လက်ရှိ တောင်ကိုရီးယားနိုင်ငံကို ရောက်ရှိနေတဲ့ Makeup Artist နဲ့ Freelance Model ဟန်နာယူရီက တောင်ကိုရီးယားရောက် မြန်မာများနဲ့အတူ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ အတူ ပါဝင် ဆန္ဒပြခဲ့ပြီး အလှူငွေ ကောက်ခံပွဲနဲ့ ဆုတောင်းပွဲများမှာ ပါဝင်ခဲ့ပါတယ်။
“မြောင်ဒုန်း ဆန္ဒပြပွဲအပြီး ဂင်ဖိုမြို့၊ ဂူရယ် ဘူတာရုံရှေ့မှာ ကျင်းပသော ဆန္ဒပြပွဲ၊ အလှူငွေ ကောက်ခံပွဲနှင့် ကျဆုံးသွားသော အာဇာနည်များအား ဆုတောင်းပွဲကို ပါဝင်ခဲ့တာပါ”လို့ ဟန်နာယူရီက ဆိုပါတယ်။
ဆက်ပြီး “ကျမက ဆိုးလ်တောင် မကျွမ်းလို့ သွားလာရ ခက်ခဲပါတယ်။ ကံကောင်းစွာနဲ့ ကျမရဲ့ ကိုးရီးယားလူမျိုး သူငယ်ချင်းက ကျမနဲ့ ကျမ သူငယ်ချင်း မြန်မာကောင်မလေး၂ ယောက်ကို တနေကုန် အဝေးကြီးထိကားမောင်းလိုက်ပို့ ကူညီပေးခဲ့ပါတယ်”
“အမှန်တိုင်းပြောရရင် မနေ့က ပွဲက သူ့ကို “ကကြီးသား ကိုခန့်တို့၊ မငြိမ်းတို့အတွဲကနေ ကိုးရီးယားလူမျိုးချင်းတဆင့် ဖိတ်ကြားရက ကျမတို့ပါ အားဖြည့် လိုက်သွားခဲ့တာပါ။ မြန်မာအရေးကော စိတ်ဝင်စားပြီး ကူညီဖေးမတဲ့ ကိုရီးယားလူမျိုးတွေကို အထူးကျေးဇူးပါရှင်”လို့ ဟန်နာယူရီက ပြောပါတယ်။
ပြည်ပရောက် မြန်မာပြည်သူများနဲ့အတူ အချိန်အကြာကြီး ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့ရတဲ့အတွက် အရမ်း ခွန်အားဖြစ်မိတယ်လို့ ဟန်နာယူရီက ဆိုပါတယ်။
“ပြည်ပရောက် မြန်မာအစ်ကိုကြီးတွေ နေပူကြီးထဲမှာ မြန်မာနိုင်ငံက ပြည်သူတွေနဲ့အတူ အချိန်အကြာကြီး ပါဝင် ဆန္ဒထုတ်ဖော်ပေးတဲ့အတွက် အထူးကျေးဇူးတင် လေးစားအပ်ပါတယ်။ ကျမ မနေ့က ဆန္ဒပြပွဲတွေမှာ ပါဝင်ပြီး အရမ်းခွန်အားဖြစ်ပါတယ်။ နောက်အပတ်တွေလည်း လာခဲ့ပါမယ်ရှင်”
“ငါတို့သည် စစ်မှန်တဲ့ ဒီမိုကရေစီနဲ့ ထိုက်တန်သည်။ စစ်အာဏာရှင်စနစ် မုချ ကျဆုံးတော့မည်။ အရေးတော်ပုံ အောင်ကို အောင်မြင်မည်”လို့ ဟန်နာယူရီက ပြောထားပါတယ်။
ဒါ့အပြင် ဟန်နာယူရီဟာ ဆိုးလ်မြို့၊ တရုတ်သံရုံးရှေ့မှာလည်း မြန်မာ့နိုင်ငံအရေးအတွက် ဆန္ဒပြမှုမှာ မြန်မာ့နွေဦးတော်လှန်ရေး ထောက်ခံသူများ (ကိုရီးယား) အဖွဲ့ဝင်နဲ့အတူ သွားရောက် ပူးပေါင်းခဲ့ပြီး၊ တရုတ်သံရုံးကိုလည်း အိတ်ဖွင့်စာ ပေးခဲ့တယ်လို့ သိရပါတယ်။
မော်ဒယ် ဟန်နာယူရီကတော့ Makeup Artist နဲ့ Freelance Model တဦးဖြစ်ပြီး၊ သူကတော့ တောင်ကိုရီးယားနိုင်ငံမှာ စစ်အာဏာရှင် ဆန့်ကျင်ရေးအတွက် Speak Out လုပ်ပေးနေသူ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကလည်း သူက မင်းတပ်မြို့အတွက် ကိုရီးယားဝမ်ငွေ ၁ သိန်း လှူဒါန်းခဲ့ပါတယ်။
You may also like these stories:
မြန်မာနိုင်ငံအတွက် တောင်ကိုရီးယားမှာ အလှူငွေ ကောက်ခံပေးနေတဲ့ ဟန်နာယူရီ
မြန်မာပြည်အကြောင်း တောင်ကိုရီးယားမှာ အင်တာဗျူး ဖြေခဲ့တဲ့ ဟန်နာယူရီ