ဇာတ်လမ်းတွဲတွေမှာ သရုပ်ဆောင်ရင်း ပရိသတ် အားပေးမှု ရရှိလာခဲ့တဲ့ သရုပ်ဆောင် မြတ်သူသူက ကိုယ့်ထက် ထိခိုက် နစ်နာခဲ့ရသူတွေကို အားနာလို့ လိုင်းမသုံးဖြစ်ဘူးလို့ ဆိုပါတယ်။
“လူရော စိတ်ရော အဆင်မပြေလို့ လိုင်းမသုံးဖြစ်ဘူး။ အင်တာနက်လိုင်းတွေ မရလို့လည်း လိုင်းမသုံးဖြစ်ဘူး။ ကိုယ်တွေထက် ထိခိုက်နစ်နာခဲ့ရသူတွေကို အားနာလို့လည်း လိုင်းမသုံးဖြစ်ဘူး။ နှစ်တွေ အများကြီး ကြိုးစား တည်ဆောက်ခဲ့သမျှတွေ အကုန်ပျက်စီးသွားတော့ မျှော်လင့်ချက်တွေလည်း မရှိတော့ဘူး”လို့ မြတ်သူသူက ပြောပါတယ်။
စိတ်ဓာတ်တွေ ကျပေမယ့် ပြန်ကြိုးစားပြီး အားတင်းရမယ်လို့ မြတ်သူသူက ဆိုပါတယ်။
“ဒီအသက်အရွယ် ရောက်မှ ဘဝသစ်တခုကို အစက ပြန်ကြိုးစားရပြန်ဦးမယ်။ ကိုယ့်ထက် ပိုဆုံးရှုံးရတဲ့သူတွေ၊ အနစ်နာခံခဲ့သူတွေဆို ဘယ်လောက်တောင်များ ထိခိုက်နာကျင်ကြရမလဲ။ စိတ်ဓာတ်တွေ ကျပေမယ့် ပြန်ကြိုးစားမယ်။ ပြန်အားတင်းမယ်။ အရာအားလုံးကောင်းဖို့ ဖြစ်လာတာပါလို့ အမြဲတွေးခဲ့ပေမယ့် အခုတခါတော့ မပါဘူး။ ဘယ်တော့မှ မမေ့ဘူး”လို့ မြတ်သူသူက ပြောပါတယ်။
ဆက်လက်ပြီး မြတ်သူသူက ပရိသတ်တွေကို စိတ်ဓာတ်မကျကြဖို့ အားလုံး အားတင်းထားပါလို့လည်း ပြောထားပါသေးတယ်။ သရုပ်ဆောင် မြတ်သူသူက ဒီအကြောင်းအရာတွေကို သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာကနေ ရေးသား ပြောပြထားတာဖြစ်ပါတယ်။
You may also like these stories:
“လူငယ်တွေရဲ့ အနာဂတ် အမှောင်ကျသွားခဲ့တယ်”လို့ မောင်မျိုးမင်း ဆို
“ယုံကြည်ချက်အပြည့်နဲ့ ပူးပေါင်း တိုက်ပွဲဝင်ပေးကြပါ”လို့ ဟန်ဇော်လတ် ပြော
“အသက်ပေးသွားသူတွေနဲ့ ယှဉ်ရင် ရှောင်ရပြေးရတာ စာမဖွဲ့လောက်ဘူး”