• English
Friday, July 18, 2025
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

“Running Man” အစီအစဉ်ကနေ နုတ်ထွက်တော့မယ့် လီဂွမ်ဆူ

by မစ်ကီ
27 April 2021
in Entertainment
A A
"Running Man" ရဲ့ ပင်တိုင်အဖွဲ့ဝင် လီဂွမ်ဆူ

"Running Man" ရဲ့ ပင်တိုင်အဖွဲ့ဝင် လီဂွမ်ဆူ

6.5k
VIEWS
Share on FacebookShare on Twitter

ကာလကြာရှည် ပြနေဆဲဖြစ်တဲ့ နာမည်ကျော် ကိုရီးယား ရသစုံအစီအစဉ် “Running Man” ထဲက ပင်တိုင်အဖွဲ့ဝင် လီဂွမ်ဆူဟာ ၁၁ နှစ်ကြာခဲ့ပြီးတဲ့နောက် အဲဒီ အစီအစဉ်ကနေ နုတ်ထွက်တော့မယ်လို့ သူ့ရဲ့ စီမံခန့်ခွဲရေး အေဂျင်စီက ဧပြီလ ၂၇ ရက်နေ့မှာ ပြောဆိုခဲ့ပါတယ်။

အသက် ၃၅ နှစ်အရွယ် မင်းသားနဲ့ တင်ဆက်သူ လီဟာ လာမယ့် မေလ ၂၄ ရက်နေ့မှာ အဲဒီ အစီအစဉ်အတွက် နောက်ဆုံးအပိုင်းကို ရိုက်ကူးမှာဖြစ်တယ်လို့ KingKong by Starship အေဂျင်စီက ဆိုပါတယ်။

RelatedPosts

အောင်လအန်ဆန်းနှင့် ဂျိုရွှာဗန်တို့က ပေးတဲ့ အမျိုးသားစည်းလုံးညီညွတ်မှု

အောင်လအန်ဆန်းနှင့် ဂျိုရွှာဗန်တို့က ပေးတဲ့ အမျိုးသားစည်းလုံးညီညွတ်မှု

16 July 2025
1.2k
မိုးကုတ်မြို့

မိုးကုတ်မြို့

13 July 2025
507
အီလွန်မတ်စ် တက်စ်လာ ရဲ့ Robotaxi တွေကို ဆန်ဖရန်စစ္စကိုမှာ ၂ လ အတွင်း ဖြန့်မယ်တဲ့

အီလွန်မတ်စ် တက်စ်လာ ရဲ့ Robotaxi တွေကို ဆန်ဖရန်စစ္စကိုမှာ ၂ လ အတွင်း ဖြန့်မယ်တဲ့

12 July 2025
496

အေဂျင်စီရဲ့အဆိုအရ လီဟာ လွန်ခဲ့တဲ့ နှစ်တုန်းက ကားမတော်တဆမှုကနေ ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် အဲဒီ အစီအစဉ်မှာ ပါဝင်ဖို့ အခက်အခဲဖြစ်ခဲ့တာဖြစ်ပြီး ရုပ်ပိုင်းဆိုင်ရာ ကုထုံးကိုလည်း ခံယူခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။ အစီအစဉ်မှာ ပါဝင်တဲ့ တခြားအဖွဲ့ဝင်တွေ၊ ဝန်ထမ်းတွေနဲ့ ဆွေးနွေးခဲ့ပြီးတဲ့နောက် ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ သက်သာဖို့ အချိန်တချို့ နားမယ်လို့ ဆုံးဖြတ်ခဲ့တာလည်း ဖြစ်ပါတယ်။

အေဂျင်စီက “လီဟာ ၁၁ နှစ်လောက် ရှိခဲ့တဲ့ အဲ့ဒီ အစီအစဉ်ကနေ နုတ်ထွက်ဖို့ ဆုံးဖြတ်ရတာ မလွယ်ကူခဲ့ပါဘူး။ ဒါပေမဲ့ နောက်ပိုင်း အစီအစဉ်မှာ ပိုမိုကောင်းမွန်တဲ့ တင်ဆက်မှုတွေ ပြသနိုင်ဖို့ ရုပ်ပိုင်းဆိုင်ရာ အနားယူဖို့ အချိန်လိုအပ်တယ်ဆိုတာကို ကျနော်တို့ သဘောတူခဲ့ကြပါတယ်”လို့ ဆိုပါတယ်။

“Running Man” အစီအစဉ်ကနေတဆင့် ရရှိခဲ့တဲ့ အချစ်နဲ့ အားပေးမှုတွေအတွက် တကယ့်ကိုပဲ ကျေးဇူးတင်လို့ အေဂျင်စီက ပြောကြားခဲ့ပါတယ်။

ဧပြီလ ၂၇ ရက်နေ့နှောင်းပိုင်းမှာတော့ အစီအစဉ်ရဲ့ ဝန်ထမ်းတဦးက သူတို့ဟာ လီရဲ့ ဆုံးဖြတ်ချက်ကို လေးစားပြီး အစီအစဉ်ရဲ့ အဖွဲ့ဝင်တဦးအနေနဲ့ အားပေးထောက်ခံ၊ အမှတ်ရနေမှာဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။ လီဟာ SBS ရုပ်သံလိုင်းကနေ ၂၀၁၀ ပြည့်နှစ်၊ ဇူလိုင်လနေ စတင်ထုတ်လွှင့်ခဲ့တဲ့ အဲ့ဒီရသစုံအစီအစဉ်မှာ မူရင်းအဖွဲ့ဝင်တဦးအဖြစ် ပါဝင်ခဲ့ပါတယ်။

ရသအစုံ ပါဝင်တဲ့ ပုံစံကြောင့် အဲ့ဒီအစီအစဉ်ဟာ ပြည်တွင်းမှာရော ပြည်ပမှာပါ လူကြိုက်များပြီး တရုတ်၊ ဂျပန်၊ ထိုင်ဝမ်၊ ထိုင်ဝမ်နဲ့ ဖိလစ်ပိုင်တို့အပါအဝင် နိုင်ငံရပ်ခြားဒေသတွေအထိ တင်ပို့ရောင်းချနိုင်ခဲ့ပါတယ်။

အဲဒီ အစီအစဉ်ရဲ့ နာမည်ကြီးလာမှုနဲ့အတူ လီဟာ သူ့ရဲ့ ဟာသဉာဏ်ရွှင်ပြီး ဖော်ရွေတတ်တဲ့ ပုံရိပ်ကြောင့် အိမ်နီးချင်းနိုင်ငံတွေမှာ ပရိသတ်အင်အား ကောင်းကောင်း ရရှိတဲ့အပြင် “အာရှရဲ့ မင်းသားလေး” ဆိုတဲ့ နာမည်ပြောင်ကိုလည်း ရရှိခဲ့ပါတယ်။ ကျန်ရှိတဲ့ အဖွဲ့ဝင်တွေကတော့ အဲဒီ အစီအစဉ်မှာ ဆက်လက် ပါဝင်သွားမယ်လို့ဆိုပါတယ်။

Ref: Yonhap

You may also like these stories:

အော်စကာဆုရ ပထမဆုံး ကိုရီးယားသရုပ်ဆောင် ဖြစ်လာတဲ့ Youn Yuh-jung

အော်စကာဆုရ Chloe Zhao ရဲ့ အောင်မြင်မှုကို တရုတ် ဆင်ဆာ ဖြတ်တောက်

Your Thoughts …
Tags: Running Manရသစုံအစီအစဉ်လီဂွမ်ဆူ
မစ်ကီ

မစ်ကီ

Contributor

Similar Picks:

ချစ်သူတွေ ဖြစ်သွားကြတဲ့ လီဂွမ်ဆူနဲ့ လီဆူဘင်း

Running Man မှာ ဆုံတွေ့ခဲ့ပြီး ချစ်သူတွေ ဖြစ်သွားကြတဲ့ လီဂွမ်ဆူနဲ့ လီဆူဘင်း

by Aurora
31 December 2018
8.4k

မင်းသမီး လီဆူဘင်း ၂၀၁၆ ခုနှစ်မှာ Running Man အစီအစဉ်ကို ပါဝင်ခဲ့တုန်းက လီကွမ်ဆူကို စိတ်ဝင်စားတဲ့ အကြောင်း ပြောပြခဲ့ဖူးပါတယ်။

"Running Man" အစီအစဉ်

တရုတ်အစိုးရကို စော်ကားသည်ဟုဆိုကာ Running Man အစီအစဉ် သပိတ်မှောက်ခံရ

by မစ်ကီ
10 December 2020
6.1k

အဲ့ဒီအငြင်းပွားဖွယ် ကိစ္စဟာ နာမည်ကျော် အဲ့ဒီရုပ်သံအစီအစဉ်ရဲ့ အပိုင်းတခု ထုတ်လွှင့်ခဲ့ပြီးတဲ့နောက် ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၆ ရက်နေ့ကစလို့ အကြီးအကျယ် ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။

ယူဂျယ်ဆော့နဲ့ လီဂွမ်ဆူ

Running Man အစီအစဉ်မှာ လီဂွမ်ဆူတို့စုံတွဲကို ချစ်စနိုး နာမည်ပြောင်ပေးလိုက်တဲ့ ယူဂျယ်ဆော့

by Aurora
12 January 2019
6.4k

ဆောင်ဂျွန်ကီနဲ့ ဆောင်ဟေဂို (song song couple) စုံတွဲနဲ့အပြိုင် Ri Ri Couple ပေါ်ထွက်လာပြီလို့ မှတ်ချက်ပြုလိုက်တဲ့ စကားကို အကုန်လုံးက သဘောကျ ရယ်မောခဲ့ကြပါတယ်။

"Running Man" အစီအစဉ် တင်ဆက်သူ ယူဂျယ်ဆော့

“Running Man” PD ဟောင်း ရိုက်ကူးတဲ့ ရှိုးအသစ်မှာ ပါဝင်မယ့် ယူဂျယ်ဆော့

by Aurora
19 September 2018
10.6k

ရိုက်ကွင်းကို စတူဒီယိုထဲ မဟုတ်ဘဲ အပြင်မှာ Outdoor ပုံစံ ရိုက်ကူးသွားမယ်လို့ ဆိုပါတယ်။

“Running Man” အစီအစဉ်မှာ ပါဝင်ခဲ့ကြတဲ့ Tom Cruise, Henry Cavill နဲ့ Simon Pegg

“Running Man” အစီအစဉ်မှာ ပါဝင်ခဲ့ကြတဲ့ Tom Cruise နဲ့ အဖွဲ့သားများ

by မစ်ကီ
24 July 2018
6.8k

သူတို့ပါဝင်ထားတဲ့ အဲဒီအစီအစဉ်ကို SBS ရုပ်သံလိုင်းကနေ ဇူလိုင်လ ၂၂ ရက်နေ့မှာ ထုတ်လွှင့်ပြသခဲ့ပြီး အခုလိုမျိုး ပါဝင်ခဲ့ကြတာကို အဖွဲ့ဝင်တွေက အတော်လေး အံ့အားသင့်ခဲ့ကြရတာကို တွေ့ရပါတယ်။

"Running Man" အစီအစဉ်မှာ ပါဝင်မယ့် မင်းသား Ryan Reynolds

“Running Man” ကိုရီးယား ရုပ်သံအစီအစဉ်မှာ ပါဝင်လာမယ့် မင်းသား Ryan Reynolds

by မစ်ကီ
19 December 2019
3.9k

မင်းသားဟာ ပျော်ပျော်နေတတ်တဲ့သူ ဖြစ်တဲ့အတွက် ကမ္ဘာကျော် "Running Man" ရုပ်သံအစီအစဉ်မှာ မင်းသားရဲ့ ပွဲဦးထွက် ပါဝင်လာမှုကို နိုင်ငံတကာ ပရိသတ်တွေက အထူးစောင့်မျှော်နေကြပြီ ဖြစ်ပါတယ်။

Next Post
ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒိုး  / ဧရာဝတီ

လူထုကို ထောက်ခံတဲ့ အနေနဲ့ ကျနော်တို့လုပ်နိုင်တာကို လုပ်ရမှာပဲ

ဖေဖါ်ဝါရီ ၁၄ရက်က ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်နှင့် တခြားသောတက္ကသိုလ်များမှ CDM လုပ်သော ဆရာဆရာများ / Myanmar Harp

ပညာရေးဝန်ထမ်းများ လုပ်ငန်းခွင်သို့ ဝင်ရန် စစ်ကောင်စီ ဖိအားပေး

No Result
View All Result

Recommended

အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

6 days ago
3.5k
၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

2 days ago
3.3k

Most Read

  • MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

    MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

    shares
    Share 0 Tweet 0
  • အသိအမှတ်ပြုမှုအတု၊ ထရမ့်၏ မြန်မာအခွန်နှင့် ပေးစာရေးသားခြင်း အလွဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၆

    shares
    Share 0 Tweet 0
  • ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

    shares
    Share 0 Tweet 0
  • ပြည်သူ့ရင်ခွင် ခိုလှုံတဲ့ သုခစခန်းက ဗိုလ်ကြီး မျိုးဆွေဦးရဲ့ စကား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate