အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာ နေထိုင်တဲ့ သရုပ်ဆောင် ဥက္ကာမင်းမောင်က COVID-19 ကာကွယ်ဆေး ဒုတိယ Dose ထိုးပြီးသွားတဲ့အကြောင်းကို သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာကနေ အခုလိုပဲ ပြောပြထားပါတယ်။
“ကိုဗစ် ကာကွယ်ဆေး၂ ကြိမ်လုံး ထိုးပြီးပါပြီ။ ဒုတိယ Dose ထိုးပြီးရင် ဖျားကြတယ် ပြောတယ်။ စောင့်ကြည့်ရမှာပဲ။ အလုပ်က Coworker တယောက်က ကိုဗစ် ကာကွယ်ဆေး ပထမအကြိမ် ထိုးပြီး ကိုဗစ် Positive ဖြစ်ပါတယ်”
“ကာကွယ်ဆေးသည် ကိုဗစ် မရအောင် မကာကွယ်ပေးနိုင်ပေမယ့် ကိုဗစ် ရလာခဲ့ရင် မသေတော့အောင် ရောဂါအခြေအနေ အရမ်းမဆိုးရွားတော့အောင် လုပ်ဆောင်ပေးပါတယ်တဲ့။ အထူးသဖြင့် အသက်ကြီးသူတွေနဲ့ နာတာရှည် ရောဂါရှိသူတွေအတွက် အသက်အန္တရာယ် မစိုးရိမ်ရတော့ဘူးပေါ့။ ပတ်ဝန်းကျင်မှာ တကယ်ဖြစ်ပျက်နေတဲ့ အတွေ့အကြုံ ပြန်လည် မျှဝေတာပါ”လို့ ဥက္ကာမင်းမောင်က ပြောပါတယ်။
ကိုဗစ် ကာကွယ်ဆေးတွေဟာ ၂ ကြိမ် ထိုးပြီးရင် ၉၀ ရာခိုင်နှုန်းအထိ ထိရောက်မှုရှိပြီး၊ ဥက္ကာမင်းမောင်ကတော့ Pfizer ကာကွယ်ဆေး ထိုးခဲ့တာလို့ ဆိုပါတယ်။
“Pfizer နဲ့ Moderna ကာကွယ်ဆေးတွေဟာ ၂ ကြိမ်လုံးထိုးပြီးရင် ၉၀ ရာခိုင်နှုန်း Effective ဖြစ်တယ်လို့ သတင်းတွေမှာ တွေ့ပါတယ်။ ကျနော် ထိုးခဲ့ရတာကတော့ Pfizer ပါ။ ကိုဗစ် ကာကွယ်ဆေး ထိုးပြီးလည်း ပုံမှန် Mask တပ်မြဲအတိုင်း တပ်ရပါမယ်။ လက်လွတ်စပယ် နေလို့ မရပါ”လို့ ဥက္ကာမင်းမောင်က ပြောပါတယ်။
ဆက်လက်ပြီး ဥက္ကာမင်းမောင်က ဘယ်လို အခြေအနေမှာပဲဖြစ်ဖြစ် မြန်မာပြည်သူပြည်သားများအတွက် ကိုဗစ် ကာကွယ်ဆေးတွေ ရအောင် ဖန်တီးပေးပါစေလို့ ဆုတောင်းပေးထားပါတယ်။
“ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် သန်း ၆၀ သော မြန်မာပြည်သူပြည်သားများ အားလုံးအတွက် ကိုဗစ် ကာကွယ်ဆေးတွေ ရအောင် ဒီအာဏာရူး စစ်အာဏာရှင်များ ဖန်တီးပေးပါစေလို့ ဆုတောင်းပါတယ်။ ပြည်သူတွေရဲ့ လုံခြုံမှု၊ ကျန်းမာရေးနဲ့ စီးပွားရေး ပုံမှန်ဖြစ်ဖို့က အရေးကြီးပါတယ်။ အရေးတော်ပုံလည်း အောင်ရမည်။ လူတိုင်းလည်း ကာကွယ်ဆေး ထိုးရမည်”လို့ ဥက္ကာမင်းမောင်က ပြောပါတယ်။
သရုပ်ဆောင် ဥက္ကာမင်းမောင်ကတော့ ကိုဗစ် ကာကွယ်ဆေး ပထမ Dose ကို မတ်လ ဒုတိယပတ် အတွင်းက ထိုးနှံခဲ့တာ ဖြစ်ပြီး၊ အမေရိကန်နိုင်ငံမှာ ကိုဗစ် ကာကွယ်ဆေး ထိုးခဲ့တဲ့ အတွေ့အကြုံတွေကို ပြန်လည် ဝေမျှထားတာ ဖြစ်ပါတယ်။
You may also like these stories:
ထိုင်းမှာ ကိုဗစ် ကာကွယ်ဆေး AstraZeneca ထိုးနှံမယ့် အစီအစဉ် ရပ်ဆိုင်းထား
WHO ရဲ့ ကိုရိုနာဗိုင်းရပ်စ် မူလရင်းမြစ် အစီရင်ခံစာကို မတ်လ ၁၅ ရက် ထုတ်ပြန်မည်