Entertainment

လတ်တလော ထွက်ပေါ်နေတဲ့ သတင်းများ မဟုတ်မှန်ကြောင်း နန်းခင်ဇေယျာ ဖြေရှင်း

အနုပညာရှင်တချို့ နေထိုင်ရာ နေရာများအား အာဏာသိမ်း စစ်ကောင်စီသို့ သတင်းပေးနေမှုများ ရှိနေတယ်လို့ ကောလာဟလ သတင်းများ၊ Screenshot များ ပျံ့နှံ့ ထွက်ပေါ်လာတဲ့အပေါ် သရုပ်ဆောင် နန်းခင်ဇေယျာက သတင်းအမှန် မဟုတ်ဘူးလို့ ပြန်လည် ဖြေရှင်းလိုက်ပါတယ်။

“ယခု လတ်တလော ထွက်ပေါ်နေသော သတင်း (သတင်းအရင်းအမြစ်ကို အတိအကျ ဖော်ပြမထား) သည် သတင်းအမှန် မဟုတ်ပါရှင့်”လို့ နန်းခင်ဇေယျာက ပြောပါတယ်။

နန်းခင်ဇေယျာက သူကိုယ်တိုင်လည်း လုံခြုံတဲ့ နေရာ တခုမှာ ရှိနေတယ်လို့ ဆိုပါတယ်။

သရုပ်ဆောင် နန်းခင်ဇေယျာ (ဓာတ်ပုံ – Nang Khin Zayyar’s Facebook)

“နန်းခင်လည်း လုံခြုံတဲ့ နေရာတခုမှာ နေထိုင်နေပါတယ်။ စိတ်ပူပေးကြတဲ့ ပရိတ်သတ်များအားလုံးကိုလည်း ကျေးဇူးအများကြီး တင်ပါတယ်။ သတင်းအမှန် မဟုတ်တဲ့အတွက် စိတ်မပူကြရန်နှင့် ထွက်ပေါ်လာသော သတင်းများအား စဉ်းစားချင့်ချိန်ပြီး ယုံကြည်ပေးကြဖို့ နန်းခင် မေတ္တာ ရပ်ခံအပ်ပါတယ်ရှင့်”လို့ နန်းခင်ဇေယျာက ပြောထားပါတယ်။

အဆိုပါ ပို့စ်ရဲ့ အောက်မှာ ပရိသတ်များရဲ့ ဝေဖန်မှုများစွာ ရှိနေပြီး၊ နန်းခင်ဇေယျာဟာ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ တတပ်တအား ပါဝင် လှုပ်ရှားခဲ့တဲ့ အနုပညာရှင်တဦး ဖြစ်ပါတယ်။

You may also like these stories:

ရဲတိုက် ရေးဆွဲထားတဲ့ ပန်းချီကားအား လေလံဆွဲ ရောင်းချမည်

စစ်ကောင်စီရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရတဲ့ ပိုင်တံခွန် ကျန်းမာရေး ဆိုးရွားနေ

“အနုပညာ မောင်နှမတွေ ဖမ်းဆီးခံနေရတာကို ခံပြင်းတယ်”လို့ ချမ်းချမ်း ဆို

Loading