အခြေခံ လူတန်းစားတွေနဲ့ အလုပ်သမား အင်အားစု အများဆုံး နေထိုင်ရာ လှိုင်သာယာမြို့နယ်ကို ဒုတိယအကြိမ် ရောက်ရှိခဲ့တဲ့ ဒါရိုက်တာ သည်ခေတ်နေက မိုဘိုင်းဒေတာတွေ မရကတည်းက နေရာ တော်တော်များများ အမှောင်ချလိုက်သလိုပဲလို့ ဆိုပါတယ်။
“ဒီနေ့ မနက်တည်းက ကျနော်တို့တွေ အကြောင်းတခုနဲ့ လှိုင်သာယာကို ဒုတိယအကြိမ် ရောက်ရှိနေခဲ့ပါတယ်။ တနေ့လုံး အွန်လိုင်းနဲ့ အဆက်အသွယ် ပြတ်နေရတဲ့ ကျနော်တို့တောင် အိမ်ပြန်ရောက်မှ ဘာတွေဖြစ်နေပြီလဲဆိုတာ သတင်းတွေကို မနည်းပြန်လိုက်နေရတာ။ လှိုင်သာယာမှာ ဝိုင်ဖိုင်ရတဲ့အိမ် အတော်နည်းပါတယ်”
“မိုဘိုင်းဒေတာတွေ မရကတည်းက နေရာတော်တော်များများကို အမှောင်ချလိုက်သလိုပါပဲ။ ဒီဘက်မှာ ဖြစ်နေတာတွေလည်း ဟိုဘက်က သိပ်မသိရတော့သလို ဟိုဘက်မှာ ဖြစ်နေတာတွေလည်း ဒီဘက်က ပြန်သိဖို့ ဆိုတာ အချိန်နဲ့ တပြေးညီ အရေးကြီးပါတယ်”လို့ သည်ခေတ်နေက ပြောပါတယ်။
လှိုင်သာယာမှာ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးခန်း ပြန်ဖွင့်ထားပြီး အထဲမှာ လူတွေ အလုပ်လုပ်နေကြတာကို ဝမ်းနည်းစွာ တွေ့ရှိခဲ့ရတယ်လို့ သည်ခေတ်နေက ဆိုပါတယ်။
“ဒီနေ့အတွက် ကျနော်တို့ မမြင်ချင်ဆုံး မြင်ကွင်းတခုကတော့ ကျနော်တို့ ရောက်ရှိခဲ့တဲ့ ရပ်ကွက်တခုမှာ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးခန်းကို ပြန်ဖွင့်ထားပြီး အထဲမှာ လူတွေ အလုပ်လုပ်နေကြတာကို ဝမ်းနည်းစွာ တွေ့ရှိခဲ့ရတယ်။ ဒါကလည်း ဘယ်လို ခြိမ်းခြောက်မှုနဲ့ဆိုတာ ကျနော်တို့အားလုံး သိပါတယ်”
“လမ်းပေါက်စေ့ကို သေနတ်ပစ်ခတ်ပြီး နေ့စဉ်ဖိနှိပ် ခြိမ်းခြောက်နေလို့သာ လှိုင်သာယာ ခဏငြိမ်နေ ရတာ။ လှိုင်သာယာ ပြန်ထကြွတဲ့နေ့ကတော့ “မင်းအောင်လှိုင်တပ် မိုးမီးလောင်တဲ့နေ့” ရောက်တော့မှာ မြင်ယောင်နေပါတယ်”လို့ သည်ခေတ်နေက ပြောထားပါတယ်။
ဒါရိုက်တာ သည်ခေတ်နေကတော့ လှိုင်သာယာအထိ သွားရောက်ခဲ့ကာ သူ့ရဲ့ အတွေ့အကြုံတွေကို မျှဝေ ပြောပြထားတာ ဖြစ်ပါတယ်။ သည်ခေတ်နေဟာ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ တက်ကြွစွာ ပါဝင် ဆန္ဒဖော်ထုတ်နေတဲ့ အနုပညာရှင်တဦးလည်း ဖြစ်ပါတယ်။
You may also like these stories:
မတ်လ ၂၄ ရက်နေ့ “Silent Strike” မှာ လူညီကြဖို့ ပိုင်ဖြိုးသု တိုက်တွန်း
“မှန်တယ်ထင်လို့ လုပ်တာ၊ အခန့်မသင့်ရင် အသတ်ခံရနိုင်တယ်”လို့ ပိုင်တံခွန် ပြော
လှိုင်သာယာက ပြည်သူများကို တတ်နိုင်သလောက် ကူညီပေးတဲ့ သန္တာလှိုင်