စစ်အာဏာရှင် စနစ်ကို ဆန့်ကျင်တဲ့အနေနဲ့ ဖေဖော်ဝါရီလမှ စတင်ကာ မြန်မာနိုင်ငံ အနှံ့အပြားမှာ လူထုဆန္ဒ ထုတ်ဖော်ပွဲများစွာ ပြုလုပ်လာကြတာ ယနေ့ချိန်ထိ အရှိန်အဟုန်မြင့်ဆဲ ဖြစ်ပါတယ်။
စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်များက ဆန္ဒပြ ပြည်သူတွေကို လက်နက်နဲ့ ပစ်ခတ် ဖြိုခွင်းနေတဲ့အထိ လိုအပ်လို့လားလို့ သက်မွန်မြင့်က ဆိုပါတယ်။
“ကလေးမြို့မှာ သုံးသွားတဲ့ လက်နက်တွေက ပြည်သူတွေကို အဲ့လောက်တောင်လား။ အဲ့လောက် လိုလားရှင်။ တကယ်ဆို ကျမတို့ ကလေးမြို့လေးက သေးတယ်ဆိုရင်လည်း ပြောလို့ရတဲ့ မြို့လေးတမြို့ပါပဲ”
“တူမီးသေနတ် အားပြုတဲ့ ဖက်ဒရယ် တိုင်းရင်းသားတွေကို RPG Bomb တွေ၊ G3 တွေ၊ Sniper တွေ၊ Machine Gun တွေ သုံးပီး ဖြိုခွဲသွားတာတော့ တော်တော့်ကို လွန်ပါတယ်”လို့ သက်မွန်မြင့်က ပြောပါတယ်။

မီဒီယာ အားနည်းတဲ့ မြို့လေးဖြစ်တာကြောင့် Speak Out လုပ်ပေးကြဖို့ကိုလည်း သက်မွန်မြင့်က တိုက်တွန်းထားပါတယ်။
“ကျမတို့ရဲ့ရင်ထဲထိကို နာကျင်ရပါတယ်။ ကျဆုံးသွားတဲ့ အာဇာနည် မအားခူ၊ မောင်ဆန်းသဲ၊ မောင်သားချစ်၊ ကိုထန်ဟောင်လျန်း သူတို့ကတော့ တာဝန်ကျေ နှုတ်ဆက်ခဲ့ကြပြီ”
“စိုးရိမ်ရ အခြေအနေ ၄ ဦးနဲ့ ဒဏ်ရာရရှိ သူဦးရေ ၃၀ ကျော် အတွက်ကိုလည်း ဆုတောင်းပေးနေရပါတယ်။ အခုထိလည်း အခြေအနေက မငြိမ်သေးပါဘူး။ သေနတ်သံတွေက ကြားနေရဆဲပါပဲ။ မီဒီယာ အားနည်းတဲ့ မြို့လေးမို့ Speak Out လုပ်ပေးကြပါဦးရှင်”လို့ သက်မွန်မြင့်က ပြောထားပါတယ်။
သရုပ်ဆောင် သက်မွန်မြင့်ကတော့ သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာကနေ သတင်း အချက်အလက်များ၊ ပို့စ်များ မျှဝေ ရေးသားတင်ကာ အာဏာရှင် ဆန့်ကျင်ရေးအတွက် တတပ်တအား ပါဝင်ပေးနေတဲ့ အနုပညာရှင်တဦး ဖြစ်ပါတယ်။
You may also like these stories:
ဒုတိယအကြိမ် အလှူအဖြစ် ဒလဘက်ကို လှူဒါန်းခဲ့တဲ့ သန္တာလှိုင်တို့ “T Fitness” မိသားစု
အလှမယ် ဟန်လေးကို ထိုင်းအခြေစိုက် Miss Grand International မှ ကူညီထားမည်
ကလေးငယ်များအား သေနတ်နဲ့ ပစ်ခတ်ခြင်းကို အနုပညာရှင်များ ရှုတ်ချ