နွေဦးတော်လှန်ရေးအတွက် ရန်ပုံငွေရှာ ဖျော်ဖြေပေးမယ့် ဆောင်းဦးလှိုင်
လက်ရှိ အမေရိကန်နိုင်ငံမှာ နေထိုင်နေတဲ့ အဆိုတော် ဆောင်းဦးလှိုင်က ပြည်ပကနေ မြန်မာပြည်ရဲ့ နွေဦးတော်လှန်ရေးအတွက် ဖျော်ဖြေရေးလုပ်ရင်း ရန်ပုံငွေ ရှာဖွေပေးသွားမယ်လို့ ဆိုပါတယ်။
“ပြည်တွင်း မြေပြင်မှာ တော်လှန်ရေး တကယ် လုပ်နေတဲ့ လူငယ်တွေကို ပံ့ပိုးအားပေးနေခဲ့တယ်။ သူတို့ဟာ တော်လှန်ရေးရဲ့ တကယ့်အင်အားလို့ ယုံကြည်တယ်။ CDM ကလည်း အရေးကြီးတယ်။ အဲဒီ နှစ်မျိုးလုံးအတွက် ငွေလိုအပ်တယ်။ ၂ လ ကျော်ဖြတ်ပြီးတဲ့အခါ နောင်လာမယ့် နေ့ရက်တွေအတွက် ပံ့ပိုးနိုင်ဖို့ ငွေရှာရတော့မယ်။ ရန်ပုံငွေ ရှာရတော့မယ်”လို့ ဆောင်းဦးလှိုင်က ပြောပါတယ်။
မေလထဲမှာ အမေရိကန်နဲ့ ကနေဒါနိုင်ငံတွေမှာ သွားရောက် သီချင်းလှည့်ဆိုပြီး ရန်ပုံငွေ ရှာပေးဖို့ ဆုံးဖြတ်ထားတယ်လို့ ဆောင်းဦးလှိုင်က ဆိုပါတယ်။

“မေလထဲမှာ USA, Canada နိုင်ငံတွေမှာ သီချင်းလှည့်ဆိုပြီး ရန်ပုံငွေ ရှာပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ၄၊ ၅ မြို့လောက်က အစောကြီးကတည်းက ကမ်းလှမ်းထားလို့ အရင်သွားမယ်။ လက်တွဲလို့ ရနိုင်တယ်လို့ ထင်ရင် တခြားမြို့တွေမှာလည်း ဆိုပေးမယ်။ မြန်မာပြည် နွေဦးတော်လှန်ရေးအတွက်ပါ”လို့ ဆောင်းဦးလှိုင်က ပြောပါတယ်။
အဆိုတော် ဆောင်းဦးလှိုင်က ဒီအကြောင်းအရာတွေကို သူ့ရဲ့ လူမှုကွန်ရက် အကောင့်မှာ ရေးသား ပြောပြခဲ့တာဖြစ်ပြီး၊ ဆောင်းဦးလှိုင်ဟာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ အနုပညာရှင်တဦး ဖြစ်ပါတယ်။
You may also like these stories:
“သတင်းအမှားတွေ တင်ပြီး ခြောက်လှန့်ခြင်း မပြုကြပါနဲ့”လို့ ပိုင်ဖြိုးသု ပြော
လတ်တလော ထွက်ပေါ်နေတဲ့ သတင်းများ မဟုတ်မှန်ကြောင်း နန်းခင်ဇေယျာ ဖြေရှင်း