Entertainment

တိုင်းရင်းသား လက်နက်ကိုင်တွေကို မြို့ထဲ ဝင်လာခွင့်ပြုဖို့ ချမ်းချမ်း တောင်းဆို

Want create site? Find Free WordPress Themes and plugins.

စစ်အာဏာရှင် စနစ်ကို ဆန့်ကျင်တဲ့အနေနဲ့ ဖေဖော်ဝါရီလမှ စတင်ကာ မြန်မာနိုင်ငံ အနှံ့အပြားမှာ လူထုဆန္ဒ ထုတ်ဖော်ပွဲများစွာ ပြုလုပ်လာကြတာ ယနေ့ချိန်ထိ အရှိန်အဟုန်မြင့်ဆဲ ဖြစ်ပါတယ်။

အဆိုတော် ချမ်းချမ်းက အာဏာရှင်ဆန့်ကျင်ရေး သပိတ်ကို အောင်မြင်အောင် ကြိုးစားနေတဲ့ ပြည်သူတွေကို ကာကွယ်ဖို့အတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ မြို့ထဲကို ထဲထဲဝင်ဝင် ဝင်ရောက်လာနိုင်ဖို့ ခွင့်ပြုချက် တောင်းချင်တယ်လို့ ဆိုပါတယ်။

“ကျမ စဉ်းစားမိတာပေါ့။ ယာယီ သမ္မတကြီးကို တောင်းဆိုချင်ပါတယ်။ ပြည်သူအားလုံးလည်း သဘောတူမယ်လို့ ထင်ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ဖြစ်တဲ့ DKBA, KNU, KIA, AA အစရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ၊ နောက်များ မကြာမီမှာ ဖြစ်လာမယ့် Federal Army ဖြစ်လာမယ့် အဖွဲ့ကို တရားဝင် မကြေညာနိုင်သေးဘူးဆိုရင်တောင်မှ တရားဝင် အဖွဲ့အစည်းအနေနဲ့ ပြည်သူတွေနဲ့ တရင်းတနှီး ကာကွယ်ခွင့်ပေးနေပြီ”

“အဲဒီလိုဆိုတဲ့ အတွက်ကြောင့် ဒီတပ်အဖွဲ့ကြီးကို မြန်မာ တနိုင်ငံလုံးမှာရှိတဲ့ ဒုက္ခရောက်နေတဲ့ ပြည်သူတွေအတွက်၊ သပိတ်ကို ကြိုးစားပြီး အောင်မြင်အောင် လုပ်နေတဲ့ ကလေးတွေအတွက်၊ ပြည်သူတွေကို ကာကွယ်ဖို့အတွက် မြို့ထဲကို ထဲထဲဝင်ဝင် ဝင်ရောက်လာနိုင်ဖို့ ခွင့်ပြုချက် တောင်းချင်ပါတယ်”လို့ အဆိုတော် ချမ်းချမ်းက ပြောပါတယ်။

အဆိုတော် ချမ်းချမ်း (ဓာတ်ပုံ – Chan Chan’s Facebook)

ဒီလို တောင်းဆိုတာဟာ မှန်လား၊ မှားလား နိုင်ငံရေး စကားလုံးနဲ့ သေချာ မဖော်ပြတတ်ပေမယ့် သပိတ်အတွက် ကြိုးစားနေတဲ့ လူငယ်တွေ ပင်ပန်းနေကြပြီလို့ ဆိုပါတယ်။

“မှန်လား၊ မှားလားတော့ ကျမ ဒီအချိန်မှာ သေသေချာချာ နိုင်ငံရေး စကားလုံးနဲ့ မဖော်ပြတတ်ပေမယ့် အားလုံးက မျှော်လင့်ချက်တွေ မဲ့နေကြပြီ။ အရမ်းလည်း ပင်ပန်းနေကြပြီ။ ဇွဲလည်း မလျှော့ကြသေးဘူး။ သပိတ်ကို ကြိုးစားလုပ်နေကြတုန်းပဲ။ ကလေးတွေလည်း ဘယ်လောက်ကြာကြာ လုပ်နိုင်ကြတော့မှာလဲ”

“အသေအကြေ အဆုံးအရှုံးတွေ အရမ်းများတယ်။ နေစဉ်နဲ့အမျှ ဝမ်းနည်းစရာ သတင်းတွေပဲ ဖြစ်နေတဲ့အတွက် ယာယီ သမ္မတကြီးအနေနဲ့ မင်းမဲ့စရိုက် ဆန်နေတဲ့ သူပုန်စစ်တပ်ကို တိုက်ခိုက်ဖို့ တိုင်းရင်းသား လက်နက်ကိုင်တွေ မြို့ထဲကို ထဲထဲဝင်ဝင် ဝင်လာနိုင်ဖို့ ခွင့်ပြုချက်ပေးဖို့ တောင်းဆိုချင်ပါတယ်”လို့ ချမ်းချမ်းက ပြောပါတယ်။

ဆက်လက်ပြီး CDM (အာဏာဖီဆန်ရေး လှုပ်ရှားမှု) လုပ်နေသူတွေကို ဆက်လုပ်ပါ၊ စိတ်ဓာတ်မကျပါနဲ့လို့ ချမ်းချမ်းက ဆိုပါတယ်။

အဆိုတော် ချမ်းချမ်း (ဓာတ်ပုံ – Chan Chan’s Facebook)

“ဒေါက်တာ ဆာဆာကိုလည်း အကူအညီ ထပ်တောင်းချင်ပါတယ်။ မြန်မြန်ဆန်ဆန်လေး ဆုံးဖြတ်ချက်ချပေးပါ။ R2P ဝင်ဖို့အတွက်လည်း ပြည်သူတွေက အရမ်းကို တောင့်တနေတယ်။ မျှော်လင့်ချက်တွေနဲ့ စောင့်စားနေတယ်။ ကျမတို့ မျှော်လင့်ချက်လေးကို အကောင်အထည် ဖော်ပေးပါတော့။ CRPH ကိုလည်း ထောက်ခံတယ်။ CDM လုပ်နေသူတွေ ဆက်လုပ်ပါ။ စိတ်ဓာတ်မကျပါနဲ့။ ကမ္ဘာသိအောင် Speak Out လုပ်ပေးခဲ့တဲ့သူ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်”လို့ ချမ်းချမ်းက ပြောပါတယ်။

အဆိုတော် ချမ်းချမ်းကတော့ လက်ရှိမှာ ဒုတိယ ရင်သွေးလေး မွေးဖွားဖို့အတွက် အီတလီနိုင်ငံကို ရောက်ရှိနေတာဖြစ်ပြီး၊ စစ်အာဏာရှင် ဆန့်ကျင်ရေးအတွက်လည်း လူမှုကွန်ရက် မီဒီယာကတဆင့် Speak Out လုပ်ပေးနေတဲ့ အနုပညာရှင် တဦး ဖြစ်ပါတယ်။

You may also like these stories:

ထိုင်းရောက် မြန်မာတွေ စုပေါင်းပြီး အလှမယ် ဟန်လေးကို ဂုဏ်ပြု

နွေဦးတော်လှန်ရေးမှာ သေဆုံးခဲ့ရသူများရဲ့ မိသားစုများထံ သွားရောက် လှူဒါန်းခဲ့တဲ့ မီးနို

သရဖူ ရောင်းစရာ မလိုဘဲ CRPH ကို တန်းလှူခွင့်ရလိုက်တဲ့ နှင်းသွေးယုအောင်

Did you find apk for android? You can find new Free Android Games and apps.
Loading