Entertainment

မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အခြေအနေအကြောင်း ထုတ်ပြောခဲ့တဲ့ အလှမယ် ဟန်လေး

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံ ကိုယ်စားပြု Miss Grand Myanmar 2020 အလှမယ် ဟန်လေးဟာ “Miss Grand International” အလှမယ် ရွေးချယ်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ ထိုင်းနိုင်ငံကို ရောက်ရှိနေသူ ဖြစ်ပါတယ်။

Miss Grand International ရဲ့ တရားဝင် Facebook စာမျက်နှာမှာ ယမန်နေ့က Live ထုတ်လွှင့်ခဲ့ပြီး အလှမယ် ဟန်လေးက သူ့ရဲ့အကြောင်း၊ လတ်တလော ထိုင်းနိုင်ငံမှာ Quarantine ဝင်နေရတဲ့ အကြောင်းနဲ့ လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေနဲ့ ပရိသတ် သိလိုသမျှတွေကို ဖြေကြားပေးခဲ့ပါတယ်။

Live ထုတ်လွှင့်ချိန်မှာ ဝတ်ဆင်ထားခဲ့တဲ့ အနီရောင် ဝတ်စုံဟာ ဒေါ်အောင်ဆန်းစုကြည်ကို လေးစားအားကျ အတုယူမှုနဲ့ ဆင်မြန်းထားတာလို့ ဟန်လေးက ဆိုပါတယ်။

Miss Grand Myanmar 2020 အလှမယ် ဟန်လေး (ဓာတ်ပုံ – Han Lay’s Facebook)

အလှမယ် ဟန်လေးက “ကျမ အခုဝတ်ထားတဲ့ ဝတ်စုံကတော့ ကျမတို့ နိုင်ငံ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လေးစားသမှုနဲ့ ဝတ်ဆင်ထားတာ ဖြစ်ပါတယ်။ ကျမက ဒေါ်အောင်ဆန်းစုကြည်ကို အရမ်းလေးစား အားကျပါတယ်”လို့ ပြောပါတယ်။

ကမ္ဘာတဝန်းမှာရှိတဲ့ နိုင်ငံ့ခေါင်းဆောင်တွေအနေနဲ့ မြန်မာနိုင်ငံကို အချိန် တနာရီလောက် လာရောက် လည်ပတ်လိုက်ရုံနဲ့ လက်ရှိ မြန်မာနိုင်ငံသားတွေ ဘာတွေ ခံစားနေရတယ်ဆိုတာကို မပြောပြဘဲနဲ့ သိနိုင်ပါတယ်လို့ ဟန်လေးက ပြောပါတယ်။ မြန်မာနိုင်ငံမှာ ရဲတပ်ဖွဲ့ဝင်တွေနဲ့ စစ်သားတွေဟာ နေ့ရောညပါ ပစ်ခတ်မှုတွေ လုပ်ဆောင်နေတယ်လို့လည်း သူက ဆိုပါတယ်။

ဟန်လေးက သူ ယှဉ်ပြိုင်ရမယ့် ဖိုင်နယ်ညမှာလည်း ပွဲစီစဉ်သူတွေအနေနဲ့ မြန်မာနိုင်ငံရဲ့ လက်ရှိ ဖြစ်နေတဲ့ အခြေအနေတွေအကြောင်း ပြောပြခွင့်ပြုလိမ့်မယ်လို့ မျှော်လင့်ရပြီး သူကိုယ်တိုင်ကလည်း အဲ့ဒီအခြေအနေတွေကို ထုတ်ဖော် ပြောပြချင်တယ်လို့ ဆိုပါတယ်။

လက်ရှိ အခြေအနေကတော့ ရန်ကုန်မြို့ရော၊ နိုင်ငံတဝန်းလုံးမှာပါ စစ်သားတွေဟာ မျက်ရည်ယိုဗုံးတွေ၊ သေနတ်တွေကို အသုံးပြုပြီး အားလုံးကို သတ်ဖြတ်နေတယ်လို့ အလှမယ် ဟန်လေးက ပြောပြခဲ့ပါတယ်။

Miss Grand Myanmar 2020 အလှမယ် ဟန်လေး (ဓာတ်ပုံ – Han Lay’s Facebook)

လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ ဖြစ်ရပ်တွေကို ကမ္ဘာတဝန်းလုံးဆီ ဝေမျှနိုင်ဖို့ “Miss Grand International” ဆုပိုင်ရှင် ဖြစ်ချင်တယ်လို့လည်း ဆိုပါတယ်။ အကောင်းဆုံးသော ကာကွယ်ခြင်းဟာ နိုင်ငံသားတွေရဲ့ စည်းလုံး ညီညွတ်မှုဖြစ်ပြီး အားလုံးရဲ့ စည်းလုံး ညီညွတ်မှုဟာ နောက်ဆုံးမှာ အနိုင်ရလိမ့်မယ်လို့ ယုံကြည်ကြောင်း ပြောဆိုခဲ့ပါတယ်။

အဆိုပါ Live Chat အပြီးမှာတော့ တခြားနိုင်ငံက အလှမယ်တွေဟာ မြန်မာနိုင်ငံအကြောင်း စိတ်ဝင်တစား မေးလာကြပြီး၊ သူတို့ရဲ့ ပရိသတ်တွေက မြန်မာနိုင်ငံမှာ လက်ရှိ ဘာတွေဖြစ်နေလဲ၊ အခြေအနေတွေ ဘယ်လိုလဲဆိုပြီး လာမေးကြတယ်လို့ ဟန်လေးက ဆိုပါတယ်။

အာဏာရှင် ဆန့်ကျင်ရေးမှာ ပါဝင်ဆန္ဒပြခဲ့တဲ့ အလှမယ် ဟန်လေး (ဓာတ်ပုံ – Han Lay’s Facebook)

“ကျမ ထင်တယ်၊ ကျမ လုပ်နိုင်ခဲ့ပြီ။ ကျမတို့ နိုင်ငံအကြောင်း စိတ်ဝင်စားသူတွေ များလာခဲ့ပြီ။ ကျမရဲ့ သေးငယ်တဲ့ Voice တခုကနေတဆင့် ကျမတို့နိုင်ငံက ပြည်သူတွေအတွက် ကြီးမားတဲ့ Effective attention တခု ပေးနိုင်ခဲ့ပြီ။ ကျမကို Supporting အပြည့်အဝ ပေးနေကြတဲ့ ကျမ Fan တွေအတွက် ကျမ တာဝန် ကျေနိုင်ခဲ့ပြီ။ မြန်မာပြည်ကြီးတွက် တထောင့်တနေရာကနေ ကျမ တတ်နိုင်တဲ့ဘက်က Speak Out လုပ်နိုင်ခဲ့ပြီ။ အားလုံးကို ကျေးဇူးတင်ပါတယ်။ ဟန်လေး ပိုကြိုးစားခဲ့ပါ့မယ်” လို့ ဆိုပါတယ်။

၈ ကြိမ်မြောက် Miss Grand International အလှမယ်ပြိုင်ပွဲဖြစ်တဲ့ “Miss Grand International 2020” ပွဲကို လာမယ့် မတ်လ ၂၇ ရက်နေ့ကျရင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က Show DC Hall မှာ ကျင်းပဖို့ ရှိပါတယ်။ ပြီးခဲ့တဲ့နှစ်မှာ သရဖူ ရရှိခဲ့သူကတော့ ဗင်နီဇွဲလားအလှမယ် Valentina Figuera ဖြစ်ပါတယ်။

Ref. Miss Grand International

You may also like these stories:

အာဏာရှင် ကျရှုံးတဲ့အထိ မတရားမှုတွေကို Speak Out လုပ်သွားမယ့် မြတ်နိုးအေး

“ကမ္ဘာမကြေဘူး” သီချင်းနဲ့ မြန်မာပြည်သူတွေကို ထောက်ခံအားပေးခဲ့တဲ့ ကိုရီးယားအဖွဲ့

တော်လှန်ရေးကို အဆုံးထိ ပါဝင်သွားဖို့ ဆုံးဖြတ်ထားတဲ့ အလင်းရောင်

Did you find apk for android? You can find new Free Android Games and apps.
Loading