သရုပ်ဆောင် အလင်းရောင်ကတော့ အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ ကိုယ်တိုင် တက်ကြွစွာ ပါဝင်ခဲ့ပြီး၊ ယခုနောက်ပိုင်းမှာလည်း ဆန္ဒပြပွဲအတွင်း သေနတ် ထိမှန်မှုကြောင့် သေဆုံးခဲ့သူများအတွက် လိုအပ်တဲ့ နေရာများသို့ သွားရောက်ကာ စုပေါင်း လှူဒါန်းမှုများ ပြုလုပ်လျက်ရှိပါတယ်။
“ကျနော်တို့ သူငယ်ချင်း မိတ်ဆွေများ၊ စေတနာရှင် ပြည်သူများနဲ့ ပရိသတ်များရဲ့ စုပေါင်း လှူဒါန်းငွေများထဲမှ လှိုင်သာယာမြို့နယ်ဘက်ခြမ်းရှိ စားစရာရိက္ခာ အခက်အခဲဖြစ်နေတဲ့ ပြည်သူများအတွက် လှူဒါန်းငွေများ၊ စားနပ်ရိက္ခာများ ဆက်သွယ် ပေးအပ်ခဲ့ပါတယ်”
“ကိုယ်တိုင် သွားရောက်ပေးတဲ့ မိတ်ဆွေ၏ လုံခြုံရေးအတွက် ဓာတ်ပုံ မရိုက်၊ မတင်တာကို နားလည်ပေးစေလိုပါတယ်။ ဘယ်လို အခြေအနေမျိုးမှာပဲဖြစ်ဖြစ် ပြည်သူနဲ့ တသားတည်း ဆက်လက် တိုက်ပွဲဝင်မှာဖြစ်ပြီး လိုအပ်သည်များကို ဆက်လက် ကူညီပံ့ပိုးသွားပါမယ်”လို့ အလင်းရောင်က ဆိုပါတယ်။
အလင်းရောင်ကတော့ ဘယ်လို အခြေအနေမျိုးပဲဖြစ်ဖြစ် ပြည်သူနဲ့အတူ တသားတည်း ရပ်တည် တိုက်ပွဲဝင်သွားမှာဖြစ်ပြီး၊ လိုအပ်သည်များကို ဆက်လက် ပံ့ပိုးကူညီသွားမယ်လို့ ဆိုပါတယ်။
“ယခုအချိန်မှာ သွားလာရေး အခက်အခဲနဲ့ ဆက်သွယ်ရေး အခက်အခဲများကြောင့် အနည်းငယ် ကြန့်ကြာနေရခြင်းကိုလည်း နားလည် ခွင့်လွှတ်ပေးပါခင်ဗျာ။ ပါဝင်လှူဒါန်းကြသူ အားလုံးကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်”လို့ အလင်းရောင်က ပြောထားပါတယ်။
အလင်းရောင်နဲ့အတူ ခင်ဝင့်ဝါကလည်း အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ တက်ကြွစွာ ပါဝင်ခဲ့သလို လှူဒါန်းမှုများမှာလည်း တတ်အားသရွေ့ ပါဝင်ပေးနေပါတယ်။
ခင်ဝင့်ဝါက “ဘယ်လို အခြေအနေမျိုးမှာပဲဖြစ်ဖြစ် ပြည်သူနဲ့ တသားတည်း ဆက်လက် တိုက်ပွဲဝင်သွားမှာဖြစ်ပြီး၊ လိုအပ်သည်များကို ဆက်လက် ကူညီပံ့ပိုးသွားပါမယ်”လို့ ဆိုပါတယ်။
သရုပ်ဆောင် အလင်းရောင်၊ ခင်ဝင့်ဝါနဲ့ အလှူရှင်များ စုပေါင်းကာ အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲအတွင်း သေဆုံးခဲ့ရသူ ကိုဇော်ဇော်မိုးနဲ့ မောင်ဝေယံမောင်မောင်တို့ထံ ပြီးခဲ့တဲ့ မတ်လ ၁၃ ရက်နေ့က သွားရောက် လှူဒါန်းခဲ့ပါသေးတယ်။
“ကျနော်တို့ သူငယ်ချင်း မိတ်ဆွေများ၊ စေတနာရှင်ပြည်သူများနဲ့ ပရိသတ်များရဲ့ စုပေါင်း လှူဒါန်းငွေများထဲမှ ကျဆုံးသွားတဲ့ အာဇာနည် ကိုဇော်ဇော်မိုး အသက် (၃၆ နှစ်) နှင့် အာဇာနည် မောင်ဝေယံမောင်မောင် (ခ) မန်ဆွန်းခိုင် အသက်(၂၇) နှစ်တို့အတွက် ကျန်ရစ်သူ မိသားစုများကို ဆက်သွယ်၍ သွားရောက် ပေးအပ်ခဲ့ပါတယ်”လို့ အလင်းရောင်က ဆိုထားပါတယ်။
You may also like these stories:
သရုပ်ဆောင် ဇင်မာဦး ကွယ်လွန်မှုအပေါ် အနုပညာရှင်များရဲ့ ဝမ်းနည်းစကား
အမေရိကန်မှာ ကိုဗစ် ကာကွယ်ဆေး ထိုးနှံခဲ့တဲ့ ဥက္ကာမင်းမောင်
“တချို့ မိတ်ဆွေတွေကို ရင်နာနာနဲ့ စွန့်လွှတ်ခဲ့ရပြီ”လို့ မင်းမော်ကွန်း ဆို