• English
Sunday, May 18, 2025
No Result
View All Result
NEWSLETTER

34 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

အကယ်ဒမီ မင်းသမီး ဇင်မာဦးရဲ့ နောက်ဆုံးခရီး

by ဧရာဝတီ
12 March 2021
in Entertainment
A A
အကယ်ဒမီ မင်းသမီး ဇင်မာဦး / Thiha Tin Soe's Facebook

အကယ်ဒမီ မင်းသမီး ဇင်မာဦး / Thiha Tin Soe's Facebook

56.2k
VIEWS
Share on FacebookShare on Twitter

နာမည်ကျော် မင်းသားကြီး၊ သရုပ်ဆောင် သီဟတင်စိုးရဲ့ ဇနီးဖြစ်သူ အကယ်ဒမီ ဇင်မာဦးဟာ မတ်လ ၁၁ ရက်နေ့၊ ညနေ ၃ နာရီ ၁၅ မိနစ်အချိန်က ရန်ကုန်မြို့၊ အောင်ရတနာဆေးရုံမှာ နှလုံး၊ အဆုတ်၊ ကျောက်ကပ် ရောဂါများနဲ့ ကွယ်လွန်သွားတယ်လို့ သိရပါတယ်။

အကယ်ဒမီ ဇင်မာဦးဟာ နှလုံး၊ ကျောက်ကပ်၊ အဆုတ်ရောဂါ ဝေဒနာများကို ခံစားနေရတာဖြစ်ပြီး၊ အဆုတ် ကင်ဆာရောဂါ ခံစားနေရတာ အချိန် ၂ နှစ်ကျော် ရှိပြီလို့ သိရပါတယ်။ ဇင်မာဦးကို ဆေးရုံသို့ အချိန်မီ ပို့ဆောင်ပေးခဲ့ပေမယ့် ကွယ်လွန်သွားခဲ့တာလို့ ဆိုပါတယ်။

RelatedPosts

မဟာ အလက်ဇန္ဒား

မဟာ အလက်ဇန္ဒား

18 May 2025
327
အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

17 May 2025
824
ဂုန်းနိုင်ငံရေး

ဂုန်းနိုင်ငံရေး

17 May 2025
448

“ဆေးရုံအမီ ပို့ဆောင်ပေးနိုင်ခဲ့ပေမယ့် ကွယ်လွန်သွားတဲ့ မဇင်မာဦးအတွက် စိတ်မကောင်းဖြစ်ရပါတယ်။ အောက်စီဂျင်နဲ့ အသက်ဆက်နေရတာ တော်တော် ကြာပါပြီ။ အန္တရာယ်တွေ ကြားထဲကနေ ကိုယ့်အနုပညာလောကထဲက အရမ်းနာမည်ကြီး အောင်မြင်ခဲ့တဲ့ အကယ်ဒမီ မင်းသမီးတဦးကို နေအိမ်ကနေ သွားရောက် သယ်ဆောင်ပြီး အောင်ရတနာဆေးရုံ အရေးပေါ်ဌာနကို ကျနော် ကိုယ်တိုင် သွားရောက် ပို့ဆောင်ပေးခဲ့ပါတယ်”လို့ Hope Charity Myanmar တည်ထောင်သူ ကို Alex Moe က ပြောထားပါတယ်။

ဇင်မာဦးအား Hope Charity မှ အောင်ရတနာဆေးရုံသို့ ပို့ဆောင်ပေးခဲ့စဉ် (ဓာတ်ပုံ – Alex Moe’s Facebook)

“တကယ် တရားရစရာကောင်းတဲ့ ပြောင်းလဲမှုတွေနဲ့ အရင်က ချောမောလှပတဲ့ အကယ်ဒမီ မင်းသမီးရဲ့ အသက်ကို လုပြီး ရှူနေရတဲ့ အခိုက်အတန့်ဟာ စိတ်မသက်မသာ ရှိလှပါတယ်။ တကိုယ်လုံး ဖောရောင်ပြီး သတိလက်လွတ်ဖြစ်နေတဲ့ သူမကိုကြည့်ပြီး ကျနော်တို့လည်း တချိန်ကြုံရမှာပါလားလို့ အသိရမိပါတယ်။ သူမရဲ့ ဆယ်ကျော်သက် သမီး အငယ်ဆုံးလေးက ဘေးနားမှာ ငိုပြီး လိုက်ပါတယ်”

သရုပ်ဆောင် သီဟတင်စိုးနဲ့ ဇင်မာဦးတို့ မိသားစု (ဓာတ်ပုံ – Thiha Tin Soe’s Facebook)

“ဘေးနားမှာတော့ သူမရဲ့ အမျိုးသား အကယ်ဒမီ မင်းသားကြီးက အားပေးပြီး လိုက်ပါခဲ့ပါတယ်။ တချိန်က လျှမ်းလျှမ်းတောက်ခဲ့တဲ့ အကယ်ဒမီ ဆုတွေနဲ့ ဝေဆာခဲ့တဲ့ အကယ်ဒမီ မိသားစုကြီးလည်း လောကဓံကို ရင်ဆိုင်ရတာပါပဲ။ နောက်ဆုံးမှာတော့ လောကကြီးမှာ ဘယ်အရာမှ မမြဲပါလား”လို့ ကို Alex Moe က စိတ်မကောင်းစွာ ဆိုထားပါတယ်။

အကယ်ဒမီ မင်းသမီး ဇင်မာဦး (ဓာတ်ပုံ – Thiha Tin Soe’s Facebook)

သရုပ်ဆောင် ဇင်မာဦးဟာ တခေတ်တခါက နာမည်ကျော်ကြားခဲ့တဲ့ မင်းသမီးတလက် ဖြစ်ပြီး၊ ၁၉၉၃ ခုနှစ်က “သီတာခုနှစ်တန်” (ဆေးရောင်စုံခြယ်) ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကယ်ဒမီ ရရှိခဲ့သူ ဖြစ်ပါတယ်။ ဇင်မာဦးဟာ ကွယ်လွန်ချိန်မှာ အသက် ၅၁ နှစ်အရွယ် ရှိပြီဖြစ်ပြီး၊ ခင်ပွန်း သီဟတင်စိုးနဲ့ သားတဦး၊ သမီးတဦး ကျန်ရစ်ခဲ့ပါတယ်။

ဇင်မာဦးရဲ့ အောင်မြင်ခဲ့တဲ့ ရုပ်ရှင်နဲ့ ဗီဒီယို ဇာတ်ကားများစွာထဲမှာ “ဒိုး” ၊ “စုန်ရေ” ၊ “တိုက်ပွဲခေါ်သံ” ၊ “အလှသစ္စာတရား” ၊ “ငရဲသား” စတဲ့ ရုပ်ရှင်ဇာတ်ကားတွေက ပရိသတ်ကြား အောင်မြင်မှု ရရှိခဲ့တဲ့ ဇာတ်ကားတွေ ဖြစ်ပါတယ်။

Hope Charity မှ ဇင်မာဦးနာရေးအတွက် ကူငွေ ပေးအပ်စဉ် (ဓာတ်ပုံ – Alex Moe’s Facebook)

မင်းသမီး ဇင်မာဦးရဲ့ နာရေးအတွက် Hope Charity Myanmar Foundation မှ သရုပ်ဆောင် သီဟတင်စိုးကို နာရေး အကူငွေ ကူညီ ပေးအပ်ခဲ့ပြီး၊ ကွယ်လွန်သူ ဇင်မာဦးအား ယနေ့၊ မတ်လ ၁၂ ရက်နေ့၊ မနက် ၁၁ နာရီအချိန်၊ အောင်ရတနာဆေးရုံကနေ ရေဝေးသုသာန်သို့ ပို့ဆောင် သင်္ဂြိုဟ်သွားမယ်လို့ သိရပါတယ်။

You may also like these stories:

မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အခြေအနေအကြောင်း ထုတ်ပြောခဲ့တဲ့ အလှမယ် ဟန်လေး

အာဏာရှင် ကျရှုံးတဲ့အထိ မတရားမှုတွေကို Speak Out လုပ်သွားမယ့် မြတ်နိုးအေး

“ကမ္ဘာမကြေဘူး” သီချင်းနဲ့ မြန်မာပြည်သူတွေကို ထောက်ခံအားပေးခဲ့တဲ့ ကိုရီးယားအဖွဲ့

Your Thoughts …
Tags: စုန်ရေဇင်မာဦးဒိုးသီတာခုနှစ်တန်သီဟတင်စိုးအကယ်ဒမီ မင်းသမီး
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

သရုပ်ဆောင် ဇင်မာဦးရဲ့ ဈာပန / Thant Sin YT's Facebook

သရုပ်ဆောင် ဇင်မာဦး ကွယ်လွန်မှုအပေါ် အနုပညာရှင်များရဲ့ ဝမ်းနည်းစကား

by ဧရာဝတီ
12 March 2021
12.8k

“ဇင်မာဦး ဆုံးပါးသွားပြီလို့ ဖတ်လိုက်ရတယ်။ စိတ်ထိခိုက် ကြေကွဲရပြန်ပြီ။ အရမ်း စိတ်ထိခိုက်တယ်။ ထပ်တူ ခံစားရတယ်။

ဒေါ်ခင်မာမြင့်  / ထက်ဝေ /  ဧရာဝတီ

သီဟတင်စိုး အဓမ္မပြုကျင့်ခဲ့ကြောင်း ဒေါ်ခင်မာမြင့် ထွက်ဆို

by လဲ့လဲ့
5 September 2018
86.8k

ရုပ်ရှင်နှင့် ဗီဒီယို သရုပ်ဆောင် သီဟတင်စိုးသည် ၎င်းအား အမှန်တကယ် အဓမ္မပြုကျင့်ခဲ့သည်ဟု အိမ်အကူ ဒေါ်ခင်မာမြင့်က ယနေ့ တရားခွင်တွင် ထွက်ဆိုခဲ့သည်။

သရုပ်ဆောင် လူမင်း / ဧရာဝတီ

“အစ်ကို ဖြစ်သူအတွက် ကျနော့် ဇနီးကလည်း မအိပ်နိုင်၊ မစားနိုင်တွေ ဖြစ်ခဲ့ရတယ်”

by ချစ်ပိုး
18 July 2018
87.3k

“ယောကျာ်းဖြစ်တဲ့ သူက အချုပ်ထဲကို တန်းဝင်ပြိး အချုပ်ထဲကနေမှ ရုံးချိန်း ထွက်ရှင်းရတယ် ဆိုတဲ့ ဥပဒေကြီးကလည်း အငြင်းပွားဖွယ်ရာ ဥပဒေကြီးပဲ။

သရုပ်ဆောင် အကယ်ဒမီ သီဟတင်စိုး  / Thiha Tin Soe's Facebook

အိမ်အကူကို အဓမ္မပြုကျင့်မှုနဲ့ စုံစမ်းစစ်ဆေးခံနေရတဲ့ သရုပ်ဆောင် သီဟတင်စိုး

by ချစ်ပိုး
16 July 2018
54.5k

"အမှုဖွင့်ခံထားရတဲ့သူက သရုပ်ဆောင် သီဟတင်စိုးပါ။ ညက သူ့ကို အဓမ္မပြုကျင့်မှုနဲ့ အမှုလာဖွင့်ထားပါတယ်။ (ပ) ၃၈၆/၁၈ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၇၆ လက်ရှိမှာတော့ စုံစမ်းဆဲ၊ စိစစ်ဆဲ မလို့ သူ့ကိုဖမ်းထားတာမျိုး မရှိပါဘူး"

သရုပ်ဆောင် သီဟတင်စိုးတို့ မိသားစု  / Thiha Tin Soe's Facebook

“သူတို့ကို တရားပြန်စွဲမယ်လို့ ပြောတယ်၊ အတိအကျတော့ မသိသေးပါဘူး”

by ချစ်ပိုး
19 July 2018
33.7k

"သူတို့ တရားစွဲတော စိ့တ်မကောင်းတော့ ဖြစ်မိတယ်။ ပရိသတ်အားလုံးကို ကျေးဇူးတင်ပါတယ်။ ကျနော့် အဖေကို ဝန်းရံပေးတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်”

ရှင်းလင်းပွဲပြုလုပ်ခဲ့တဲ့ သီဟတင်စိုး   / မျိုးမင်းစိုး / ဧရာဝတီ

“ကျနော့်ဘက်က အသရေဖျက်မှုနဲ့ တရားပြန်စွဲမှာပါ”

by ချစ်ပိုး
24 August 2018
11.7k

“ပရိသတ်ပေးတဲ့ ဒဏ်နဲ့တင် သူအတွက် တော်တေ်ာပြင်းထန်နေပါပြီ။ ဒါပေမယ့် ကျနော့်ဘက်က ခွင့်လွှတ်ပေးချင်ပါတယ်။

Next Post
နေပြည်တော်ရှိ နိုင်ငံခြားရေးရုံး

တရုတ် သတင်းပေါက်ကြားမှုဖြင့် နိုင်ငံခြားရေး ဝန်ထမ်း ၂ ဦး အဖမ်းခံရ

ထိုင်းနိုင်ငံမှာ AstraZeneca ကိုဗစ် ကာကွယ်ဆေး ထိုးနှံရေး ကြန့်ကြာဦးမယ်လို့ ဆိုပါတယ်။

ထိုင်းမှာ ကိုဗစ် ကာကွယ်ဆေး AstraZeneca ထိုးနှံမယ့် အစီအစဉ် ရပ်ဆိုင်းထား

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

6 days ago
7.3k
မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

6 days ago
3.4k

Most Read

  • စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    shares
    Share 0 Tweet 0
  • ၃၇ မင်းကစတဲ့ ဇာတ်လမ်း

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

    shares
    Share 0 Tweet 0
  • ဖိလစ်ပိုင်ရွေးကောက်ပွဲက ဒူတာတေး နိုင်ငံရေးဆက်ရှင်သန်ရန် အခွင့်အလမ်းပေး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate