Entertainment

မတ်လ ၂၄ ရက်နေ့ “Silent Strike” မှာ လူညီကြဖို့ ပိုင်ဖြိုးသု တိုက်တွန်း

Want create site? Find Free WordPress Themes and plugins.

တနိုင်ငံလုံး အတိုင်းအတာနဲ့ မတ်လ ၂၄ ရက်နေ့မှာ “Silent Strike” (တိတ်ဆိတ်ခြင်း သပိတ်) လုပ်ရန် ကမ်ပိန်းတခု ပြုလုပ်ထားပြီး အဆိုပါကမ်ပိန်းမှာ လူညီစွာနဲ့ ပါဝင်ဖို့ ပိုင်ဖြိုးသုက တိုက်တွန်းထားပါတယ်။

“မတ်လ ၂၄ ရက်မှာ Silence Strike ဆိုပြီး စတက်လာတော့ Psywar မိမယ်။ မလုပ်ဘူးဆိုတဲ့သူ‌တွေကတဖက်၊ လက်ခံတယ် လုပ်ကြမယ်ဆိုတဲ့သူ တဖက် ကွဲသွားကြပါတယ်။ မှန်ရာဝန်ခံရရင် ကျမကိုယ်တိုင်လည်း တကယ်လား Psywar လားနဲ့ ဝေခွဲမရခဲ့ပါ”လို့ ပြောပါတယ်။

“ဒါပေမဲ့ ကျမတို့တွေက လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ Freya Cole လို Twitter မှာ Blue mark ရထားတဲ့ International Broadcast journalist တယောက် ကိုယ်တိုင်က မြန်မာတွေရဲ့ဆန္ဒပြနည်းပုံစံအသစ်လို ရေးတင်ထားတာမို့ သေချာတာတော့ မြန်မာ့နွေဦးတော်လှန်ရေးကို စောင့်ကြည့်နေတဲ့ ကမ္ဘာ့သတင်း မီဒီယာ တော်တော်များများက ဒီ “Silence Strike” ကို စောင့်ကြည့်နေကြတော့မှာပါ။ အဲဒီတော့ ကျမတို့ မြန်မာပြည်သူပြည်သား တိုင်းရင်းသားမောင်နှမတွေ အားလုံး ဘယ်လောက်ထိစည်းလုံးတယ်၊ ဒီမိုကရေစီကို လိုလားတယ်ဆိုတာ သက်သေပြရပါတော့မယ်”လို့ ပိုင်ဖြိုးသုက ပြောပါတယ်။

မြန်မာ့နွေဦးတော်လှန်ရေးကို စောင့်ကြည့်နေတဲ့ ကမ္ဘာ့သတင်းမီဒီယာ တော်တော်များများကလည်း အဆိုပါ Silent Strike ကို စောင့်ကြည့်နေမှာဖြစ်တဲ့အတွက် မြန်မာပြည်သူပြည်သားများ ဘယ်လောက်ထိ စည်းလုံးကြောင်းကို သက်သေပြရတော့မှာဖြစ်တယ်လို့ ဆိုပါတယ်။

မတ်လ ၂၄ ရက်နေ့မှာ ပြုလုပ်မယ့် “Silent Strike”

“၂၄ ရက်နေ့ တရက်ကို လမ်းပေါ်မှာ ကားမရှိ၊ လူမရှိ ဆိုင်အားလုံး မထွက်တဲ့ နည်းနဲ့ ဆန္ဒပြကြရအောင်။ မြေပြင်မှာ နေ့တိုင်းရှိသူတွေလည်း အဲ့နေ့တရက်ကို အိမ်ထဲမှာပြန်နေပြီး အနားယူ အားဖြည့်ပေးကြပါ။ ဆိုင်ရှင်တွေကိုလည်း အားလုံးစီးပွားရေး ခက်ခဲနေတယ်ဆိုတာ သိပေမယ့် အဲ့နေ့ တရက်ကို ပိတ်ပေးကြပါလို့ ရှေ့မျက်နှာနောက်ထား တောင်းဆိုပါတယ်”လို့ ပိုင်ဖြိုးသုက ပြောပါတယ်။

၂၄ ရက်နေ့ တရက်တည်းကိုပဲ မြေပြင်မှာ နေ့တိုင်းရှိတဲ့သူတွေက အိမ်ထဲမှာပြန်နေ၍ အားဖြည့်ပြီး စီးပွားရေးလုပ်နေတဲ့ ဆိုင်ရှင်များက ၂၄ ရက်နေ့ တရက်ကို ပိတ်ပေးကြဖို့အတွက် တောင်းဆိုထားပါတယ်။

“၂၄ ရက်တရက် နားရမယ်ဆိုတာ ကျမတို့ရဲ့ဆန္ဒပြသူရဲကောင်းတွေပဲ မဟုတ်ပါဘူး။ တိတ်ဆိတ်ခြောက်ကပ်သွားအောင် ဘယ်သူဆို ဘယ်သူမှ အိမ်ထဲက အိမ်ပြင်မထွက်မှ စောင့်ကြည့်သူတွေ ရှိနေတဲ့ “Silence Strike” က အောင်မြင်မှာပါ။ အနီးဆုံးဥပမာပေးရရင် COVID ပထမလှိုင်းရဲ့သင်္ကြန်တဝိုက် Lockdown လိုပေါ့။ တယောက်ယောက်က အပြင်ထွက်လိုက်တာနဲ့ ကျမတို့ရဲ့ Silence Strike ကအထမမြောက်ဘဲ သပိတ်တွေ အားနည်းသွားတဲ့ လက်လျှော့သွားတဲ့ သဏ္ဍာန်ပဲ ဖြစ်သွားမှာပါ” လို့ ပိုင်ဖြိုးသုက ပြောပါတယ်။

၂၄ ရက်နေ့ တရက်ကို Silent Strike မှာ ပါဝင်ပြီးပါက နောက်ရက်တွေမှာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ လူအင်အားပြဖို့ လိုကြောင်း ပြောပါတယ်။

သရုပ်ဆောင် ပိုင်ဖြိုးသု (ဓာတ်ပုံ – Paing Phyoe Thu’s Facebook)

“အရေးကြီးတာက ၂၄ရက် တရက် နားပြီးတာနဲ့လည်း ၂၅ ရက်ရောက်တာနဲ့ ကိုယ့်နည်းကိုယ့်ဟန်နဲ့လူအင်အားပြန်ပြဖို့ လိုပါတယ်။ ဒါမှ ကျမတို့ ၂၄ ရက်တရက် မထွက်ခဲ့တာ Silence Strike လုပ်နေခဲ့ရုံ သက်သက်ဖြစ်ပြီး သွေးအေးသွားတာ မဟုတ်ဘူးလို့ သက်သေပြပြီးသား ဖြစ်မှာပါ။ ၂၄ ရက်တရက် Silence Strike မှာ လူညီကြရအောင်နော်” လို့ ပိုင်ဖြိုးသုက ပြောထားပါတယ်။

မတ်လ ၂၄ ရက်နေ့ “Silent Strike” မှာတော့ လမ်းမများပေါ်မှာ ကားမရှိ၊ လူမရှိ၊ ဆိုင်မဖွင့်ဘဲ အိမ်ထဲမှာနေကြရမှာဖြစ်ပြီး ကျဆုံးသွားတဲ့ သူရဲကောင်းများအတွက် ငြိမ်သက် တိတ်ဆိတ်ပေးခြင်း၊ ကုန်ခမ်းသွားတဲ့ အားအင်များ ပြန်လည် ဖြည့်တင်းခြင်း၊ စစ်သွေးကြွ အကြမ်းဖက်အုပ်စုရဲ့ ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီဆိုတဲ့ စကားကို ချေဖျက်ဆန့်ကျင်ကြောင်း ပြသကြမှာပဲ ဖြစ်ပါတယ်။

You may also like these stories:

“မှန်တယ်ထင်လို့ လုပ်တာ၊ အခန့်မသင့်ရင် အသတ်ခံရနိုင်တယ်”လို့ ပိုင်တံခွန် ပြော

လှိုင်သာယာက ပြည်သူများကို တတ်နိုင်သလောက် ကူညီပေးတဲ့ သန္တာလှိုင်

မှားဝင်လာတဲ့ ဖုန်းနံပါတ်တခုကြောင့် စိတ်မကောင်းစရာ ကြုံခဲ့ရတဲ့ ပိုးမမှီသာ

Did you find apk for android? You can find new Free Android Games and apps.
Loading