• English
Sunday, June 15, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

ဦးကျော်သူနှင့် ဇနီးအား မတရားစွပ်စွဲ အမှုဖွင့်ခြင်းကို ဝိုင်းဝန်း ကန့်ကွက်

by ဧရာဝတီ
9 March 2021
in Entertainment
A A
ဦးကျော်သူနှင့် ဇနီး ဒေါ်ရွှေဇီးကွက် / Kyaw Thu's Facebook

ဦးကျော်သူနှင့် ဇနီး ဒေါ်ရွှေဇီးကွက် / Kyaw Thu's Facebook

21.9k
VIEWS
Share on FacebookShare on Twitter

နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူ အပါအဝင် ပါဝင် ပတ်သက်သူများကို စစ်ကောင်စီမှ ၎င်းတို့ပိုင် သတင်းစာများမှတဆင့် အရေးယူ ဆောင်ရွက်နေကြောင်း၊ တရားစွဲဆိုထားကြောင်း မတ်လ ၇ ရက်နေ့က ကြေညာခဲ့ပါတယ်။

နာကူအသင်း ဥက္ကဋ္ဌ ဦးကျော်သူနဲ့ ဘဏ္ဍာရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ဒေါ်ရွှေဇီးကွက်) တို့ကို စစ်ကောင်စီမှ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့မ ရဲစခန်းမှာ ရာဇသတ်ကြီးပုဒ်မ ၅၀၅(က) ဖြင့် အမှုဖွင့်ထားတာ ဖြစ်ပါတယ်။ ဒီလို တရားစွဲဆို အမှုဖွင့်တဲ့အပေါ် အနုပညာရှင်များနဲ့ ပြည်သူများက ဝိုင်းဝန်းကန့်ကွက်ထားကြပါတယ်။

RelatedPosts

တနင်္သာရီမြို့

တနင်္သာရီမြို့

15 June 2025
66
သာလိကာ သမ္မတ

သာလိကာ သမ္မတ

14 June 2025
287
စစ်ထောက်လှမ်းရေး ဝါဒဖြန့် မြရာပင် မှ မြန်မာတိုင်းမ် ဆီသို့

စစ်ထောက်လှမ်းရေး ဝါဒဖြန့် မြရာပင် မှ မြန်မာတိုင်းမ် ဆီသို့

9 June 2025
5.5k

“ဦးကျော်သူနဲ့ ဇနီး ဒေါ်မြင့်မြင့်ခင်ဖေတို့အား အပြည့်အဝ ယုံကြည်ပါတယ်။ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌနဲ့ ဇနီးတို့ဟာ အလှူငွေများအပေါ် ကိုယ်ကျိုး အသုံးပြုခြင်းနှင့် အလွဲသုံးစား ပြုလုပ်ခြင်းများ လုံးဝ (လုံးဝ) မရှိပါကြောင်း အကြွင်းမဲ့ ယုံကြည်ပါတယ်။ အမြဲလေးစားလျက်ပါ” လို့ ရန်အောင်က ဆိုပါတယ်။

သရုပ်ဆောင် မင်းမော်ကွန်းက “နာရေးကူညီမှုအသင်းကို မတရား ဓားပြတိုက် သိမ်းပိုက်ခြင်းနဲ့ အများကောင်းကျိုး နေ့စဉ် သယ်ပိုးနေသော ဦးကျော်သူနဲ့ ဇနီးတို့ကို မတရား အမှုဖွင့်ခြင်းကို ကန့်ကွက်ပါတယ်။ ပြင်းထန်စွာ ရှုတ်ချပါတယ်။ စစ်အာဏာရှင်စနစ်နှင့် စစ်ကျေးကျွန်များ အမြန်ဆုံး ကျရှုံးပါစေ။ အလုံးစုံ ပျက်စီးပါစေ” လို့ ပြောပါတယ်။

နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူ (ဓာတ်ပုံ – Kyaw Thu’s Facebook)

အဆိုတော် ဆောင်းဦးလှိုင်က “ကျနော့်ဘဝမှာ ဝင်ရောက် တာဝန် ထမ်းဆောင်ခဲ့ဖူးတဲ့ တခုတည်းသော အသင်းအဖွဲ့ ရန်ကုန် နာရေးအသင်းကို အာဏာရူးတွေက လုပ်ကြံကြလေတယ်။ နာရေးအသင်းကိုတောင် လုပ်ကြရင် သာမန် လူသားတွေ ဘဝက မတွေးရဲစရာပဲ။ အာဏာရှင်တွေ ကြီးစိုးလို့ ဖြစ်ကို မဖြစ်ဘူး” လို့ ပြောထားပါတယ်။

သရုပ်ဆောင် နန်းစန္ဒာလှထွန်းကလည်း နာရေးကူညီမှုအသင်းအပေါ် သူ့ရဲ့ယုံကြည်မှုကို အခုလို ပြောထားပါတယ်။

“နာရေးကူညီမှုအသင်း (ရန်ကုန်) သည် ပြည်သူအတွက် အကျိုးဆောင်နေသော အသင်းဖြစ်ကြောင်း အခိုင်အမာ ယုံကြည်ပါသည်။ ဥက္ကဋ္ဌ ဦးကျော်သူနဲ့ ဘဏ္ဍာရေးမှူး ဒေါ်ရွှေဇီးကွက်တို့အပေါ် သံသယ မြူမှုန် တစက်တောင် မရှိပါ။ ပရဟိတအပေါ် လူမဆန်သော အဖွဲ့အစည်းမှ ကောက်ကျစ် ယုတ်မာမှုသာ ဖြစ်ပါတယ်။ ပြည်သူတွေအတွက် မရှိမဖြစ်သော အသင်းကြီး ဖြစ်ပါတယ်”လို့ ပြောပါတယ်။

နာရေးကူညီမှုအသင်း(ရန်ကုန်)ရဲ့ဘဏ္ဍာရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ(ခ) ဒေါ်ရွှေဇီးကွက်အား CDM (အာဏာဖီဆန်ရေး လှုပ်ရှားမှု) မှာ ပါဝင်နေတဲ့ နိုင်ငံ့ဝန်ထမ်းများအား အားပေးအားမြှောက်ပြုမှုဖြင့် ဖေဖော်ဝါရီ ၂၅ ရက်နေ့က မရန်းကုန်းမြို့မ ရဲစခန်းမှာ ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့် တိုင်ကြားထားတာဖြစ်ပြီး၊ ဦးကျော်သူကိုလည်း အဆိုပါပုဒ်မဖြင့် မတ်လ ၄ ရက်နေ့မှာ အမှုဖွင့်ထားတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၃ ရက်နေ့ ည ၁၁ နာရီ မိနစ် ၂၀ ခန့်က အာဏာသိမ်း စစ်ကောင်စီမှ နာရေးကူညီမှုအသင်း (ရန်ကုန်) ကို အကြမ်းဖက် ဝင်ရောက် စီးနင်းခဲ့ပြီး ဝန်ထမ်းများနဲ့ ရုံးခန်းအတွင်းပစ္စည်းများကို ဖျက်စီးကာ ငွေသား အလှူငွေကျပ် သိန်း ၅၀၀ ကို ယူဆောင်သွားခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

ဒီကနေ့မှာတော့ ဦးကျော်သူနဲ့ ဒေါ်ရွှေဇီးကွက်တို့ရဲ့ သမီးဖြစ်သူ မမြင့်မိုရ်ဦးကလည်း သူ့ရဲ့မိဘများဟာ ငွေကြေး တပြားတကျပ်မှ အလွဲသုံးစား မလုပ်ဖူးကြောင်း လူမှုကွန်ရက်ကနေ ပြန်လည် ရှင်းလင်းခဲ့ပါတယ်။

You may also like these stories:

ဖမ်းဝရမ်းကြောင့် မိသားစုတွေ တိမ်းရှောင်နေရကြောင်း သဇင်ထူးမြင့် ဆို

ဦးကျော်သူနှင့် ဇနီး ကိုယ်ကျိုးအတွက် ငွေအလွဲသုံးစား မလုပ်ကြောင်း သမီးဖြစ်သူ ဖွင့်ဟ

ဦးကျော်သူနှင့် ဇနီး ဒေါ်ရွှေဇီးကွက်ကို ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ထား

Your Thoughts …
Tags: ဒေါ်ရွှေဇီးကွက်နာရေးကူညီမှုအသင်းပုဒ်မ ၅၀၅ (က)ဦးကျော်သူ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စာရေးဆရာမ ဒေါ်သန်းမြင့်အောင်  / ဧရာဝတီ

ပရဟိတ မိခင်ကြီး စာရေးဆရာမ ဒေါ်သန်းမြင့်အောင်

by ဧရာဝတီ
11 February 2022
13.1k

ပရဟိတ မိခင်ကြီးအဖြစ် လူအများက လေးစားချစ်ခင်သည့် စာရေးဆရာမ ဒေါ်သန်းမြင့်အောင်မှာ ၂၀၂၁ ဖေဖော် ဝါရီ ၁ ရက် စစ်တပ်က အာဏာစသိမ်းကတည်းက ဖမ်းဆီးခံခဲ့ရပြီး ယင်းနှစ် ဒီဇင်ဘာ ၂၇ ရက်တွင် ပုဒ်မ ၅၀၅-က...

၂၀၁၈ ခုနှစ်အတွင်း ဧရာဝတီနဲ့ အင်တာဗျူးတခုမှာ တွေ့ရတဲ့ ရဲတိုက်

ရဲတိုက် သို့မဟုတ် အနုပညာနဲ့ ရှင်သန်သူ

by ဧရာဝတီ
14 May 2022
13.9k

အာဏာသိမ်းမှု ဆန့်ကျင်ရေးမှာ ပါဝင်ခဲ့တဲ့ ရဲတိုက်ကို စစ်ကောင်စီက လသာမြို့နယ် တရားရုံးမှာ ပုဒ်မ ၅၀၅-က နဲ့ တရားစွဲဆိုခဲ့တာပါ။

အရပ်သားအစိုးရလက်ထက် ၂၀၁၈ ခုနှစ် အကယ်ဒမီဆုပေးပွဲတွင်မြင်တွေ့ရသည့် အကယ်ဒမီ ပိုင်ဖြိုးသု / ဧရာဝတီ

ဒီမိုကရေစီအရေးလှုပ်ရှားနေသည့် အနုပညာရှင်များ အကယ်ဒမီဆုပေးပွဲ စိတ်မဝင်စား

by ဧရာဝတီ
25 March 2023
8.4k

စစ်ကောင်စီက ကျင်းပရန် စီစဉ်ထားသော မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အကယ်ဒမီဆန်ခါတင်စာရင်းတွင် အာဏာသိမ်းမှုကို ဆန့်ကျင်မှုကြောင့် ပုဒ်မ ၅၀၅-က ထုတ်ခံထားရသော၊ ထောင်ဒဏ်ကျခံနေရသော သရုပ်ဆောင်၊ ဒါရိုက် တာများ၏ ဇာတ်ကားများကိုပါ ထည့်သွင်းထားကြောင်း သိရသည်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်မှုကြောင့်  ပိုပို အင်းစိန်ထောင်ထဲ ရောက်ရှိနေတာ အချိန် တနှစ်ကျော် ကြာသွားပါပြီ

လှောင်ချိုင့်ထဲက တေးသီငှက် (သို့မဟုတ်) ဂျန်ဇီခေတ်ရဲ့ အဆိုတော် ပိုပို

by ဧရာဝတီ
14 May 2022
22.9k

ပိုပိုက သူ့ဘဝအတွက် အရေးပါတဲ့အရာတွေကို တက်တူးအဖြစ် မှတ်တမ်းတင်ထားပြီး သူ့စီးရီး အခွေနာမည်တွေကိုပါ တက်တူးအနေနဲ့ မှတ်တမ်းတင် ထိုးတဲ့အထိ ဂီတကို ရူးသွပ်သူပါ။

အိန္ဒြာကျော်ဇင်သည် ရုပ်အဆင်းရူပကာ လှပတင့်တယ်ရုံမျှမက အနုပညာ အရည်အသွေးလည်း ပြည့်ဝသူ ဖြစ်သည် / ဧရာဝတီ

ပြည်သူချစ်သော အကျဉ်းစံ မင်းသမီး အိန္ဒြာကျော်ဇင်

by ဧရာဝတီ
30 January 2022
5.5k

အိန္ဒြာကျော်ဇင်သည် ခင်ပွန်းဖြစ်သူ ပြေတီဦးနှင့်အတူ ပြီးခဲ့သည့်နှစ် ဧပြီလ ၉ ရက်နေ့က စစ်ကောင်စီ၏ မတရား ဖမ်းဆီး ထိန်းသိမ်းခြင်းကို ခံခဲ့ရသည်။

၂၀၂၁ ဖေဖော်ဝါရီ စစ်အာဏာသိမ်း ဆန့်ကျင်ဆန္ဒပြသူတဦး ပစ်ခတ်ခံရချိန် ကြက်ခြေနီအဖွဲ့ဝင်များက သယ်ဆောင်ယူလာစဉ် / ဧရာဝတီ

အာဏာသိမ်းမှုအောက်က ပရဟိတသမားများ

by ဧရာဝတီ
3 September 2022
4.3k

အာဏာသိမ်း စစ်တပ်သည် ၎င်းတို့အား ဆန့်ကျင်သူမှန်သမျှကို အကြမ်းဖက် နှိပ်ကွက်လျက်ရှိပြီး စေတနာ့ဝန်ထမ်း ပရဟိတသမားများကိုပင်လျှင် အလွတ်မပေးပေ။

Next Post
သေဆုံးသွားသူ စု အသက်မွေးဝမ်းကျောင်း သိပ္ပံ(ရွှေပြည်သာ) တာဝန်ခံ ဦးဇော်မြတ်လင်း

NLD ပါတီဝင်တဦး ဖမ်းခံရစဉ် ထပ်မံသေဆုံး

ကမာရွတ်မီဒီယာ အယ်ဒီတာချုပ် ဦးနေသန်မောင်  / ဧရာဝတီ

ကမာရွတ်မီဒီယာကို ရဲနှင့်စစ်တပ်က ဝင်ရောက်စီးနင်းပြီး အယ်ဒီတာ ၂ ဦးကို ဖမ်းဆီး

No Result
View All Result

Recommended

စစ်ထောက်လှမ်းရေး ဝါဒဖြန့် မြရာပင် မှ မြန်မာတိုင်းမ် ဆီသို့

စစ်ထောက်လှမ်းရေး ဝါဒဖြန့် မြရာပင် မှ မြန်မာတိုင်းမ် ဆီသို့

6 days ago
5.5k
စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

4 days ago
4.9k

Most Read

  • တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    shares
    Share 0 Tweet 0
  • အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

    shares
    Share 0 Tweet 0
  • အမျိုးသားညီညွတ်ရေးအစိုးရသည် ညီညွတ်သောအစိုးရ မဟုတ်

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အလျင်မြန်ဆုံး ကြီးထွားနေသည့် ဘာသာမှာ အစ္စလမ်ဘာသာဖြစ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate