Entertainment

“အသက်ပေးခဲ့တဲ့ သူရဲကောင်းတွေကို တရက်မှ မမေ့ဘူး”လို့ သန္တာလှိုင် ဆို

Want create site? Find Free WordPress Themes and plugins.

CDM (အာဏာဖီဆန်ရေး လှုပ်ရှားမှု) မှာ ပြည်သူ့ဝန်ထမ်းများ ပါဝင်လာစေရန် လှုံ့ဆော်သည်ဟုဆိုကာ ပုဒ်မ ၅၀၅-က ဖြင့် စစ်ကောင်စီရဲ့ ဖမ်းဝရမ်း ထုတ်ခံခဲ့ရတဲ့ မော်ဒယ် သန္တာလှိုင်က လုံခြုံရေးအရ အဆက်အသွယ်ဖြတ်ပြီး ရှောင်နေရပေမယ့် ပြည်သူတယောက်အနေနဲ့ တာဝန်တွေ မလစ်ဟင်းစေခဲ့ဘူးလို့ ဆိုပါတယ်။

“လုံခြုံရေးအရ လူကိုယ်တိုင်ရော၊ အွန်လိုင်းကနေပါ ကျမ အဆက်အသွယ်ဖြတ်ပြီး ရှောင်နေရပေမယ့် အမှန်တရားဘက်မှာ အပြည့်အဝ ရပ်တည်တဲ့ ပြည်သူလူသား တယောက်အနေနဲ့ လုပ်စရာရှိတဲ့ တာဝန်တွေတော့ မလစ်ဟင်းစေခဲ့ပါဘူး။ ဒါ့အပြင် အသက်ပေးခဲ့တဲ့ သူရဲကောင်းတွေ အကုန်လုံးကို တရက်မှ မမေ့ပါဘူး”လို့ သန္တာလှိုင်က ပြောပါတယ်။

စစ်အာဏာရှင်ကို ဆန့်ကျင်ရင်း အသက်ပေးခဲ့ရသူတွေနဲ့ ပြည်သူတွေရဲ့ အနာဂတ်အတွက် အသံပြုပေးနေကြသူတွေကိုလည်း ကျေးဇူးတင်တယ်လို့ သန္တာလှိုင်က ဆိုပါတယ်။

မော်ဒယ် သန္တာလှိုင် (ဓာတ်ပုံ – Thandar Hlaing’s Facebook)

“သူတို့ ရင်းခဲ့တဲ့ အသက်တွေရယ်၊ ကျမတို့ရဲ့ အနာဂတ်အတွက် အချည်းအနှီး မဖြစ်ရအောင် သတင်းအမှောင် ကျနေတဲ့ ကျမတို့တွေကိုယ်စား အသံပြုပေးနေတဲ့ တကမ္ဘာလုံးမှာရှိတဲ့ လူမျိုး၊ နိုင်ငံသားနဲ့ ဘာသာဝင် ပေါင်းစုံကိုလည်း ကျေးဇူးတင်လို့ မဆုံးပါဘူးရှင်”လို့ သန္တာလှိုင်က ပြောပါတယ်။

မော်ဒယ် သန္တာလှိုင် (ဓာတ်ပုံ – Thandar Hlaing’s Facebook)

“တိုက်ပွဲရှိရင် အောင်ပွဲရှိတာမို့ ပျော်ရာမှာမနေ တော်ရာကနေပဲ အရေးတော်ပုံ အောင်တဲ့အထိ လုပ်စရာရှိတာတွေကို ဆက်လက် လုပ်နေမှာပါ”လို့လည်း သန္တာလှိုင်က ပြောထားပါသေးတယ်။

မော်ဒယ် သန္တာလှိုင်ကတော့ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ တက်ကြွစွာ ပါဝင်ခဲ့ပြီး၊ အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲများအတွင်း သေနတ်ထိမှန်ကာ သေဆုံးခဲ့ရသူတွေအတွက်လည်း တတ်နိုင်တဲ့ဘက်ကနေ လှူဒါန်းမှုများစွာ ပြုလုပ်ခဲ့ပါတယ်။

You may also like these stories:

မူဆယ်နယ်စပ် ကုန်သွယ်ရေး ရပ်လုနီးဖြစ်

စီးပွားရေးပြိုကွဲနေချိန် ကျောက်မျက်ရောင်းရာမှ စစ်ကောင်စီ ဒေါ်လာသန်းချီရ

အင်တာနက်ပြတ်တောက်မှုကြောင့် စက်ဘီးဖြင့် အစားအသောက် ပို့ဆောင်သူများ ရှင်သန်ရန် ကြိုးစားနေရ

Did you find apk for android? You can find new Free Android Games and apps.
Loading