Entertainment

ဒုတိယအကြိမ် အလှူအဖြစ် ဒလဘက်ကို လှူဒါန်းခဲ့တဲ့ သန္တာလှိုင်တို့ “T Fitness” မိသားစု

Want create site? Find Free WordPress Themes and plugins.

T Fitness မိသားစုဝင်များ ကိုယ်စား လိုအပ်တဲ့ နေရာတွေမှာ ကူညီပေးနေတဲ့ မော်ဒယ် သန္တာလှိုင်ကတော့ ဒုတိယအကြိမ် လှူဒါန်းမှုအနေနဲ့ ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်ဘက်အခြမ်းနဲ့ အနီးအနားရှိ အကူအညီ လိုအပ်နေတဲ့ ရွာများကို မေးမြန်းကာ ပံ့ပိုးခဲ့တယ်လို့ သိရပါတယ်။

“T Fitness မိသားစုဝင်များ ကိုယ်စား အားလုံး ဝိုင်းဝန်း ကူညီမှုနဲ့ ဒုတိယအကြိမ် အကူအညီ လိုသူများထံ ပံ့ပိုးမှုလေး အောင်မြင်ခဲ့ပါတယ်။ ဒီတခါတော့ ဒလဘက်အခြမ်းနဲ့ အနီးနားက ရွာတွေက တကယ်အကူအညီ လိုအပ်နေတဲ့ နေရာတွေကို မေးမြန်းပြီး ပံ့ပိုးနိုင်ခဲ့ပါတယ်”

“ထမင်းမစားရတာ ရက်အတော်ကြာတဲ့အထိ ဒုက္ခရောက်နေကြတယ်လို့ သိရပြီး ယူလာတဲ့ အထုတ်တွေတောင် မလောက်ခဲ့လို့ ကလေးသူငယ်နဲ့ မိသားစုဝင် များနေတဲ့ အိမ်တွေ၊ အဘိုးအဘွား အိမ်တွေကို ဦးစာပေးခဲ့ပါတယ်။ အကူအညီ လိုအပ်နေသူတွေကို အားတင်းထားကြဖို့ အားပေးရင်း မကြာခင် ထပ်မံ ပံ့ပိုးနိုင်ဖို့လည်း ကတိပြုခဲ့ပါတယ်”လို့ သန္တာလှိုင်က ပြောပါတယ်။

T Fitness မိသားစုဝင်များနဲ့အတူ ပါဝင်ကူညီကြသူများ အားလုံးအတွက်လည်း ဂုဏ်ယူပါတယ်လို့ သန္တာလှိုင်က ဆိုပါတယ်။

“T Fitness မိသားစုဝင်များနဲ့အတူ ပါဝင်လှူဒါန်းခဲ့ကြတဲ့၊ လုပ်အားဖြည့် ကူညီခဲ့ကြတဲ့ ဗိုလ်ရာညွန့်မိသားစုများနှင့် ယောမင်းကြီး လူငယ်များ၊ ပါဝင်ကူညီကြသူများ အားလုံးအတွက်လည်း ဂုဏ်ယူပါတယ်”

“ကျမတို့ ပြည်သူတွေရဲ့ အခြေခံ Basic Human Rights ဖြစ်တဲ့ ကျန်းမာရေး Health & Fitness ကိုလည်း လက်လှမ်းမီ ရယူနိုင်ဖို့ T Fitness Application ကို အခမဲ့ အသုံးပြုရန် ကုတ်နံပါတ်လေးနဲ့ အချိန် အကန့်အသတ်မရှိ ဖွင့်ပေးထားပါတယ်နော်။ အရေးတော်ပုံ အောင်ရမည်”လို့ သန္တာလှိုင်က ပြောထားပါတယ်။

မော်ဒယ် သန္တာလှိုင်ကတော့ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ အားတက်သရော ပါဝင်ပေးနေတဲ့ အနုပညာရှင်တဦး ဖြစ်ပါတယ်။

You may also like these stories:

အလှမယ် ဟန်လေးကို ထိုင်းအခြေစိုက် Miss Grand International မှ ကူညီထားမည်

ကလေးငယ်များအား သေနတ်နဲ့ ပစ်ခတ်ခြင်းကို အနုပညာရှင်များ ရှုတ်ချ

စစ်တပ်ရဲ့ အကြမ်းဖက်မှုကို ကမ္ဘာသိအောင် ထုတ်ပြောတဲ့ အလှမယ် ဟန်လေး

Did you find apk for android? You can find new Free Android Games and apps.
Loading