Entertainment

“နေ့စဉ် လူအင်အားပြဖို့ အရေးကြီးတယ်”လို့ အဆိုတော် ရင်ဂို ပြော

Want create site? Find Free WordPress Themes and plugins.

စစ်အာဏာရှင် ကျရှုံးဖို့ ပါဝင် ဆန္ဒဖော်ထုတ်နေတယ်ဆိုတဲ့ အဆိုတော် ရင်ဂိုက အာဏာသိမ်းလိုက်တာ တရားမဝင်ဘူးလို့ မြင်ကြောင်း ဧရာဝတီကို ပြောပါတယ်။

“စစ်အာဏာရှင် ကျရှုံးရေးက ဒို့အရေးမို့ ကျနော်တို့ ဆန္ဒဖော်ထုတ်ဖြစ်တာပါ။ စစ်အာဏာသိမ်းလိုက်တာဟာ တရားမဝင်ဘူးလို့ မြင်ပါတယ်။ အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုချင်ပါတယ်။ CDM (အာဏာဖီဆန်ရေး) မလုပ်ကြမှာက ကျနော်တို့ အစိုးရိမ်ဆုံး ကိစ္စပါပဲ။ CDM ကို လုံးဝ လက်မလွှတ်ဖို့ က ပြည်သူ့လက်နက်ပါပဲ။ ဦးတည်ချက် မပြောင်းဖို့ လိုပါတယ်။ CDM က အရေးကြီးတယ်”လို့ ရင်ဂိုက ပြောပါတယ်။

နေ့စဉ်နဲ့အမျှ လမ်းပေါ်ထွက်ကာ ဆန္ဒ ပြနေသူတွေ၊ ဒီမိုကရေစီ ရရှိရေးအတွက် တဖက်တလမ်းကနေ လုပ်ဆောင်ပေးနေသူတွေ အကုန်လုံးကို လေးစားတယ်လို့ ရင်ဂိုက ဆိုပါတယ်။

“နေ့စဉ်နဲ့အမျှ လူအင်အားပြဖို့ အရေးကြီးတယ်။ ကိုယ့်စိတ်ဓာတ်ကို အပြင် ထုတ်ပြတဲ့ သဘောပဲ။ လမ်းမှာ ထွက်ရပ်နေရုံနဲ့တင် အင်အား ရှိပါတယ်။ အိမ်ထဲမှာ နေနိုင်သူတွေလည်း အိမ်ထဲမှာ နေပြီးတော့ တဖက်တလမ်းကနေ ကူညီပါ။ ဒီမိုကရေစီ ရရှိရေးအတွက် ကူညီပေးကြပါ။ အကုန်လုံးကို လေးစားပါတယ်”လို့ အဆိုတော် ရင်ဂိုက ပြောပါတယ်။

အဆိုတော် ရင်ဂိုတို့ ဇနီးမောင်နှံ (ဓာတ်ပုံ – Ringo Lwin’s Facebook)

အခုခေတ် ဆယ်ကျော်သက်တွေက အားကိုးစရာ ကောင်းသလို ညီညွတ်တဲ့အတွက် အောင်မြင်မှာပါလို့ ရင်ဂိုက ဆိုပါတယ်။

“အခု ဆယ်ကျော်သက်လေးတွေပါ ပါလာတာ၊ အရမ်းဉာဏ်ကောင်းတဲ့ ကလေးတွေ၊ အားကိုးစရာကောင်းလောက်အောင် ကောင်းတဲ့ ကလေးတွေ ပါလာတာ တွေ့ရတယ်။ အရင်ကဆို အသက် ၃၀ လောက်တွေပဲ နိုင်ငံရေးကို လုပ်ကြတာ။ အခုက ကလေးကအစ လူကြီးအထိ အားလုံး အာရုံ ရှိတယ်။ စိတ်ဓာတ်တွေ ကောင်းတယ်၊ ညီညွတ်တယ်။ အဲ့အတွက် တနေ့ အောင်မြင်ရမယ်လို့ ကျနော် မြင်ပါတယ်”

“အားလုံး ညီညွတ်တဲ့အတွက် အခုက နောက်ဆုံးပွဲလို့ပဲ ကျနော် မြင်ပါတယ်။ ကျနော်တို့ဘဝမှာ တသက်လုံး ကျွန်ခံလာရတာ ဒီနှစ်ဟာတော့ဖြင့် နောက်ဆုံး လွတ်လပ်ရေးရဖို့ အခွင့်အရေးလို့ပဲ မြင်ပါတယ်။ တိုင်းပြည်ကို မြင်တဲ့အတိုင်းပဲ သန်းပေါင်းများစွာ ပြည်သူတွေ စိတ်ဓာတ်ကို မျက်လုံး ဖွင့်ကြည့်ရင် မြင်မှာပါ။ မျက်လုံးတွေ ပိတ်မထားကြပါနဲ့”လို့ ရင်ဂိုက ပြောပါတယ်။

အဆိုတော် ရင်ဂိုကတော့ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ အားတက်သရော ပါဝင် ဆန္ဒပြနေသူဖြစ်ပြီး ဂီတအဖွဲ့များနဲ့အတူ ဆန္ဒဖော်ထုတ်ပွဲတွေမှာ ပါဝင်နေသူ ဖြစ်ပါတယ်။

You may also like these stories:

“အသက်ပေးလိုက်ရတဲ့ အာဇာနည်တွေအတွက် ဂုဏ်ယူတယ်”လို့ ဟဲလေး ပြော

ပြည်သူ့တပ် ဖွဲ့စည်းပါက စစ်မှုထမ်းမည်ဟု အနုပညာရှင်များ ကတိပြု

ဖမ်းဆီးထားသူတွေကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ မင်းမော်ကွန်း တောင်းဆို

Did you find apk for android? You can find new Free Android Games and apps.
Loading