ယနေ့ ဧပြီလ ၁ ရက်နေ့ မနက်ပိုင်းမှာ အဆိုတော် အစ္စဏီ အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်လာပြီဖြစ်ကြောင်းကို သူ့ရဲ့မိခင်ဖြစ်သူက ဧရာဝတီသို့ အတည်ပြုပြောကြားခဲ့ပါတယ်။
“ဒီနေ့ မနက် ၁၁ နာရီလောက်က ပြန်လွတ်လာပါတယ်။ မနက်ကမှ ဖုန်းရတာ လွတ်မယ်ဆိုတဲ့အကြောင်းကို။ အခု သူ့အဘိုးအဘွားတွေကို လာကန်တော့ပြီးတော့ သူ့အစ်ကိုတွေက ခေါ်သွားကြပြီ” လို့ အစ္စဏီရဲ့ မိခင်ဖြစ်သူက ဧရာဝတီကို ပြောပါတယ်။
ရက်ပြည့်လို့ ပြန်လည် လွတ်မြောက်လာတာဖြစ်ကြောင်း၊ ကျန်းမာရေး ကောင်းမွန်ကြောင်းကိုလည်း ပြောခဲ့ပြီး၊ အခုလို သားဖြစ်သူ ပြန်လည် လွတ်မြောက်လာတဲ့အတွက် ဝမ်းသာကြောင်းလည်း ပြောခဲ့ပါတယ်။
“ဝမ်းသာတာပေါ့။ ကျန်းမာရေးလည်း ကောင်းပါတယ်။ ရက်ပြည့်လို့ လွတ်လာတာဆိုတော့။ နောက်မှ အင်တာဗျူးလုပ်ဖို့ ပြောပါမယ်” လို့ မိခင်ဖြစ်သူက ပြောပါတယ်။
အဆိုတော် အစ္စဏီကိုတော့ မော်ဒယ် စူးရှထက်က တာမွေမြို့နယ်၊ တရားရုံးမှာ ဥပဒေပုဒ်မ ၃၇၆၊ ၃၂၄ ၊ ၃၂၃ တို့ဖြင့် ၂၀၁၈ ခုနှစ် ဧပြီလက စတင် တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။
အဆိုပါ အမှုအတွက် အမိန့်ကိုတော့ ၂၀၂၀ ခုနှစ် ဇန်နဝါရီလတွင် ထောင်ဒဏ် ၇ နှစ် ကျခံစေရန် တာမွေတရားရုံးမှာ အမိန့်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။
You may also like these stories:
ကုလသမဂ္ဂထံ အကူအညီ တောင်းခံလိုက်တဲ့ မြန်မာ့အလှမယ် ဟန်လေး
တိုင်းရင်းသား လက်နက်ကိုင်တွေကို မြို့ထဲ ဝင်လာခွင့်ပြုဖို့ ချမ်းချမ်း တောင်းဆို
ထိုင်းရောက် မြန်မာတွေ စုပေါင်းပြီး အလှမယ် ဟန်လေးကို ဂုဏ်ပြု