သရုပ်ဆောင် ရဲတိုက် ကိုယ်တိုင် ရေးဆွဲထားတဲ့ ပန်းချီကားဖြစ်တဲ့ “NAKED” ပန်းချီကားကို လေလံဆွဲရောင်းချပေးမှာဖြစ်တယ်လို့ GARUDA Entretainment က အသိပေးထားပါတယ်။
“ရဲတိုက် ရေးထားတဲ့ NAKED ပန်းချီကားကို လက်ဆောင်ရထားသူက ဆက်သွယ်လာပါတယ်။ NAKED ပန်းချီကားကို လေလံတင်ပြန်ရောင်းပြီး ရဲတိုက်အတွက် ပြန်ကူညီချင်ပါတယ်တဲ့”လို့ ပြောပါတယ်။
ဒီပန်းချီကားကိုတော့ ရဲတိုက်ထံမှ လက်ဆောင်ရထားသူတဦးမှ ပြန်လည် ရောင်းချရန် ဆက်သွယ်ခဲ့တာဖြစ်ပြီး ပန်းချီကားလေလံ ရောင်းချငွေဖြင့် ရဲတိုက်ကို ပြန်လည် ကူညီချင်တဲ့အတွက်ကြောင့်လို့ သိရပါတယ်။
ပန်းချီကားရဲ့ ကြမ်းခင်းဈေးကိုတော့ ငွေကျပ် ၅ သိန်း သတ်မှတ်ထားပြီး ရောင်းရငွေကိုတော့ ရဲတိုက်အတွက် ပေးအပ်သွားမယ်လို့ ဆိုပါတယ်။
“ကြမ်းခင်းဈေးက ၅ သိန်းပါ။ တပြားတချပ်မကျန် ရဲတိုက်အတွက် ပေးအပ်သွားမှာ ဖြစ်ပါတယ်။ GARUDA Chat box မှတဆင့် လေလံဈေးပေးပြီး ဝယ်ယူနိူင်ပါတယ်။ ရဲတိုက် မွေးနေ့ ဧပြီလ ၁၁ ရက်နေ့ ညနေ ၆ နာရီမှာ လေလံပိတ်ပါမယ်” လို့ ပြောထားပါတယ်။
ရဲတိုက်အား စစ်ကောင်စီမှ ပုဒ်မ ၅၀၅-က ဖြင့် ဖမ်းဝရမ်းထုတ်ထားကြောင်း ဧပြီလ ၂ရက်နေ့ညက ကြေညာခဲ့ပြီး ဧပြီလ ၃ ရက်နေ့ ညမှာ ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ သမိုင်းလမ်းဆုံမှာ ဖမ်းဆီးရမိခဲ့ကြောင်း MRTV က သတင်း ထုတ်ပြန် ကြေညာခဲ့ပါတယ်။
ရဲတိုက်ကို မူးယစ်ဆေးဝါးတွေနဲ့ အတူ ဖမ်းဆီးမိခဲ့တာဖြစ်ပြီး၊ ဘုရင့်နောင် ရဲစခန်းမှ ရဲတိုက်အား မူး/စိတ် ပုဒ်မနဲ့ အမှု ဖွင့်ထားကာ လသာမြို့နယ် ရဲစခန်းကလည်း ပုဒ်မ ၅၀၅-က နဲ့ အမှုဖွင့်ထားကြောင်း သတင်းထဲမှာ ပါရှိပါတယ်။
You may also like these stories:
အလှမယ် ဟန်လေး ဖမ်းဝရမ်း ထုတ်ခံရတယ်ဆိုတဲ့ သတင်း အမှားဟုဆို
ယနေ့မနက်မှာ စစ်ကောင်စီရဲ့ဖမ်းဆီးခြင်းကိုခံခဲ့ရတဲ့ ပိုင်တံခွန် ကျန်းမာရေးဆိုးရွားနေ
“အနုပညာ မောင်နှမတွေ ဖမ်းဆီးခံနေရတာကို ခံပြင်းတယ်”လို့ ချမ်းချမ်း ဆို