Entertainment
အဆိုတော် ဘင်ဂျမင်ဆုမ်း COVID-19 ကူးစက်ခံရ
အဆိုတော် ဘင်ဂျမင်ဆုမ်း (ဓာတ်ပုံ - Benjamin Sum's Facebook)
Myanmar Idol အဆိုတော် ဘင်ဂျမင်ဆုမ်းဟာ ဇွန်လ ၁ ရက်နေ့က COVID-19 ရောဂါ ကူးစက်ခံထားရကြောင်း သိရပါတယ်။
အဆိုတော် ဘင်ဂျမင်ဆုမ်းဟာ လက်ရှိ အိန္ဒိယနိုင်ငံ၊ မီဇိုးရမ်ပြည်နယ် အိုင်ဇောလ်မြို့မှာ ရောက်ရှိနေပြီး ဇွန်လ ၂ ရက်နေ့မှာ စစ်ဘေးရှောင်များကို ကူညီဖို့ ခရီးသွားရန်အတွက် COVID-19 ရောဂါ ရှိ၊ မရှိ သွားရောက် စစ်ဆေးခဲ့ရာ COVID-19 အဖြေ Positive ထွက်ရှိခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် မေလ ၂၂ ရက်နေ့ကစပြီး ဘင်ဂျမင်ဆုမ်းနဲ့ ထိတွေ့ခဲ့တဲ့သူတွေအားလုံး တာဝန်ရှိသူများထံ အကြောင်းကြားပြီး Quarantine ဝင်ရန် တိုက်တွန်းထားကြောင်း သိရပါတယ်။
ချင်းတိုင်းရင်းသား အဆိုတော်တဦး ဖြစ်တဲ့ ဘင်ဂျမင်ဆုမ်းကတော့ စစ်ဘေးရှောင် ပြည်သူများအတွက် သူတတ်နိုင်တဲ့ဘက်ကနေ အလှူငွေများ ကူညီ ထောက်ပံ့ပေးနေတဲ့ အနုပညာရှင်တဦး ဖြစ်ပါတယ်။
You may also like these stories: