အဆိုတော် Key Lashi ၊ ဆိုဖီယာနဲ့ အမည်မဖော်လိုသူ တယောက်တို့ ပူးပေါင်း သီဆိုထားတဲ့ “နိုင်ကိုနိုင်ရမည်” သီချင်းကို ရောင်းချ၍ စစ်ဘေးရှောင်ဒေသများအတွက် လှူဒါန်းသွားမှာဖြစ်တယ်လို့ သိရပါတယ်။
“ကျနော် သီချင်းပဲ ဆိုတတ်ပါတယ်။ အဲ့တော့ သီချင်းဆိုပြီးတော့ပဲ စစ်ဘေးသင့် တိုင်းရင်းသားဒေသက စစ်ဘေးရှာင် တိုင်းရင်းသားတွေအတွက် Fund Raising လုပ်ချင်ပါတယ်။ သီချင်း ရောင်းချင်ပါတယ်ဗျ” လို့ Key Lashi က ပြောပါတယ်။
သီချင်းကိုတော့ ဈေးနှုန်းဘယ်လောက်ရယ်လို့ မသတ်မှတ်ထားဘဲ ရောင်းလို့ရတဲ့ ငွေကြေးများကိုတော့ စစ်ဘေးရှောင် စခန်းများသို့ ဆက်သွယ် ပေးအပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
“ဘယ်လောက်လို့တော့ မသတ်မှတ်ထားပါဘူး။ ရောင်းလို့ရတဲ့ ငွေတွေကို ဒေသအသီးသီးက စစ်ဘေးရှောင်စခန်းတွေကို ဆက်သွယ် ပေးအပ်ပါမယ်။ Download link လေး ပေးထားပါတယ်။ သီချင်းနားထောင်ရင်း အားတင်းထားဖို့လည်း အားပေးချင်ပါတယ်”လို့ Key Lashi က ပြောပါတယ်။
သီချင်းကိုတော့ Key Lashi နဲ့အတူ အမည်မဖော်လိုသူက ရေးသားထားတာဖြစ်ပြီး Daniel Saw က Produce လုပ်ပေးထားတာ ဖြစ်ပါတယ်။
စစ်အာဏာရှင် လက်နက်ကိုင်များကြောင့် ပျက်စီးသွားတဲ့ အိပ်မက်များ၊ ကျခဲ့ရတဲ့ သွေးနဲ့ ချွေးများ ရာဇဝင်တွင်ပြီး တော်လှန်ရေးမှာ နိုင်ကိုနိုင်ရမယ်ဆိုတဲ့ အကြောင်းကို ရေးသားထားတာ ဖြစ်ပါတယ်။
“WE MUST WIN သီချင်းဖြစ်မြောက်ရေးအတွက် ပါဝင်ကူညီပေးတဲ့ အယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ်ဗျ” လို့ Key Lashi က ပြောထားပါတယ်။
You may also like these stories:
“အသက်ရင်းပြီး တိုက်ပေးနေကြသူတွေကို အားနာပါဦး”လို့ မေတိုးခိုင် ဆို
Daniel Saw နဲ့ အမရာဘုန်းတို့ ဖန်တီးထားတဲ့ “United” Music Video
“ဘာသာတရားတိုင်းရဲ့ဘုရားတွေက အမှန်တရားကိုပဲ စောင့်ရှောက်ခဲ့ကြတာ”