“Miss Grand International 2020” ပြိုင်ပွဲကို မြန်မာနိုင်ငံ ကိုယ်စားပြု ယှဉ်ပြိုင်ခဲ့တဲ့ “Miss Grand Myanmar 2020” အလှမယ် ဟန်လေး (ခ) သော်တာနိုင်ကို ပုဒ်မ ၁၂၂၊ ၅၀၅ ခ၊ ၃၃ တို့နဲ့ ဖမ်းဝရမ်းထုတ်ထားတယ်ဆိုတဲ့ သတင်းများ ထွက်ပေါ် လာပေမယ့် အဲဒီ သတင်းတွေဟာ သတင်းအမှားသာဖြစ်ကြောင်း Missosဝlogy Myanmar Page မှာ ရေးသားထားပါတယ်။
“အများပြည်သူများထံသို သတင်းအမှားများ ပျံ့နှံလျက်ရှိသော ပြည်သူ့ အလှမယ် ဟန်လေးအား ဖမ်းဝရမ်းစာရင်း ဆိုသည်မှာ ယခုချိန်ထိ တရားမဝင် စစ်ကောင်စီ ကြေညာခြင်း မရှိသေးပါ။သို့သော်လည်း တနေ့မဟုတ် တနေ့ ပါလာမည်ကို မိမိတို့အားလုံး သိရှိပြီသား ဖြစ်ပါသည်။ ထို့ကြောင့်ယခု လက်ရှိ ပျံ့နှံနေသော သတင်းအမှား၊ ပုဒ်မအမှားများအား ဆက်လက် ဖြန့်ဝေခြင်း မလုပ်ရန်မေတ္တာရပ်ခံအပ်ပါသည်”လို့ Missosဝlogy Myanmar Page မှာ ထုတ်ပြန်ထားပါတယ်။
အလှမယ် ဟန်လေးဟာ Miss Grand International Top 5 အလှမယ်များနှင့်အတူ ထိုင်းနိုင်ငံမှာအန္တရာယ်ကင်းစွာ ရှိနေသလို ထိုင်းရောက် မြန်မာများကလည်း ကူညီပေးကြတယ်လို့ သိရပါတယ်။
“ထိုင်းနိုင်ငံ၊ ဖူးခက်မှာ Miss Grand International Top 5 အလှမယ်များနဲ့အတူ မြန်မာ့ဂုဏ်ဆောင် ပြည့်သူ အလှမယ် ဟန်လေးဟာ အန္တရာယ်ကင်းစွာဖြင့် လုံလုံခြုံခြုံ ရှိနေပြီး ထိုင်းပြည်သူများသာမက ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသူ၊ နိုင်ငံသားများကပါ နွေးနွေးထွေးထွေး ကူညီပေးကြပြီး အားပေးစကားများလည်း ပြောကြားခဲ့ကြကြောင်း သိရပါတယ်”
“ယခုလို ကူညီပေးကြတဲ့ Miss Grand Family နှင့်တကွ ထိုင်းနိုင်ငံသူ၊ နိုင်ငံသားများနဲ့ ထိုင်းရောက် ရွှေမြန်မာများအားလုံးကို ကျေးဇူးအထူးတင်ပါတယ်”လို့ Missosဝlogy Myanmar Page မှာ ပြောထားပါတယ်။
ဆက်လက်ပြီး “ထပ်မံ၍ အကြမ်းဖက် စစ်ကောင်စီ၏ ဖမ်းဝရမ်းစာရင်းတွင် ပါဝင်လျက်ရှိသော၊ ထိုင်းနိုင်ငံတွင် ရောက်ရှိနေသော အလှမယ်များနှင့်တကွ အနုပညာရှင်များ အားလုံးကိုလည်း ကူညီစောင့်ရှောက်ပေးဖို့ မေတ္တာရပ်ခံအပ်ပါသည်”လို့ ပြောထားပါတယ်။
အလှမယ် ဟန်လေးကတော့ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုနောက်ပိုင်း ဆန္ဒပြပွဲအခြေအနေတွေကို ပြီးခဲ့တဲ့ မတ်လ ၂၇ ရက်က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ပြုလုပ်ခဲ့တဲ့ “Miss Grand International 2020” ပြိုင်ပွဲ စင်မြင့်ထက်မှာ ကမ္ဘာသိအောင် ထုတ်ဖော် ပြောဆိုခဲ့တဲ့ မြန်မာ့ အလှမယ် တဦး ဖြစ်ပါတယ်။
You may also like these stories:
Beauty Blogger ဝင်းမင်းသန်းကို ဖမ်းဆီးရမိခဲ့တဲ့ BH ဟိုတယ်ရဲ့ ထုတ်ပြန်ချက်
Beauty Blogger ဝင်းမင်းသန်းအား တောင်ကြီးမြို့မှာ ရုံးထုတ်ခဲ့
အမှန်တရားဘက်မှာ ရပ်တည်ခဲ့တဲ့အတွက် ဂုဏ်ယူမဆုံးဖြစ်ကြောင်း မြတ်နိုးအေး ပြော