အမေရိကန်နိုင်ငံမှာ ကျင်းပမယ့် ၆၉ ကြိမ်မြောက် Miss Universe ပြိုင်ပွဲကို မြန်မာနိုင်ငံ ကိုယ်စားပြု သွားရောက် ယှဉ်ပြိုင်နေတဲ့ အလှမယ် သူဇာဝင့်လွင်ဟာ တိုင်းပြည်ကိုယ်စား မြန်မာ့ရိုးရာ ကစားစရာအရုပ်များထဲမှ ပစ်တိုင်းထောင်ကို ဖော်ညွှန်း ယှဉ်ပြိုင်သွားမယ်လို့ ဆိုပါတယ်။
“ယခုနှစ် Miss Universe Myanmar ရဲ့ ရိုးရာ ဝတ်စုံကတော့ မြန်မာ့ရိုးရာ ကစားစရာ တွေထဲက “သူငယ်တော်ရဲ့ ယုံကြည်ရာ ပစ်တိုင်းထောင်” ဆိုတဲ့ ခေါင်းစဉ်လေးနဲ့ တင်ဆက် ပြသသွားမှာ ဖြစ်ပါတယ်။ ပစ်တိုင်းထောင်ရုပ်ဟာ စက္ကူကို အခြေခံပြီး ပြုလုပ်ထားပါတယ်။ လုံးဝန်းတဲ့ သဏ္ဍာန် ကိုယ်ထည် အခြေပိုင်းကို ပိုမိုကြီးမားစေပြီး မျက်နှာပြင်ကို ဖို၊ မ ခွဲခြားပြီး ရေးဆွဲလေ့ ရှိကြပါတယ်”
“ပြိုင်ပွဲဝင် ဝတ်ဆင်ထားသော ဝတ်စုံမှာ သူငယ်တော် အက ကရာတွင် ဝတ်ဆင်သော ဝတ်စုံပြည့်ဖြစ်ပါတယ်၊၊ ရွှေလက်ကောက်၊ ရွှေခြေကျင်း၊ ရွှေဒင်္ဂါး ဆွဲကြိုးနှင့် ကရဝိတ် ခြေနင်းတော်တို့ကို ဝတ်ဆင်ထားပြီး ဆံပင်ကို ဆံရစ်ဝိုင်း ဆံနှစ်ခွ ဂျိုစောင်းမှာ စည်းထားပါတယ်”လို့ သူဇာဝင့်လွင်က ပြောပါတယ်။
ဝတ်စုံနဲ့ ပတ်သက်တဲ့ ရည်ရွယ်ချက်ကိုလည်း Miss Universe Myanmar သူဇာဝင့်လွင်က အခုလိုပဲ ဆိုပါတယ်။
“ပစ်တိုင်းထောင် အရုပ်လေးရဲ့ ထူးခြားချက်ကတော့ လဲကျသွားတိုင်း ပြန်လည် ထောင်မတ်နိုင်သလို ဘယ်လို အခြေအနေမျိုးမှာပဲဖြစ်ဖြစ် ချက်ချင်း ပြန်လည် ရုန်းထနိုင်တဲ့ မြန်မာတို့ရဲ့ စိတ်ဓာတ် ကြံ့ခိုင်မှုကို ဖော်ဆောင် ရည်ညွှန်းချင်သောကြောင့် ယခုနှစ် Miss Universe Myanmar ရဲ့ အမျိုးသားဝတ်စုံအဖြစ် ဂုဏ်ယူစွာ ဖော်ပြ တင်ဆက်လိုက်ပါတယ်ရှင်”လို့ သူဇာဝင့်လွင်က ပြောထားပါတယ်။
Miss Universe Myanmar သူဇာဝင့်လွင်ရဲ့ National Costume ကို အခက်အခဲ အမျိုးမျိုးကြားမှ သူမဆီ ရောက်ရှိဖို့ Organization မှ ကြိုးစား ပို့ဆောင်ပေးနေတယ်လို့ သိရပါတယ်။
Miss Universe Myanmar 2020 အလှမယ် သူဇာဝင့်လွင်ဟာ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ တက်ကြွစွာ ပါဝင်ခဲ့သူဖြစ်ပြီး၊ လက်ရှိ မြန်မာ့နိုင်ငံရေးအကြောင်းကိုလည်း Speak Out လုပ်ပေးနေသူ ဖြစ်ပါတယ်။
You may also like these stories:
စစ်အာဏာရှင်ကို လက်နက်ကိုင် တော်လှန်မယ့် ထားထက်ထက်
ဘဏ်တွေမှာ ငွေထုတ်ရ ခက်ခဲတဲ့အပေါ် ထုတ်ပြောလာတဲ့ မေဦး
ရဲတိုက် ဝတ်ဆင်ခဲ့တဲ့ ရှမ်းအင်္ကျီအား လေလံတင် ရောင်းချ