စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ Speak Out လုပ်နေတဲ့ သရုပ်ဆောင် နွယ်ဒါလီထွန်းက အနုပညာသမားမို့ Social Punishment ကြောက်လို့ ပြည်သူနဲ့အတူ ရပ်တည်ခဲ့တာ မဟုတ်ဘဲ ပြည်သူထဲက ပြည်သူတယောက်မို့ တော်လှန်ရေးမှာ ပါဝင်ခဲ့တာလို့ ဆိုပါတယ်။
“ဟဲ့ နင်က အနုပညာသမား၊ နိုင်ငံရေးသမား မဟုတ်ဘူးတဲ့။ အနုပညာသမားဆိုတာ ဟိုဘက်ဒီဘက် ပရိတ်သတ် ရှိတဲ့သူမို့ ဘယ်ဘက်မှ မပါဘဲ ကြားနေတာ အကောင်းဆုံးပါတဲ့။ ပရိတ်သတ် မလျော့ဘူးပေါ့တဲ့”
“ကျမ ဒီတော်လှန်ရေးမှာ ပါဝင်ခဲ့တာ အနုပညာသမားတယောက်မို့ Social Punishment ကြောက်လို့ ပြည်သူနဲ့အတူ ရပ်တည်ခဲ့တာ မဟုတ်ပါဘူးရှင်။ ပြည်သူထဲက ပြည်သူတယောက်မို့ ကျမတို့အနေနဲ့ ဆုံးရှုံးနေရတဲ့ အခွင့်အရေးတွေ ပြန်လိုချင်လို့ပါ”လို့ နွယ်ဒါလီထွန်းက ပြောပါတယ်။
ပြည်သူထဲက ပြည်သူတယောက်ဖြစ်တာကြောင့် ဆုံးရှုံးနေတဲ့ အခွင့်အရေးတွေကို ပြန်လိုချင်လို့ စစ်အာဏာရှင် တော်လှန်ရေးမှာ ပါဝင်တာလို့ ဆိုပါတယ်။
“အဲ့အခွင့်အရေးတွေက တော်ကြာနေ ပိတ်လိုက်ပြီးရင် ပြန်ပေးလိုက်နဲ့ လုပ်နေတဲ့ အင်တာနက် ပုံမှန်ပြန်ရရေးတို့ ထုတ်ချင်တိုင်းထုတ်နေတဲ့ Martial Law ကို ဖြေလျှော့ရေးတို့အတွက် မဟုတ်ပါဘူး”
“ကျမတို့ကိုယ်တိုင် ဆန္ဒနဲ့ မဲပေးခဲ့တဲ့ NLD အစိုးရနဲ့ မြန်မာ့ ဒီမိုကရေစီ ဖော်ဆောင်ပေးခဲ့တဲ့ မိခင် ဒေါ်အောင်ဆန်းစုကြည်ကို မတရားစွဲချက်တွေနဲ့ တရားစွဲဆို ဖမ်းဆီး ချုပ်နှောင်ထားခြင်းကို ပြန်လွှတ်ပေးရန်အတွက်ပါ”လို့ နွယ်ဒါလီထွန်းက ဆိုပါတယ်။
သရုပ်ဆောင် နွယ်ဒါလီထွန်းကတော့ စစ်အာဏာရှင် ဆန့်ကျင်ရေးမှာ တတ်အားသရွေ့ ပါဝင်ကာ Speak Out လုပ်ပေးနေသူ ဖြစ်ပြီး၊ ပြီးခဲ့တဲ့ ဧပြီလ ၄ ရက်နေ့က စစ်ကောင်စီမှ ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ခံထားရတဲ့ အနုပညာရှင်တဦး ဖြစ်ပါတယ်။
You may also like these stories:
တောင်ကိုရီးယားမှာ အင်တာဗျူး ဖြေခဲ့တဲ့အကြောင်း ပြောပြတဲ့ ဟန်နာယူရီ
အလှမယ် သူဇာဝင့်လွင်ရဲ့ Luggage ပြန်တွေ့အောင် ကြိုးစားနေ
မြန်မာပြည်အကြောင်း တောင်ကိုရီးယားမှာ အင်တာဗျူး ဖြေခဲ့တဲ့ ဟန်နာယူရီ