ယခု ကာလအတွင်း လူမှုကွန်ရက် မီဒီယာမှာ စိတ်ခွန်အားဖြစ်စေမယ့် စာသားများ ရေးသား တင်ပေးနေတဲ့ သရုပ်ဆောင် ခင်သဇင်က ဒီလို တင်ပေးတာဟာ အနုပညာသည် တယောက်အနေနဲ့ ကိုယ့်အလုပ်လို့ သတ်မှတ်ထားတာကြောင့်လို့ ဆိုပါတယ်။
“အခုချိန် ငွေကြေးနဲ့ တခြားအရာတွေ အဆင်မပြေတဲ့သူတွေ ရှိနေတယ်။ အဲတော့ ခွန်အားရှိမယ့် စာလေးတွေနဲ့ ငြိမ်းချမ်းစေမယ့် စာသားလေးတွေ ရွေးပြီး တင်ပေးရမှာ အနုပညာသည် တယောက် အနေနဲ့ ကိုယ့်အလုပ်လို့ သတ်မှတ်တယ်။ စာတွေချည်းပဲ တင်ရင် မဖတ်ဖြစ်မှာစိုးလို့ ပုံလေးနဲ့ စိတ်ဝင်စားအောင် တင်ပေးတယ်။ အဓိကက အားပေးစကားပြောခြင်း ဖြစ်တယ်”
“တင်ကြေးဆို ဒီထပ်လှတဲ့ အလှပုံတွေ ရိုက်တတ်ပါတယ်၊ တင်တတ်ပါတယ်။ ဒါပေမဲ့ လုပ်ဖို့ စိတ်ကူးမရှိသလို စိတ်လည်း ပါမနေလို့ တင်ဖို့လည်း ရှိမနေပါဘူး။ အဓိကက တင်ထားတဲ့ စာတွေကို ဖတ်ပါ။ ပုံက စာဖတ်ချင်အောင် ဆွဲဆောင်ခြင်း သက်သက်ပါပဲ။ ရိုးရှင်းပါတယ်”လို့ ခင်သဇင်က ဆိုပါတယ်။
ပြီးခဲ့တဲ့ ရက်အတွင်းကလည်း ခင်သဇင်က နယ်ဘက်မှာရှိတဲ့ ပြည်သူ ပရိသတ်အချို့နဲ့ တွေ့ဆုံခဲ့ပြီး၊ အဲဒီလို တွေ့ဆုံချိန်မှာ ပြည်သူတွေ ပျော်တာမြင်ရင် သူလည်း ပျော်မိတယ်လို့ ဆိုပါတယ်။

“ပြည်သူတွေ ပျော်ရင် ကျမတို့ ပျော်တယ်။ ပြည်သူတွေ ငိုရင် ကျမတို့လည်း ငိုမယ်။ အခုလိုလေးတွေ ပျော်ရွှင်နေတာ မြင်ရတော့ ကျမ ပျော်မိပါတယ်”
“ဘုရားတွေ ပေါ်က စီးပွားရေးတွေ ပြန်လည် တိုးတက်ကောင်းမွန်ပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေပဲ ဆုတောင်းပေးနိုင်ခဲ့ပါတယ်။ ဒီထက်လည်း အနုပညာအရာမှာ ပိုကြိုးစားပါ့မယ် ကတိပေးခဲ့ပါတယ်။ ဒီထက် ပိုကြိုးစားပါမယ်။ ဒီထက်လည်း ပေးဆပ်သွားပါမယ်။ ကတိပေးပါတယ်”လို့ ခင်သဇင်က ပြောပါတယ်။

ဒါ့အပြင် ခင်သဇင်က စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်ဖို့ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ကျန်းမာမှုလည်း လိုအပ်တယ်လို့ ဆိုပါတယ်။
“စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်ဖို့က ကိုယ်ပိုင်းဆိုင်ရာ ကျန်းမာမှု လိုအပ်ပါတယ်။ အခုချိန် အားလုံး ကျန်းမာစွာ ရှင်သန်နေဖို့ အရေးကြီးပါတယ်။ ကိုယ်ကာယ လေ့ကျင့်ခန်းတွေ အိမ်မှာ နိုင်သလောက် လုပ်ကြပါနော်”လို့ ခင်သဇင်က ပြောထားပါတယ်။
You may also like these story:
ဘုရားရှိခိုးနည်း ဝေမျှပေးခဲ့တဲ့ သရုပ်ဆောင် ခင်သဇင်