Entertainment

ကိုယ်တိုင်တီးတဲ့ မြန်မာ့ဆိုင်းဝိုင်းကို ထုတ်ရောင်းမယ့် ထက်အာကာ

Want create site? Find Free WordPress Themes and plugins.

“ထက်အာကာ” တေးသံစုံ မင်္ဂလာဆိုင်းကို တီးခတ်သူ ဆိုင်းဆရာ၊ အင်ဂျင်နီယာ ရွာစားလေး ထက်အာကာက သူကိုယ်တိုင် တီးနေတဲ့ လေးပြားမင်္ဂလာဝိုင်း ပဉ္စရူပ နယားကြီး အပါအဝင် ဆိုင်းတူရိယာပစ္စည်း အပြည့်အစုံကို ဒီကာလမှာ အခက်အခဲ ရှိနေတာကြောင့် ရောင်းချပေးသွားမယ်လို့ ဆိုပါတယ်။

“ဆိုင်းရောင်းပါမည် ခင်ဗျာ။ ကျနော် တီးနေတဲ့ လေးပြားမင်္ဂလာဝိုင်း ပဉ္စရူပ နယားကြီး အပါအဝင် ဆိုင်းတူရိယာပစ္စည်း အပြည့်အစုံ (လက်တင်တီး) ဆိုင်းအား ရောင်းပါမည်။ အရည်အသွေးပိုင်းကတော့ ကျနော် ကိုယ်တိုင် အသုံးပြုတဲ့ ပစ္စည်းများဖြစ်တာမို့ ကျနော့် အကြိုက်အတိုင်း ပေးမှာပါခင်ဗျာ”လို့ ဆိုင်းဆရာ ရွာစားလေး ထက်အာကာက ပြောပါတယ်။

အဆိုပါ မြန်မာ့ဆိုင်းဝိုင်းကြီးကို မြန်မာ့တူရိယာ ချစ်သူများ၊ ဂီတသင်တန်းကျောင်းများနဲ့ ဟိုတယ်တွေမှာ အလှထားရှိလိုတဲ့ လုပ်ငန်းရှင်များ စိတ်ဝင်စားပါက ဆက်သွယ် မေးမြန်းနိုင်တယ်လို့ သိရပါတယ်။

ဆိုင်းဆရာ၊ ရွာစားလေး ထက်အာကာ (ဓာတ်ပုံ – Htet Arkar’s Facebook)

“မြန်မာ့ဆိုင်းဝိုင်းကြီး ချစ်မြတ်နိုးသော ငွေကြေး ပိုလျှံတဲ့ မြန်မာ့တူရိယာချစ်သူ မိတ်ဆွေများ၊ ဂီတသင်တန်း‌ကျောင်းများ၊ ဟိုတယ်နှင့် ရိုးရာအတိုင်း အလှ ထားရှိလိုသော လုပ်ငန်းများ၊ တီးခတ်ရန်ဖြစ်စေ၊ အလှထားရန်ဖြစ်စေ မည်သို့အကြောင်းနှင့်ဖြစ်စေ ဆိုင်းဝိုင်းကြီးအား လိုအပ်သော နေရာများအတွက် စိတ်ဝင်စားသော မိတ်ဆွေများ မေးမြန်းနိုင်ပါတယ်ခင်ဗျာ”လို့ ထက်အာကာက ဆိုပါတယ်။

ရွာစာလေး ထက်အာကာ ရောင်းချမယ့် လေးပြားဝိုင်းဆိုတာ ရှေးခေတ်ကတည်းက ရွာစားကြီး စိန်ဗေဒါတို့ တီးခတ်စဉ်က ဆိုင်းဝိုင်းမျိုး ဖြစ်တယ်လို့ သိရပါတယ်။

“ထက်အာကာ” တေးသံစုံ မင်္ဂလာဆိုင်း (ဓာတ်ပုံ – Htet Arkar’s Facebook)

“လေးပြားဝိုင်းဆိုတာကတော့ ရှေးခေတ်ကတည်းက ရွာစားကြီး အဘိုးစိန်ဗေဒါတို့ တီးခတ်စဉ်က လက်ရာဖြင့် ဆိုင်းဝိုင်းမျိုး ဖြစ်ပါတယ်။ မြန်မာ့ဆိုင်းဝိုင်းကြီးတွင် လေးပြားမင်္ဂလာဆိုင်း၊ သုံးပြားမင်္ဂလာဆိုင်း၊ တစ်ပြားမင်္ဂလာဆိုင်း အစရှိသဖြင့် ရှိသည်ထဲမှ ယခုဆိုင်းသည် လေးပြားမင်္ဂလာဆိုင်း ဖြစ်ပါတယ်”လို့ သူက ဆိုပါတယ်။

အဆိုပါ လေးပြားမင်္ဂလာဆိုင်းဟာ ရွာစာလေး ထက်အာကာရဲ့ နိုင်ငံတကာ ခရီးစဉ်များစွာနဲ့ တေးသီချင်းများ၊ Project များစွာမှာ တီးခတ်ခဲ့တဲ့ ဆိုင်းဝိုင်းလည်း ဖြစ်တယ်လို့ ဆိုပါတယ်။

ဆိုင်းဆရာ၊ ရွာစားလေး ထက်အာကာ (ဓာတ်ပုံ – Htet Arkar’s Facebook)

“ကျနော့်ဆိုင်းဟာ ကျနော့်ရဲ့ နိုင်ငံတကာ ခရီးစဉ်များစွာနဲ့ တေးသီချင်းများ၊ လူသိခဲ့တဲ့ Project များစွာမှာ တီးခတ်ခဲ့တဲ့ သံယောဇဉ်ဖြစ်ရတဲ့ အမှတ်တရများစွာနဲ့ ဒီဆိုင်းကို လိုအပ်ချက်အရ ရောင်းပါရ‌စေခင်ဗျာ။ ဒီကာလမှာ လူတိုင်းခက်ခဲနေကြတဲ့အထဲ ကျနော်လည်း အပါအဝင်မို့ မတင်ချင်ဘဲ တင်လိုက်ရပါတယ်”

“စိတ်ပါဝင်စားသူ မိတ်ဆွေများ ဆက်သွယ်နိုင်ပါတယ် ခင်ဗျာ။ နိုင်ငံခြားမှ ဝယ်ယူရန် စိတ်ဝင်စားပါက နိုင်ငံအရောက် (တရားဝင်) ပို့ဆောင်ပေးသည်ထိ တာဝန်ယူပေးပါမည်”လို့ ဆိုင်းဆရာ ရွာစာလေး ထက်အာကာက ပြောထားပါတယ်။

You may also like these stories:

စွန့်ပစ်ခံ ၄ လသားအရွယ် ကလေးကို ခေါ်ယူ မွေးစားခဲ့တဲ့ ခိုင်နှင်းဝေ

အဆိုတော် ပိုပို အမြန်ဆုံး ပြန်လွတ်ဖို့ ဆုတောင်းပေးတဲ့ ဟိဏ်းသစ်

ချင်းရိုးရာ ဝတ်စုံနဲ့ ပတ်သက်ပြီး သုံးသပ်ပြခဲ့တဲ့ ဒီဇိုင်နာ အိုင်းဒီး

Did you find apk for android? You can find new Free Android Games and apps.
Loading