Entertainment

ရခိုင်ပြည်နယ် စစ်ဘေးရှောင်စခန်းများကို ကိုယ်တိုင် သွားလှူပေးမယ့် အဆိုတော် ရှိုင်း

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ တိမ်ညိုစစ်ဘေးရှောင်စခန်း မီးဘေးသင့်ခဲ့တာကြောင့် စခန်းတခုလုံးနီးပါး မီးလောင်ပြာကျခဲ့တဲ့နေရာမှ မီးဘေးသင့် အိမ်ထောင်စုများအတွက် အလှူငွေ ကောက်ခံခဲ့တဲ့ ငွေကြေးများကို အင်တာနက် အခက်အခဲကြောင့် ကိုယ်တိုင်သွားရောက် လှူဒါန်းသွားမယ်လို့ အဆိုတော် ရှိုင်းက ဆိုပါတယ်။

“တိမ်ညို စစ်ဘေးရှောင်စခန်း မီးဘေးသင့်အတွက် အလှူငွေ လက်ခံရာမှာ အစကတော့ ငွေပမာဏ ဒီလောက် အများကြီး ဝိုင်းလှူမယ်လို့ မထင်ထားတဲ့အတွက် အရင် ချိတ်ဆက်ထားတဲ့ သူတွေဆီ ဒီအတိုင်းထည့်ပေးလိုက်ဖို့ပဲ စီစဉ်ထားပေမယ့် အခုများပြားလှတဲ့ ငွေပမာဏကြောင့်ရယ်၊ အင်တာနက် ဖြတ်တောက်မှု အခက်အခဲကြောင့်ရယ်၊ ရန်ကုန်မှာ ငွေသားထုတ်ယူဖို့ အခက်အခဲ အရမ်းဖြစ်တာကြောင့်ရယ်”

“အလှူရှင်တွေရဲ့ ယုံကြည်မှုအတွက် တာဝန်ယူ၊ တာဝန်ခံမှု အရမ်းကြီးတာကြောင့်ရယ်၊ အဓိကကတော့ အားလုံးရဲ့ အလှူငွေတွေ ဒုက္ခရောက်နေသူတွေဆီ စိတ်ချလက်ချ ထည့်ပေးနိုင်ဖို့ရယ်အတွက် ကျနော် ကိုယ်တိုင် ရခိုင်ကို ခဏသွားပြီး ဆောင်ရွက်ဖို့ လိုအပ်လာတာကြောင့် ကျနော် Flight နဲ့ စစ်တွေကို ဆင်းလာခဲ့ပါတယ်” လို့ အဆိုတော် ရှိုင်းက ပြောပါတယ်။

မတ်လ ၂၁ ရက်နေ့က စစ်တွေကို ဆင်းသွားပြီဖြစ်ပြီး လှူဒါန်းထားတဲ့ ငွေကြေးများကို စီမံခန့်ခွဲပြီးပါက တိမ်ညို စစ်ဘေးရှောင်စခန်းအထိ ကိုယ်တိုင်သွားရောက် လှူဒါန်းမှာဖြစ်ကြောင်း သိရပါတယ်။

“ငွေသားထုတ်ယူဖို့ ကိစ္စအဝဝကိုလည်း စစ်တွေမှာ အားလုံး ချိတ်ဆက်ပြီးပြီမို့ ကျနော်ကိုယ်တိုင် သွားရောက် ထုတ်ယူပြီးရင် ငွေသားတွေကို စီမံ ခန့်ခွဲပြီး ဒီရက်ပိုင်းအတွင်း တိမ်ညို စစ်ဘေးရှောင်စခန်းအထိ ကိုယ်တိုင် သွားရောက် လှူဒါန်းပေးပါ့မယ်” လို့ ရှိုင်းက ဆိုပါတယ်။

မီးဘေးသင့်ခဲ့တဲ့ တိမ်ညိုစစ်ဘေးရှောင်စခန်း

ရရှိထားတဲ့ အလှူငွေပေါင်း သိန်း ၂၅,၁၂၆,၁၉၅ (နှစ်ရာ ငါးဆယ့်တသိန်း နှစ်သောင်းခြောက်ထောင် တရာ့ငါးဆယ်ကျပ်) တိတိကို လက်ခံရရှိခဲ့တယ်လို့ သိရပါတယ်။

“အလှူငွေ လက်ခံမှုကို ၁၉ ရက်နေ့ညတည်းက စာရင်းပိတ်ဖို့ ကြေညာခဲ့ပေမယ့် ထပ်မံ လှူဒါန်းလိုသူတွေ လာပြောတာတွေ ရှိတာကြောင့် လက်ခံပေးခဲ့ပြီး လှူဒါန်းမှု မှတ်တမ်းတင်တဲ့အခါမှသာ အလှူရှင်စာရင်းမှာ အားလုံးကို ပေါင်းထည့်ပေးပါ့မယ်ခင်ဗျာ။ လှူဒါန်းကြသူများအားလုံးကို ကျေးဇူး အထူးတင်ရှိပါတယ်။ အဖ ရခိုင်ပြည်ကြီး အေးချမ်းပါစေ။ အမိ မြန်မာနိုင်ငံတော်ကြီးလည်း အေးချမ်းပါစေ။ အာဏာရှင် စနစ်မှန်သမျှ ကျရှုံးပါစေ။ အားလုံးဘေးအန္တရာယ် ကင်းဝေးကြပါစေ”လို့ ရှိုင်းက ပြောထားပါတယ်။

အဆိုတော် ရှိုင်းကတော့ ရခိုင်ပြည်သားတဦးဖြစ်ပြီး အဆိုပါ တိမ်ညိုစစ်ဘေးရှောင်များအတွက် အလှူခံမှုကို လွန်ခဲ့တဲ့ ၃ ရက်ခန့်က အွန်လိုင်းပေါ်မှတဆင့် အလှူခံခဲ့တာ ဖြစ်ပါတယ်။

မီးဘေးသင့်ခဲ့တဲ့ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ တိမ်ညို စစ်ဘေးရှောင်စခန်းမှာတော့ မီးလောင်အိမ်ထောင်စု ၆၆၃ စု၊ ထိခိုက်ဦးရေ ၂၅၆၅ ယောက် ထိခိုက်ခဲ့တယ်လို့ သိရပါတယ်။

You may also like these stories:

မြန်မာဆန္ဒပြသူတွေကို ထောက်ခံလိုက်တဲ့ မင်းသမီး Michelle Yeoh

လှိုင်သာယာရဲ့ လက်ရှိ မြေပြင် အခြေအနေကို ပြောပြတဲ့ သည်ခေတ်နေ

“မြန်မာ့နွေဦး တော်လှန်ရေးကနေ အာရှအထိ ကူးစက်လာပြီ”

Did you find apk for android? You can find new Free Android Games and apps.
Loading