ဖမ်းဆီးခံလိုက်ရတဲ့ မိသားစုတွေဆို ဘယ်လောက်တောင် ပူလောင်လိုက်မလဲ။ ဖမ်းဆီးထားတဲ့သူတွေလည်း အမြန်ဆုံး ပြန်လွှတ်စေချင်ပါတယ်။ အနုပညာရှင်တွေကတော့ ငြိမ်းချမ်းစွာပဲ ဆန္ဒဖော်ထုတ်တဲ့အတွက် ဖမ်းဝရမ်းတွေ၊ ဖမ်းဆီးတာတွေ မလုပ်စေချင်ဘူး။ အေးအေးချမ်းချမ်းပဲ ဖြစ်စေချင်ပါတယ်”လို့ ဟဲလေးက ပြောပါတယ်။

CDM – Civil Disobedience Movement (အာဏာဖီဆန်ရေး လှုပ်ရှားမှု) မှာ ပါဝင်ပေးကြဖို့ ဟဲလေးက အခုလိုပဲ ဆိုပါတယ်။

“CDM မှာ အားလုံး ပါဝင်လာတဲ့အခါကျရင် ကျနော်တို့ ရည်ရွယ်ချက် ပန်းတိုင်ကို အမြန်ဆုံး ရောက်ရှိမှာပါ။ ကျေးဇူးပြုပြီး ပါဝင်ပေးကြပါလို့ တောင်းဆိုချင်ပါတယ်။ ဆန္ဒဖော်ထုတ်နေသူတွေလည်း ဆန္ဒလည်း ဖော်ထုတ်၊ ကိုယ်တိုင်လည်း အန္တရာယ်ကင်းအောင် ဂရုစိုက်ကြပါ”လို့ ဟဲလေးက ပြောပါတယ်။

အဆိုတော် ဟဲလေးကတော့ အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ တတပ်တအား ပါဝင်နေပြီး၊ ပြီးခဲ့တဲ့ရက်တွေမှာလည်း ဂီတ အနုပညာရှင်များနဲ့အတူ ပါဝင် ဆန္ဒ ဖော်ထုတ်ခဲ့ပါတယ်။

You may also like these stories:

ပြည်သူ့တပ် ဖွဲ့စည်းပါက စစ်မှုထမ်းမည်ဟု အနုပညာရှင်များ ကတိပြု

နိုင်ငံ့အရေးမှာ နှုတ်ဆိတ်နေကြတဲ့ အလှမယ်များကို အလှမယ်လောက ရှုတ်ချ

ဖမ်းဆီးထားသူတွေကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ မင်းမော်ကွန်း တောင်းဆို

Did you find apk for android? You can find new Free Android Games and apps.
Loading