Entertainment

စစ်ဘေးရှောင်များအတွက် ကျန်းမာရေးဆိုင်ရာ ပစ္စည်းများ လှူဒါန်းခဲ့တဲ့ ဆောင်းဦးလှိုင်

Want create site? Find Free WordPress Themes and plugins.

အမေရိကန်နိုင်ငံမှာ ရောက်ရှိနေတဲ့ အဆိုတော် ဆောင်းဦးလှိုင်က မြန်မာနိုင်ငံက နယ်စပ်ဒေသများရှိ စစ်ဘေးရှောင် ပြည်သူများအတွက် လိုအပ်တဲ့ ကျန်းမာရေးဆိုင်ရာ အထောက်အကူပြု ပစ္စည်းများ၊ ဆေးဝါးများ ဝယ်ယူရန် အလှူငွေ စုပေါင်းလှူဒါန်းခဲ့တဲ့အကြောင်း အခုလိုပဲ ပြောပြထားပါတယ်။

“ဒီနေ့တော့ အားလုံး ကျေနပ်အားရမယ့် သတင်းတပုဒ်ကို Share ပေးချင်ပါတယ်။ နယ်စပ်က စစ်ဘေးရှောင်စခန်းတွေမှာ ရဲဘော်တွေ၊ မိတ်ဆွေတွေ၊ လူသားတွေ အမြောက်အမြား တိမ်းရှောင် ရောက်ရှိနေကြပါတယ်။ အဲဒီထဲမှာ ဆရာဝန်တွေ၊ သက်ကြီးရွယ်အိုတွေ၊ Gen Z တွေ၊ ကလေးသူငယ်တွေ၊ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေကအစ ပါပါတယ်”

“သူတို့ တဖြည်းဖြည်းနဲ့ လူများလာတဲ့အခါ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ဖြေရှင်းစရာ အမြောက်အမြား ဖြစ်လာခဲ့ပါတယ်။ အဲဒီအခါမှာ ယနေ့ ပြည်သူ့အစိုးရ (NUG) ရဲ့ ဒုဝန်ကြီး ဒေါက်တာ ဒေါ်ရွှေပုံက တဆင့် ကျနော့်ဆီကို မေတ္တာရပ်ခံတဲ့ စာလေးတစောင် ပေးပို့လာပါတယ်”လို့ ဆောင်းဦးလှိုင်က ပြောပါတယ်။

အဆိုပါ အလှူငွေများကို သူကိုယ်တိုင် လက်ခံတာမျိုး မဟုတ်ဘဲ ပါဝင် ထည့်လှူဒါန်းပေးကြဖို့ စည်းရုံးပေးတာပါလို့ ဆောင်းဦးလှိုင်က ဆိုပါတယ်။

“အဲဒီ စစ်ဘေးရှောင် ဒုက္ခသည်တွေအတွက် ကျန်းမာရေး စောင့်ရှောက်ပေးဖို့၊ ကျန်းမာရေး အထောက်အကူပြု ပစ္စည်းတွေနဲ့ ဆေးဝါးတွေ ဝယ်ယူဖို့ အလှူငွေ လိုအပ်တာပဲ ဖြစ်ပါတယ်။ အဲဒီအခါ ကျနော် ဦးဆောင် လှုံ့ဆော်ပေးပါတယ်။ စည်းရုံးပေးပါတယ်။ ဒါပေမဲ့ ကျနော်ကိုယ်တိုင်တော့ အလှူငွေကို လက်မခံပါဘူး။ စည်းရုံးပေးတာပါ”

“ဘာတွေ ဝယ်ကြဖို့လဲဆိုတော့ အလွယ်တကူ ရွှေ့ပြောင်းလို့ရတဲ့ X-rays, ECG စတဲ့ ကျန်းမာရေး အထောက်အကူပြုဆိုင်ရာ စက်ပစ္စည်းတွေ၊ ဆေးဝါးတွေ၊ ဒါတွေကို ဝယ်ဖို့ အလှူငွေ စတင် ကောက်ခံတာ ၁ ပတ်နီးပါးမှာပဲ ပြည်ပရောက် မြန်မာများက အထူးကူညီ ပံ့ပိုးကြပါတယ်”လို့ ဆောင်းဦးလှိုင်က ပြောပါတယ်။

ယင်းကဲ့သို့ အလှူငွေများ စုပေါင်း လှူဒါန်းရာ ဆောင်းဦးလှိုင်နှင့် မိတ်ဆွေ သူငယ်ချင်းများမှ အမေရိကန်ဒေါ်လာ ၅၈၀၀ ဝန်းကျင် (ထိုင်းဘတ်ငွေ (၁၇၉,၅၂၁) ဘတ်) တိတိကို လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

“ကောက်ခံ ရရှိလာတဲ့ အလှူငွေတွေကို ကျနော်တို့ စစ်ဘေးရှောင်စခန်းတွေကို ပို့ပေးနိုင်ဖို့ ကြိုးစားခဲ့ပါတယ်။ အဲဒါမနေ့ကပဲ တချို့ အလှူငွေတွေ ရောက်ရှိသွားပါတယ်။ ကျနော်ကိုယ်တိုင် ထည့်ဝင်ပြီးတော့ ကျနော်တို့ အတန်းဖော် သူငယ်ချင်း ဆရာဝန်တွေနဲ့ တခြားသော ဂျူနီယာ၊ စီနီယာတွေလည်း ပါဝင်ပါတယ်”လို့ ဆိုပါတယ်။

“ဒါကြောင့် နယ်စပ် စစ်ဘေးရှောင် ဒုက္ခသည်စခန်းတွေမှာ ရောက်ရှိနေတဲ့ ကျနော်တို့ရဲ့ ညီအစ်ကို တိုင်းရင်းသား မောင်နှမအားလုံး မကြာခင်မှာ ကျန်းမာရေး ဝန်ဆောင်မှု တချို့ကို ပေးနိုင်တော့မယ်ဆိုတာ သတင်းကောင်းပါးပါတယ်။ အားလုံး သာဓုခေါ်ကြဖို့ ကျနော် နှိုးဆော်လိုက်ပါတယ်”လို့ ဆောင်းဦးလှိုင်က ပြောထားပါတယ်။

You may also like these stories:

“ဇိမ်ခံမနေရက်တာကြောင့် လူမှုရေး၊ နိုင်ငံရေးလောကထဲ ရောက်ခဲ့တယ်”

ချွေးနည်းစာနဲ့ ပြည်သူ့ကာကွယ်ရေးအတွက် ပါဝင်လှူမယ့် ဆောင်းဦးလှိုင်

“တိုင်းပြည် ဒုက္ခပင်လယ် ဝေတာ အရင်ကတည်းက”လို့ ဆောင်းဦးလှိုင် ပြော

Did you find apk for android? You can find new Free Android Games and apps.
Loading