မြန်မာနိုင်ငံမှာ လက်ရှိ ကြုံတွေ့နေရတဲ့ စစ်အာဏာသိမ်းမှုနဲ့အတူ ပြည်သူတွေ နေ့စဉ် ဘဏ်တွေရှေ့မှာ ငွေထုတ်ဖို့ အချိန်ကြာ စောင့်ဆိုင်းရတဲ့အပေါ် Makeup Artist မေဦးက သူ့ရဲ့ လူမှုကွန်ရက် အကောင့်ကနေ အခုလိုပဲ ဆိုပါတယ်။
“အနှစ်နှစ်အလလ ပင်ပင်ပန်ပန်း ရှာဖွေထားတဲ့ ကိုယ်ပိုင်တဲ့ ငွေတွေကို ကိုယ့်သဘောနဲ့ လုံခြုံမယ်လို့ ထင်တဲ့ ဘဏ်ဆိုတဲ့ နေရာမှာ စိတ်ချစွာ၊ ယုံကြည်စွာ အပ်နှံခဲ့ကြတယ်။ အခုတော့ မယုံကြည်ရတဲ့ အခြေအနေမို့ ကိုယ်သဘောနဲ့ပဲ ကိုယ်ပိုင်ငွေကို ပြန်ထုတ်ဖို့ လုပ်တော့ ရချင်သလောက်၊ လိုသလောက်ထုတ်ခွင့် မရတော့ဘူး”လို့ မေဦးက ဆိုပါတယ်။
ကိုယ့်ငွေကိုယ် ပြန်ထုတ်တာတောင် ပင်ပန်းဆင်းရဲစွာ ဒုက္ခရောက်တာကြောင့် ပြည်သူတွေအနေနဲ့ စစ်အာဏာရှင်ကို အမြစ်ပြုတ်အောင် ရတဲ့နည်းနဲ့ တော်လှန်ကြပါလို့ မေဦးက ဆိုပါတယ်။
“ကိုယ့်ငွေကိုယ် ပြန်ထုတ်တာတောင် ဒီလောက် ပင်ပန်းဆင်းရဲပြီး ဒုက္ခရောက်နေရရင် ဒီအာဏာရူး စစ်သူပုန်တွေအောက်မှာ တခြား လူ့အခွင့်အရေးတွေ၊ အလုပ်အကိုင်တွေ ဘာတခုမှ ရဖို့ မရှိဘူး ဆိုတာ ပြည်သူတွေ ပိုသဘောပေါက်ကြပါ။ ဒါ့ကြောင့် ဒီအာဏာရူး စစ်သူပုန်တွေကို အမြစ်ပြုတ်အောင် ရတဲ့နည်းနဲ့ ဝိုင်းပြီး တော်လှန်ကြပါ”လို့ မေဦးက ပြောထားပါတယ်။
Makeup Artist မေဦးဟာ စစ်အာဏာရှင် ဆန့်ကျင်ရေးမှာ တတ်အားသရွေ့ ပါဝင်ကာ Speak Out လုပ်ပေးနေသူ တဦး ဖြစ်ပါတယ်။
မေဦးအား ဧပြီလ ၂ ရက်နေ့က စစ်ကောင်စီမှ ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ထုတ်ပြန် ကြေညာပြီးနောက် မေဦးဟာ စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာ အဓိက ဦးဆောင်ခဲ့တဲ့ Gen Z Burma အဖွဲ့ဝင်များနဲ့အတူ ထိုင်း-မြန်မာ နယ်စပ်ကို ရောက်ရှိနေပါတယ်။
အဲဒီထဲမှာ နိုင်ငံကျော် Makeup Artist မေဦး၊ ဟန်လင်းနဲ့ Miss Golden Land Myanmar Organization ရဲ့ CEO တွေ ဖြစ်ကြတဲ့ ကိုဟန်ဇော်လတ်နဲ့ ကိုဝေယံအောင်တို့ ပါဝင်ပါတယ်။
You may also like these stories:
ရဲတိုက် ဝတ်ဆင်ခဲ့တဲ့ ရှမ်းအင်္ကျီအား လေလံတင် ရောင်းချ
ပြည်သူထဲက ပြည်သူတယောက်မို့ တော်လှန်ရေးမှာ ပါဝင်တဲ့ နွယ်ဒါလီထွန်း
တောင်ကိုရီးယားမှာ အင်တာဗျူး ဖြေခဲ့တဲ့အကြောင်း ပြောပြတဲ့ ဟန်နာယူရီ