စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ တက်ကြွစွာ ပါဝင် ဆန္ဒဖော်ထုတ်နေတဲ့ အဆိုတော် ထိုက်ထိုက်က ပြည်တွင်းစီးပွားရေးနဲ့ ချိတ်ဆက်နေတဲ့ တရုတ်ထုတ် ပစ္စည်းတွေကို မသုံးစွဲကြဖို့ အခုလိုပဲ လူမှုကွန်ရက် စာမျက်နှာကနေ တိုက်တွန်းခဲ့ပါတယ်။
“ဒီအချိန်မှာ တရုတ် ပစ္စည်းတွေကို လုံးဝ မပတ်သတ်လို့ မရသေးပါဘူး။ ပြည်တွင်းစီးပွားရေးကလည်း နိုင်ငံရေးနဲ့ ဆက်နွယ်နေတော့ “ငါတယောက်လောက် တရုတ်ဖြစ်လေး ဝယ်လိုက်လို့ ဘာမှ မဖြစ်လောက်ပါဘူးလေ”ဆိုတဲ့ စိတ်ထားနေမယ်ဆိုရင် အဲ့ဒါဟာ လူမသိသူမသိ နိုင်ငံရေး သစ္စာဖောက်နေတာပါပဲ”လို့ ထိုက်ထိုက်က ပြောပါတယ်။
ပြည်တွင်းဖြစ်ပစ္စည်းတွေကို ဈေးအများကြီး တင်ပြီး မရောင်းချဖို့ကိုလည်း ထိုက်ထိုက်က အခုလို ဆိုထားပါတယ်။
“ဒါဆို ကာစတမ်မာတွေဘက်က ပြန်ကြည့်ရင်လည်း Made in Myanmar ဆိုပြီး ဈေးတွေ မတရားကြီး၊ ကွာလတီကျတော့ တရုတ်ကြီးလောက်တောင် မကောင်းရင် ဘာလုပ်တော့မလဲနော်။ မြန်မာဖြစ်ဆို မြန်မာတွေအရင် တွင်တွင်ကျယ်ကျယ် သုံးနိုင်အောင် လုပ်မှသာ ပြည်တွင်း ထုတ်ကုန်တွေအနေနဲ့ အဓိပ္ပာယ်ရှိမှာပါ”
“ဒီပြသာနာဟာ ပေါ့သေးသေး လုံးဝ မဟုတ်ပါ။ “Made in Myanmar Business Cycle” က ပြောတော့သာ လွယ်တာ တကယ်က ကြီးမားတဲ့ နည်းပညာပိုင်း လိုအပ်ချက်တွေ အများကြီးကို ရှိနေပါတယ်”လို့ ထိုက်ထိုက်က ပြောပါတယ်။
သူမ ကိုယ်တိုင်လည်း ပြည်တွင်းမှာ ထုတ်လုပ်ရောင်းချနေတဲ့ “Made in Myanmar” ထုတ်ကုန်တွေကို အရင်ထက် အမြတ်တွေ လျှော့ချပြီး ရောင်းချနေတယ်လို့ ဆိုပါတယ်။
“ကျမကတော့ ဒီနေ့ပဲ ကျမရဲ့ Made in Myanmar Products တွေကို အရင်ထက် အမြတ်တွေ လျှော့ချလိုက်ပါပြီ။ ကွာလတီကတော့ အရင်တိုင်း ထိန်းထားပါတယ်။ ဒါ ကျမ တတ်နိုင်တဲ့ဘက်က Local Products ကို ပြည်တွင်းက နိုင်ငံသားတွေ အားပေးချင်စိတ်ရှိအောင် ပြုလုပ်ခြင်းပါပဲ။ Local citizen တွေ အရင် အားပေးအောင် လုပ်နိုင်မှ Local Business Cycle ကို လည်ပတ်အောင် စွမ်းဆောင်နိုင်မှာပါ”လို့ ထိုက်ထိုက်က ပြောထားပါတယ်။
အဆိုတော် ထိုက်ထိုက်ကတော့ “Melodyworld 2008” ပြိုင်ပွဲဝင် အဆိုတော် တဦးဖြစ်ပြီး၊ လက်ရှိမှာလည်း ကိုယ်ပိုင် စီးပွားရေးအနေနဲ့ “My Handmade Things Burma” နဲ့ “Scott Zay Beauty & Spa” တို့ကို ဦးစီး လုပ်ကိုင်နေသူလည်း ဖြစ်ပါတယ်။
You may also like these stories:
ရဲတိုက် အဖမ်းခံရမှုအတွက် အမှန်တရား ပေါ်ပေါက်ဖို့ မင်းမော်ကွန်း တောင်းဆို
ပြည်သူနဲ့အတူ ရပ်တည်တဲ့ အနုပညာရှင်တွေအတွက် ဥက္ကာမင်းမောင် ဂုဏ်ယူ
စစ်ကောင်စီမှ ဖမ်းဝရမ်း ထုတ်ထားတဲ့ အနုပညာရှင် ၆၀ ခန့် ရှိလာ