စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ Speak Out လုပ်ပေးနေတဲ့ သရုပ်ဆောင် နွယ်ဒါလီထွန်းက လိင်ဝိသေသ ကွဲပြားနေထိုင်သူတွေနဲ့ ပတ်သက်ပြီး အခုလို ဥပဒေမဲ့ပြီး မတရား ကျူးလွန်နေတဲ့ ကာလမှာ ပိုပြီးဆိုးရွားတဲ့ အရာတွေ ဖြစ်သွားနိုင်တယ်လို့ လူမှုကွန်ရက်ကနေ ထုတ်ပြောလာပါတယ်။
“မြန်မာနိုင်ငံမှာ လိင်ဝိသေသ ကွဲပြားနေထိုင်သူတွေဟာ အရင်ကတည်းက သာမန်လူတွေထက် ပိုပြီး နှိမ့်ချခံရလေ့ ရှိတယ်။ အလှောင်ပြောင်ခံရလေ့ ရှိပါတယ်။ မန္တလေးမှာ အရင်က Transgender တွေကိစ္စနဲ့ ပတ်သက်ပြီး ရဲတွေ ကျူးလွန်ခဲ့တဲ့ လုပ်ရပ်တွေ ပြန်ကြည့်ပါ။ အခုလို ဥပဒေ မဲ့ပြီး မတရားကျူးလွန်နေတဲ့ ကာလမှာဆို ပိုပြီး ဆိုးရွာတဲ့ အရာတွေ ဖြစ်သွားနိုင်ပါတယ်”လို့ နွယ်ဒါလီထွန်းက ပြောပါတယ်။
လိင်အမျိုးအစား ခွဲခြားဆက်ဆံမှုတွေ ရပ်တန်းက ရပ်ပေးကြပါလို့ နွယ်ဒါလီထွန်းက ဆိုပါတယ်။

“အဖမ်းဆီးခံရတဲ့သူအတွက် Speak Out လုပ်ပေးကြပါ။ တော်လှန်ရေးကာလမှာ အာဏာရှင်ကိုသာမက လူ့အဖွဲ့အစည်းမှာ မသင့်တော်တော့တဲ့ Social Norms တွေကိုပါ တခါတည်း တိုက်ထုတ်သွားရမှာပါ။ လိင်အမျိုးအစား ခွဲခြားဆက်ဆံမှုတွေ ရပ်တန်းကရပ်”လို့ နွယ်ဒါလီထွန်းက ပြောထားပါတယ်။
သရုပ်ဆောင် နွယ်ဒါလီထွန်းကတော့ စစ်အာဏာရှင် ဆန့်ကျင်ရေးမှာ တတ်အားသရွေ့ ပါဝင်ကာ Speak Out လုပ်ပေးနေတဲ့ အနုပညာရှင်တဦး ဖြစ်ပြီး၊ ဧပြီလ ၄ ရက်နေ့က စစ်ကောင်စီမှ ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ထုတ်ပြန် ကြေညာခဲ့ပါတယ်။
You may also like these stories:
အော်စကာဆုရ Chloe Zhao ရဲ့ အောင်မြင်မှုကို တရုတ် ဆင်ဆာ ဖြတ်တောက်
“အနုပညာသမားတွေ အဖမ်းခံရဖို့ ရာခိုင်နှုန်းက သူများထက် ပိုတယ်”
“ဘယ်အခြေအနေရောက်ရောက် တခုခု အမြဲလေ့လာပါ”လို့ ဆိုဖီယာ အကြံပြု