စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ တက်ကြွစွာ ပါဝင်ခဲ့တဲ့ သရုပ်ဆောင် ဘုန်းဆက်သွင်က ဇာတ်လမ်းတွဲ မင်းသားတယောက် ပုဒ်မ ၅၀၅-က နဲ့ ဖမ်းဝရမ်း ထုတ်ခံရတဲ့ စာရင်းမှာ ပါဝင်လာတဲ့အပေါ် အခုလိုပဲ သူ့ရဲ့ လူမှုကွန်ရက် အကောင့်ကနေ ထုတ်ပြောလာပါတယ်။
“ဇာတ်လမ်းတွဲ မင်းသားတယောက် ၅၀၅-က နဲ့ ပါလာတယ်။ Social Punishment ကြောက်လို့ ပါလာတယ်ဆိုတာ သိတယ်။ အရေးတော်ပုံအောင်ရင် ဒဲ့ပြောပါမယ်။ Page ကြီး ထောင်ထားပြီး အောင်မြင်နေလျက်နဲ့ ဖေဖော်ဝါရီ ၂ ရက်နေ့က Profile လေးချိန်းပြီး အသံမထွက်ပေးတာ ရွံတယ်နော်။ အရှေ့မှာ တာဝန်ကျေရုံ လုပ်ပေးခဲ့တာတွေအတွက် ကျေးဇူးတင်မနေဘူးနော်”
“မင်းပါးစပ်ကနေ ကြွေးကြော်သံတောင် မကြားဖူးဘူး။ မင်းအဖေ ဘာကြီးပဲ ဖြစ်နေပါစေ၊ ကြောက်မနေဘူး။ မင်းအဖေ လုပ်ခဲ့တဲ့ ဒဏ်တွေ မင်းတို့ မိသားစု ပြန်ခံစေရမယ်။ အသက်ပေးခဲ့ရတဲ့ ငါတို့ပြည်သူတွေအတွက် သွေးမအေးသွားဘူး။ တွေးမိတိုင်း မင်းတို့ကို ပိုမုန်းတယ်၊ ပိုရွံတယ်။ မင်းတို့ပြီးရင် ငါတို့အလှည့် လာတော့မှာပါ။ ပြေးထားလိုက်တော့။ ၅၀၅-က ပါသွားလို့ လွတ်ပြီ ထင်မနေနဲ့”လို့ ဘုန်းဆက်သွင်က ပြောပါတယ်။
ပုဒ်မ ၅၀၅-က နဲ့ တကယ် အမှုဖွင့်ခံထားရသူတွေက အိုးပစ်အိမ်ပစ်နဲ့ နေနေရပြီး တချို့ဆို နေရထိုင်ရ အဆင်မပြေတာတွေ ရှိတယ်လို့ ဘုန်းဆက်သွင်က ဆိုပါတယ်။
“၅၀၅-က တကယ် အထုတ်ခံထားရတဲ့ လူတွေ အများကြီးပါ။ အနုပညာရှင်တွေရော၊ တက်ကြွ လှုပ်ရှားသူတွေရော မိသားစုလည်းပစ်၊ အိုးပစ်အိမ်ပစ်နဲ့ နေနေရပြီး၊ သူငယ်ချင်း တချို့ဆို နေရထိုင်ရ အဆင်မပြေတာတွေရော၊ စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာရော တော်တော် အချိန်နဲ့အမျှ ထိခိုက်ပါတယ်။ ဒါပေမဲ့ အားလုံးက ကိုယ်ယုံကြည်ရာကို အဆုံးထိ ဆက်လုပ်ကြမှာပါ”
“တကယ်လုပ်တဲ့ သူတွေက ဝရမ်းပြေးလို နေနေရပြီး ဘာမှ မလုပ်ဘဲ အေးအေးဆေးဆေး နေနေရတဲ့သူက Social Punishment ဒဏ်ရှောင်ရရုံ လုပ်တာကို လက်မခံတာပါ။ သူနဲ့ Personal case တခုမှ မရှိပါဘူး”လို့ ဘုန်းဆက်သွင်က ပြောထားပါတယ်။
သရုပ်ဆောင် ဘုန်းဆက်သွင်ကတော့ စစ်အာဏာရှင် ဆန့်ကျင်ရေးမှာ တတ်အားသရွေ့ ပါဝင်ခဲ့တဲ့ အနုပညာရှင်တဦး ဖြစ်ပြီး၊ ဘုန်းဆက်သွင်အား စစ်ကောင်စီမှ ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ထုတ်ပြန် ကြေညာထားပါတယ်။
You may also like these stories:
မိတ်ကပ် မေဦး ပါဝင်တဲ့ Gen Z Burma အဖွဲ့ကို အများက ချီးကျူးနေကြ
“အနုပညာသမားတွေ အဖမ်းခံရဖို့ ရာခိုင်နှုန်းက သူများထက် ပိုတယ်”
“မလိုအပ်တဲ့ သတင်းတွေကို မဖွကြပါနဲ့”လို့ သာဒီးလူ ဆို