အမေရိကန်နိုင်ငံမှာ ကျင်းပမယ့် ၆၉ ကြိမ်မြောက် Miss Universe ပြိုင်ပွဲကို မြန်မာနိုင်ငံ ကိုယ်စားပြု သွားရောက် ယှဉ်ပြိုင်နေတဲ့ အလှမယ် သူဇာဝင့်လွင်ဟာ American Airlines ရဲ့ မှားယွင်းမှုကြောင့် LA လေဆိပ်မှာ သူ့ရဲ့ ညနေခင်း ဝတ်စုံတွေပါတဲ့ Luggage ကျန်ခဲ့ပြီး အချိန်မီ ပြန်ရအောင် ကြိုးစားနေတယ်လို့ ဆိုပါတယ်။
“LA မှ သူငယ်ချင်းများ Miss Universe Myanmar သူဇာဝင့်လွင်ရဲ့ Evening gown တွေ ပါတဲ့ Luggage က American Airlines ရဲ့ မှားယွင်းမှုကြောင့် LA လေဆိပ်မှာ ကျန်ခဲ့တဲ့အတွက် Final ပြိုင်ပွဲ မတိုင်ခင် မချိန်မီ ပြန်ရအောင် ကူညီလို့ရရင် ကူညီပါ။ သူတို့လည်း ပြန်ရအောင် ကြိုးစားနေပါတယ်တဲ့။ အခုထိ မရသေးပါ”လို့ ဥက္ကာမင်းမောင်က ပြောပါတယ်။
ဆက်ပြီး “သူဇာဝင့်လွင်ရဲ့ Luggage ကို မနက်ဖြန် LA လေဆိပ်မှာ Chrissy A Hla က မနက်ဖြန် သွားစုံစမ်းကြည့်ပေးပါမယ်တဲ့။ တကယ်လို့ ပြန်တွေ့ခဲ့ရင် ကျနော်နဲ့ Chrissy နဲ့ က Miami မှာ Miss Universe NC show ကြည့်ဖို့ ဗုဒ္ဓဟူးနေ့ ကျရင် ဆုံကြမှာဆိုတော့ သူကိုယ်တိုင် သယ်လာပေးလို့ရတယ်။ Final မှာ ဝတ်မယ့် Evening Gown ပါတဲ့အိတ် ပျောက်တာဆိုတော့ အရေးကြီးတယ်။ အားလုံး အဆင်ပြေပါစေ၊ ပြန်တွေ့ပါစေပဲ ဆုတောင်းပါတယ်”လို့ ဥက္ကာမင်းမောင်က ပြောထားပါတယ်။
သူဇာဝင့်လွင်ရဲ့ Luggage ကိုတော့ LA လေဆိပ်မှာ ဥက္ကာမင်းမောင်ရဲ့ သူငယ်ချင်းဖြစ်သူက သွားရောက် စုံစမ်းပေးမှာဖြစ်ပြီး Final ပွဲမှာ ဝတ်မယ့် ဝတ်စုံများဖြစ်တာကြောင့် အရေးကြီးတယ်လို့ ဆိုပါတယ်။

“သူဇာဝင့်လွင်က Los Angel ကနေ Florida အသွားမှာ Flight ရဲ့ပေါ့ဆမှုတခုကြောင့် Luggage တလုံး ကျန်ခဲ့ပါတယ်တဲ့။ အဲ့ထဲမှာ Outfit တွေ၊ Final Evening Gown တွေရော ပါသွားပါတယ်။ အိတ်ပြန်ရဖို့ MU org ဘက်ကလည်း လုပ်နေတယ်ဆိုပေမဲ့ LA ရောက် မြန်မာပြည်သူတွေအနေနဲ့ ကူညီနိုင်မယ်ဆို ကူညီပေးကြပါဦး”လို့ အလှမယ် မျိုးကိုကိုစန်းက ပြောပါတယ်။
အခက်အခဲတွေကြားက ပြိုင်ရတဲ့သူမို့ အားပေးကြပါဦးလို့ မျိုးကိုကိုစန်းက ပြောထားပြီး၊ လတ်တလောမှာတော့ သူဇာဝင့်လွင်ကို Miss Universe Vietnam Team က ကူညီပေးမယ်လို့ သိရပါတယ်။

Miss Universe Myanmar 2020 အလှမယ် သူဇာဝင့်လွင်ဟာ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ တက်ကြွစွာ ပါဝင်ခဲ့သူဖြစ်ပြီး၊ Miss Universe Crown ဆောင်းခွင့်ရမယ်ဆိုရင် လက်ရှိ မြန်မာ့နိုင်ငံရေး အကျပ်အတည်းတွေ အကြောင်းကို ပိုပြီး Speak Out လုပ်နိုင်မယ်လို့ ပြောထားပါသေးတယ်။
You may also like these stories:
သရဖူ ရောင်းစရာ မလိုဘဲ CRPH ကို တန်းလှူခွင့်ရလိုက်တဲ့ နှင်းသွေးယုအောင်
ထိုင်းမီဒီယာတခုကို လက်ရှိ မြန်မာနိုင်ငံအကြောင်း ပြောပြခဲ့တဲ့ နှင်းသွေးယုအောင်