Entertainment

“ပြေးတဲ့သူက တိုင်းပြည်အတွက် လိပ်ပြာလုံတယ်”လို့ တိုင်းကျော် ပြော

Want create site? Find Free WordPress Themes and plugins.

စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ တက်ကြွစွာ ပါဝင်ခဲ့တဲ့ “ဟား ၅ ကောင်” အဖွဲ့မှ လူရွှင်တော် တိုင်းကျော်နဲ့ ပိုးလေးက လုံခြုံတဲ့ နေရာမှာ ရှိနေတာကြောင့် ပရိသတ်တွေ စိတ်မပူကြဖို့ အခုလိုပဲ ပြောထားပါတယ်။

“ကျနော့်ကို သံယောဇဉ် ရှိတဲ့ မိသားစုတွေ အကုန် မပူပါနဲ့။ ကျနော်နဲ့ ပိုးလေး လုံခြုံနေပါသေးတယ်။ လိုက်ရှာပေါ့ကွာ။ တနိုင်ငံလုံး ငါတို့ အိမ်တွေချည်းမို့ လုံခြုံတယ်။ အေး မင်းတို့သာ လုံခြုံပါစေ။ ပြေးတဲ့သူက တိုင်းပြည်အတွက် လိပ်ပြာလုံတယ်”

“လိုက်ဖမ်းတဲ့ ခွေးတွေ လိပ်ပြာလုံပါစေ။ မင်းတို့ အနိုင်ကျင့်နေသမျှ “ဟား ၅ ကောင်” ပါးစပ် မပိတ်ဘူးဆိုတာ ပြည်သူကို သစ္စာပြုတယ်”လို့ တိုင်းကျော်က ပြောပါတယ်။

လူရွှင်တော် တိုင်းကျော် (ဓာတ်ပုံ – Taing Kyaw’s Facebook)

လိုင်းပေါ်ကနေရော၊ ဖုန်းဆက်ပြီးတော့ရော စိတ်ပူပေးကြသူတွေ အားလုံးကို တနေ့ ကျေးဇူးပြန်ဆပ်မယ်လို့ တိုင်းကျော်က ပြောထားပါတယ်။

“ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်နေရတာချင်း အတူတူ ဖုန်းဆက်ပြီးတော့ရော၊ လိုင်းပေါ်ကရော ကိုတိုင်းကျော် ဂရုစိုက်နော်ဆိုပြီး စိုးရိမ်ပေးကြတာရော၊ လိုအပ်တဲ့ အကူအညီ မှန်သမျှ ပေးနေကြတဲ့လူတွေအားလုံးကို တနေ့ ကျေးဇူးပြန်ဆပ်ပါ့မယ်။ အနုပညာနဲ့ပေါ့”လို့ တိုင်းကျော်က ပြောပါတယ်။

လူရွှင်တော် ပိုးလေးကလည်း အဆုံးသတ်တိုက်ပွဲအထိ ပြည်သူနဲ့အတူ သွားကြမယ်လို့ ဆိုပါတယ်။

လူရွှင်တော် ပိုးလေး (ဓာတ်ပုံ – Poe Lay’s Facebook)

“လောလောဆယ်တော့ ကိုတိုင်းကျော်နဲ့ ကျနော် အန္တရာယ် ကင်းနေပါသေးတယ်။ ကျနော်တို့ အဆုံးသတ် တိုက်ပွဲအထိ ပြည်သူတွေနဲ့အတူ သွားကြမယ်”လို့ ပိုးလေးက ပြောထားပါတယ်။

“ဟား ၅ ကောင်” လူရွှင်တော် အဖွဲ့မှာ တိုင်းကျော်၊ တိုးကျော်၊ ပိုးလေး၊ ဝိုင်းကျော်၊ ပြည်ကျော်တို့ ပါဝင်ပြီး၊ တိုင်းကျော်နဲ့ ပိုးလေးဟာ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ ပြည်သူနဲ့အတူ ပါဝင်ခဲ့ကြသူတွေ ဖြစ်ပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading