CDM – Civil Disobedience Movement (အာဏာဖီဆန်ရေး လှုပ်ရှားမှု) မှာ ပါဝင်ကြတဲ့ CDM Heroes များကို ပြည်သူများက ပြန်လည် ဂုဏ်ပြုတဲ့အနေနဲ့ နေ့စဉ် ည ၇ နာရီ ၄၅ မိနစ် အချိန်မှာ အိမ်ရှေ့ထွက်ကာ ၅ မိနစ်ခန့် လက်ခုပ်တီးခြင်းဖြင့် ဂုဏ်ပြုပေးဖို့ အဆိုတော် Mary က တိုက်တွန်း နှိုးဆော်ထားပါတယ်။
“Mary တို့ တိုင်းပြည်အတွက် သူရဲကောင်းတွေဖြစ်တဲ့ CDM ကို အဆုံးထိလုပ်ကြတဲ့ ပြည်သူ့ဝန်ထမ်းတွေ၊ ဆရာဝန်တွေ၊ အင်ဂျင်နီယာတွေကအစ ဘဏ်လုပ်သား၊ ရှေ့နေများအလယ် မီးရထားနဲ့ စည်ပင်ဝန်ထမ်းများ အဆုံးထိ ရွပ်ရွပ်ချွံချွံ ပါဝင် တိုက်ပွဲဝင်ကြသော CDM Heroes များကို Mary တို့ ပြည်သူတွေကလည်း ပြန်လည် ဂုဏ်ပြုတဲ့အနေနဲ့ ဒီနေ့မှစပြီး နေ့စဉ် ည ၇ နာရီ ၄၅ တွင် အိမ်ရှေ့ထွက်၍ ၅ မိနစ်ခန့် လက်ခုပ်တီးခြင်းဖြင့် CDM ဝန်ထမ်းများအား ဂုဏ်ပြုခြင်းပေးဖို့ တိုက်တွန်းနှိုးဆော် တောင်းဆိုလိုက်ပါတယ်ရှင်”လို့ အဆိုတော် Mary က ပြောပါတယ်။
စစ်အာဏာရှင်စနစ်အား ဆန့်ကျင် တွန်းလှန်ကြတဲ့ နယ်ပယ်ပေါင်းစုံမှ ပြည်သူ့ဝန်ထမ်းများ၊ ဆရာဝန်များ၊ အင်ဂျင်နီယာများ၊ ဘဏ်လုပ်သားများ၊ ရှေ့နေများနဲ့ မီးရထား ဝန်ထမ်း၊ စည်ပင် ဝန်ထမ်းများ အထိ ဂုဏ်ပြုပေးဖို့အတွက် Mary က တောင်းဆိုထားတာ ဖြစ်ပါတယ်။
ဒါ့အပြင် CDM Heroes များကို လက်ခုပ်တီး ဂုဏ်ပြုပြီးတဲ့အခါမှာလည်း သံပုံးတီးဖို့အတွက် Mary က ပြောထားပါသေးတယ်။
“CDM ဝန်ထမ်းတွေကို ဂုဏ်ပြုပြီးတာနဲ့ တပြိုင်နက်တည်း ည ၈ နာရီအချိန်မှာ သံပုံးတီးခြင်းအားဖြင့် မိစ္ဆာမောင်းပွဲ ဆက်လက် လုပ်ဆောင်ကြမယ်နော်”လို့ Mary က ပြောပါတယ်။
အဆိုတော် Mary ကတော့ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ တတ်အားသရွေ့ ပါဝင်နေသူဖြစ်ပြီး၊ CDM (အာဏာဖီဆန်ရေး လှုပ်ရှားမှု) အတွက်လည်း လူမှုကွန်ရက် မီဒီယာမှာ ပို့စ်များ အဆက်မပြတ် တင်ပေးနေတဲ့ အနုပညာရှင်တဦး ဖြစ်ပါတယ်။
You may also like these stories:
ပြည်တွင်း စီးပွားရေးလုပ်ငန်းတွေကို ကူညီမယ့် “Support Local Business” ကမ်ပိန်း
လှိုင်သာယာက ပြည်သူများကို တတ်နိုင်သလောက် ကူညီပေးတဲ့ သန္တာလှိုင်
မှားဝင်လာတဲ့ ဖုန်းနံပါတ်တခုကြောင့် စိတ်မကောင်းစရာ ကြုံခဲ့ရတဲ့ ပိုးမမှီသာ