Entertainment

လှိုင်သာယာရဲ့ လက်ရှိ မြေပြင် အခြေအနေကို ပြောပြတဲ့ သည်ခေတ်နေ

Want create site? Find Free WordPress Themes and plugins.

အခြေခံ လူတန်းစားတွေနဲ့ အလုပ်သမား အင်အားစု အများဆုံး နေထိုင်ရာ လှိုင်သာယာမြို့နယ်တွင်းက သပိတ်တွေကို ပြီးခဲ့တဲ့ ရက်တွေတုန်းက စစ်တပ်နဲ့ ရဲတပ်ဖွဲ့မှ အကြမ်းဖက် ဖြိုခွင်း ပစ်ခတ်တာတွေ ရှိခဲ့တာကြောင့် ဒါရိုက်တာ သည်ခေတ်နေဟာ စက်မှုလုပ်သား မိတ်ဆွေတယောက်ကို နိုင်သလောက် ကူညီဖို့ လှိုင်သာယာကို ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

“ကျနော် ဒီမနက်ပဲ ကျနော်တို့ ရုပ်ရှင်ထဲက စက်မှုလုပ်သား မိတ်ဆွေတယောက်ကို နိုင်သလောက်လေး ကူညီဖို့ လှိုင်သာယာကို ရောက်ခဲ့ပါတယ်။ လမ်းကြောင်းအခြေအနေအရ သွားရတာ နည်းနည်းအန္တရာယ်များတယ် ဆိုပေမယ့် လှိုင်သာယာကို တပ်က ပုံမှန်အခြေအနေ ရောက်အောင် ဇွတ်အတင်းသွတ်သွင်း လုပ်ယူနေတဲ့ပုံပါပဲ။ စစ်တပ်က နေရာတော်တော်များများမှာ တပ်စွဲထားပြီး အချိန်မှန် ကင်းလှည့်နေတယ်လို့လည်း ပြောပါတယ်”လို့ သည်ခေတ်နေက ပြောပါတယ်။

သေနတ်တွေ ထောက်ပြီး လမ်းတွေ အတင်းရှင်းခိုင်းပေမယ့် ရတဲ့နေ့ ရသလို ပြန်လည် တော်လှန်ကြမယ်ဆိုတဲ့ အသံတွေလည်း ကြားခဲ့ရတယ်လို့ ဆိုပါတယ်။

လက်ရှိ လှိုင်သာယာ အခြေအနေ (ဓာတ်ပုံ – The Khit Nay’s Facebook)

“တချို့မျက်နှာပေါ်မှာ ကြောက်ရွံ့ရိပ်တွေ တွေ့ရပေမယ့် တချို့မျက်နှာပေါ်မှာတော့ ကြောက်ရွံ့ခြင်း အလျဉ်းမရှိ တွယ်တာစရာ မရှိတော့တဲ့ ပုံစံတွေပါ။ စားဝတ်နေရေး အကျပ်အတည်း ဖြစ်နေကြပေမယ့် တဝမ်းတခါးကို မေ့ပြီး နာကျည်းမှုအပြည့် မျက်နှာတွေက အများစုပါ”

“သေနတ်တွေ ထောက်ပြီး လမ်းတွေ အတင်း ရှင်းခိုင်းပေမယ့် ရတဲ့နေ့ ရသလို ပြန်လည် တော်လှန်ကြမယ်ဆိုတဲ့ အသံတွေလည်း ကြားခဲ့ပါတယ်။ သေချာပါတယ်။ ကျနော်တို့ ပြည်သူတွေ သွေးမအေးကြပါဘူး။ အရေးတော်ပုံ အောင်တော့မည်”လို့ သည်ခေတ်နေက ပြောထားပါတယ်။

ဒါရိုက်တာ သည်ခေတ်နေကတော့ လှိုင်သာယာအထိ သွားရောက်ခဲ့ကာ သူ့ရဲ့ အတွေ့အကြုံတွေကို လူမှုကွန်ရက် အကောင့်မှာ မျှဝေ ပြောပြထားတာ ဖြစ်ပါတယ်။ သည်ခေတ်နေဟာ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ တက်ကြွစွာ ပါဝင် ဆန္ဒဖော်ထုတ်နေတဲ့ အနုပညာရှင်တဦး ဖြစ်ပါတယ်။

You may also like these stories:

“မြန်မာ့နွေဦး တော်လှန်ရေးကနေ အာရှအထိ ကူးစက်လာပြီ”

တရုတ်မှ တင်သွင်းတဲ့ အစားအစာများကို Boycott လုပ်ဖို့ တိုက်တွန်းတဲ့ ဟိဏ်းသစ်

“စိတ်ဓာတ်ကို အမြင့်ဆုံးထိထားပြီး အနိုင်ယူကြရအောင်”လို့ ဒေါင်း ပြော

Did you find apk for android? You can find new Free Android Games and apps.
Loading