လက်ရှိ မြန်မာနိုင်ငံက စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ တတ်အားသရွေ့ပါဝင်နေတဲ့ အဆိုတော် ကျားပေါက်က အရင်အတိုင်း အားလုံးကို ပျော်နေစေချင်တယ်လို့ သူ့ရဲ့ လူမှုကွန်ရက် အကောင့်မှာ ရေးသားထားပါတယ်။
“ကျနော့်ကို ခင်ဗျားတို့ ဆုံးရှုံးလိုက်ရတာထက် ခင်ဗျားတို့ကို ထားခဲ့ရတာ ကျနော် ပိုထိခိုက်ရပါတယ်။ မိုးထက် ပြောသလို အားလုံးအတွက်က ကျနော် တယောက်တည်း မရှိတော့တာ။ ကျနော့်မှာက အားလုံး မရှိရတော့ခြင်းပါ။ အရင်အတိုင်း အားလုံးကို ပျော်နေစေချင်တာပါပဲ”လို့ ကျားပေါက်က ဆိုပါတယ်။
အနုပညာနဲ့ ပတ်သက်ရင် ဘယ်တော့မှ မလိမ်မညာခဲ့တာ၊ အားလုံးနဲ့ ရပ်တည်ခဲ့တာတွေကိုတော့ တသက်လုံး ဂုဏ်ယူနေပါ့မယ်လို့ ကျားပေါက်က ဆိုပါတယ်။
“သီချင်းတွေနဲ့ ပတ်သက်ပြီး အားလုံးကို ချစ်ခဲ့ရတော့ ဘယ်တော့မှ Musician မလုပ်တော့ဘူးဆိုတဲ့ နာနေတဲ့ စိတ်ဟာလည်း အချိန်တန်ရင် ပြောင်းသွားကောင်းပါရဲ့။ Art နဲ့ ပတ်သက်ရင် ဘယ်တော့မှ မလိမ်မညာခဲ့တာ၊ အားလုံးနဲ့ ရပ်တည်ခဲ့တာတွေကိုတော့ တသက်လုံး ဂုဏ်ယူနေပါ့မယ်။ ကျနော် ချန်ထားခဲ့တဲ့ သီချင်းတွေ၊ပန်းချီတွေနဲ့ ပျော်နေကြရင် ကျနော် ကျေနပ်ပါမယ်”လို့ ကျားပေါက်က ပြောထားပါတယ်။
မေလ ၂၀ ရက်နေ့ဟာ အဆိုတော် ကျားပေါက်ရဲ့ အသက် ၃၈ နှစ်ပြည့် မွေးနေ့ဖြစ်ပြီး၊ ကျားပေါက်ဟာ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ တတ်အားသရွေ့ ပါဝင်ပေးခဲ့တဲ့ အနုပညာရှင်တဦး ဖြစ်ပါတယ်။
ါ့အပြင် ကျားပေါက်ဟာ ၂၀၂၀ ခုနှစ်အတွင်းမှာ “ကြောက်ခေတ်” သီချင်းနဲ့ ယခုနှစ်၊ မတ်လအတွင်းမှာ စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့အနေနဲ့ အဆိုတော် ရေမွန်၊ နိုဗန်ထူး၊ ဟန်နေတာတို့နဲ့အတူ “Headshot” သီချင်းတို့ကို ဖန်တီး သီဆိုခဲ့ပါတယ်။
You may also like these stories:
ကျားပေါက်၊ ရေမွန်၊ နိုဗန်ထူးနဲ့ ဟန်နေတာတို့ ဖန်တီးထားတဲ့ “Headshot” သီချင်း
“အကြမ်းဖက်တာက ဒီမိုကရေစီ စနစ် မဟုတ်ဘူး”