Entertainment

“ဘာသာတရားတိုင်းရဲ့ဘုရားတွေက အမှန်တရားကိုပဲ စောင့်ရှောက်ခဲ့ကြတာ”

Want create site? Find Free WordPress Themes and plugins.

မကောင်းမှု တော်တော်များများကို ဂိတ်ဆုံးအောင် ကျူးလွန်ခဲ့ဖူးတယ်ဆိုတဲ့ သရုပ်ဆောင် ညီနန္ဒက ဘုရား၊ တရားကို သက်ဝင်ယုံကြည် အားကိုးတဲ့စိတ်ကြောင့် လမ်းကြောင်းမှန်ပေါ် ရပ်တည်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

“ကျနော် မကောင်းတာ တော်တော်များများကို နှစ်သက်စွာနဲ့ ဂိတ်ဆုံးအောင် ကျူးလွန်ခဲ့ဖူးပါတယ်။ မှားမှန်းသိတဲ့ အချိန်ကစပြီး ဘုရားတရားကို သက်ဝင်ယုံကြည် အားကိုးတဲ့ စိတ်နဲ့ နေ့စဉ် အချိန်မှန်မှန်မပျက်မကွက် ဘုရားရှိခိုး သစ္စာဆို ဆုတောင်းခဲ့တာကြောင့် အချိန်အတိုင်းအတာ တခုအတွင်းမှာ လမ်းကြောင်းမှန်ပေါ် ရပ်တည်နေနိုင်ခဲ့တာ အားလုံးအသိပါ”

“ကျနော် ပြောချင်တာက ကျနော် မှားတာတွေကို တဆုံး လုပ်ခဲ့ပေမယ့် မှန်ချင်၊ ကောင်းချင်တဲ့ စိတ်နဲ့ ဘုရား၊ တရားကို သက်ဝင်ယုံကြည်ပြီး ကျင့်ကြံ အားထုတ်ခဲ့လို့ အမှန်တရားရဲ့ လမ်းကြောင်းမှန်ပေါ်ကို ရောက်နိုင်ခဲ့တယ်”လို့ ညီနန္ဒက ပြောပါတယ်။

ဘာသာတရားတိုင်းရဲ့ဘုရားတွေက အမှန်တရားကိုပဲ စောင့်ရှောက်ခဲ့ကြတယ်လို့ ညီနန္ဒက ဆိုပါတယ်။

သရုပ်ဆောင် ညီနန္ဒ (ဓာတ်ပုံ – Nyi Nanda’s Facebook)

“အခု ပြည်သူတွေက ကျနော့်လို မှားခဲ့ကြတာလည်း မဟုတ်ဘူး။ အမှန်တရားဘက်မှာ ငြိမ်းချမ်းစွာ ရှိနေတာကို အနိုင်ကျင့်ပြီး ရက်စက် ယုတ်မာသတ်ဖြတ်တာ ခံနေရလို့ အမှန်တရားအတွက် တိုက်ပွဲဝင်နေကြတာပါ။ ဗုဒ္ဓဘာသာပဲဖြစ်ဖြစ်၊ မွတ်ဆလင်ပဲဖြစ်ဖြစ်၊ ခရစ်ယာန်ပဲဖြစ်ဖြစ်၊ ဘာသာတရားတိုင်းရဲ့ဘုရားတွေက အမှန်တရားကိုပဲ စောင့်ရှောက်ခဲ့ကြတာ၊ အမှန်တရားကိုပဲ စောင့်ရှောက်ကြဦးမှာ အသေအချာပါ”လို့ ညီနန္ဒက ပြောပါတယ်။

ဘုရားရှိခိုး သစ္စာဆို ဆုတောင်းကြရင် မကြာခင် အရေးတော်ပုံကြီး မုချအောင်မြင်မှာပါလို့ ညီနန္ဒက ဆိုပါတယ်။

သရုပ်ဆောင် ညီနန္ဒ (ဓာတ်ပုံ – Nyi Nanda’s Facebook)

“အမှန်တရားဘက်က ပြည်သူတွေရဲ့ “ကံ” အကြာကြီး မဆိုးနိုင်တာလည်း လုံးဝ အသေအချာပါပဲ။ ပြည်သူတွေရဲ့အင်အားတွေ ပေါင်းစည်းပြီး ကိုယ့်ဘုရားကို ယုံယုံကြည်ကြည်နဲ့ နေ့စဉ် အချိန်မှန်မှန် မပျက်မကွက် ဘုရားရှိခိုး သစ္စာဆို ဆုတောင်းကြရင် မကြာခင် အရေးတော်ပုံကြီး မုချအောင်မြင်မှာ မလွဲပါ။ လမ်းပေါ် မထွက်နိုင်တဲ့ ကျနော့်လို ပြည်သူတွေအတွက် အကြံပြုတာပါ”လို့ ညီနန္ဒက ပြောထားပါတယ်။

သရုပ်ဆောင် ညီနန္ဒကတော့ သူ့ရဲ့ အတွေ့အကြုံတွေကို လူမှုကွန်ရက် စာမျက်နှာကနေ မျှဝေ ပြောပြထားတာ ဖြစ်ပြီး၊ ညီနန္ဒဟာ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ တက်ကြွစွာ ပါဝင် ဆန္ဒဖော်ထုတ်နေတဲ့ အနုပညာရှင်တဦးလည်း ဖြစ်ပါတယ်။

You may also like these stories:

ကိုယ်တိုင်ချုပ် ညနေခင်း ဝတ်စုံတွေ ရောင်းပြီး CRPH ကို လှူမယ့် ဒီဇိုင်နာ

အဆိုတော် အစ္စဏီ ပြန်လည် လွတ်မြောက်လာကြောင်း မိသားစု အတည်ပြု

ကုလသမဂ္ဂထံ အကူအညီ တောင်းခံလိုက်တဲ့ မြန်မာ့အလှမယ် ဟန်လေး

Did you find apk for android? You can find new Free Android Games and apps.
Loading